daily-news ဥရောပသမဂ္ဂက အာဏာလုစစ်အုပ်စုအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ထပ်မံ သက်တမ်းတိုးလိုက်ပြီး အခြား ၁၁ နိုင်ငံကလည်း ပူးပေါင်းပါဝင် May 16, 2026 Htet Ko PSM(News) မေ ၁၅၊ ၂၀၂၆ မြန်မာနိုင်ငံတွင် အာဏာလုယူထားသည့် စစ်အုပ်စု၏ လုပ်ရပ်များကြောင့် ချမှတ်ထားသည့် အရေး ယူပိတ်ဆို့မှု များကို ဥရောပသမဂ္ဂ (EU) က ၂၀၂၇ ခုနှစ်အထိ ထပ်မံသက်တမ်းတိုးလိုက်ပြီး အခြား မဟာမိတ် ၁၁ နိုင်ငံကလည်း ယင်းဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဥရောပကောင်စီ၏ ပြီးခဲ့သည့် ဧပြီ ၂၇…
international news ဟော်မုဇ်ရေလက်ကြားတွင် တရုတ်သင်္ဘောများ ဖြတ်သန်းသွားလာခွင့် အီရန်ခွင့်ပြုဟု Fars သတင်းဌာန ဖော်ပြ May 15, 2026 Htet Ko PSM (NEWS) မေ ၁၅၊ ၂၀၂၆ အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြား အတွက် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နားလည်မှုရရှိပြီးနောက် တရုတ်သင်္ဘောအချို့ကို စတင်ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အီရန်အခြေစိုက် Farsသတင်းဌာနက ကြာသပတေးနေ့တွင် သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် စွမ်းအင်ကဏ္ဍ လွတ်လပ်စွာ စီးဆင်းနိုင်ရေးအတွက် ဟော်မုဇ်ရေလက်ကြားကို ဖွင့်လှစ်ထားရမည်ဖြစ်ကြောင်း…
international news ဒေါ်နယ်ထရန့်၏ တရုတ်နိုင်ငံခရီးစဉ် ပထမနေ့- ထိုင်ဝမ်အရေး သတိထားရန် ရှီကျင့်ဖျင် သတိပေး၊ ကုန်သွယ်ရေးနှင့် အီရန်အရေး ခေါင်းဆောင်များ ဆွေးနွေး May 15, 2026 Htet Ko PSM (NEWS) မေ ၁၅ ၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ နှစ်ရက်ကြာ တရုတ်နိုင်ငံခရီးစဉ်ကို ကြာသပတေးနေ့တွင် စတင်ခဲ့ရာ၊ တရုတ်သမ္မတ ရှီကျင့်ဖျင် က ကုန်သွယ်ရေးဆွေးနွေးမှုများတွင် တိုးတက်မှုရှိနေကြောင်း ပြောကြားခဲ့သော်လည်း ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများသည် ဆက်ဆံရေးကို အန္တရာယ်ရှိသော လမ်းကြောင်းပေါ်သို့ ရောက်ရှိစေနိုင်ပြီး ပဋိပက္ခများအထိ ဖြစ်ပွားနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။ ထိုင်ဝမ်အရေးကို ကိုင်တွယ်ရာတွင်…
international news ယူအေအီးခရီးစဉ်အတွင်း စွမ်းအင်ပိုမိုရရှိရေး မိုဒီ ဆွေးနွေးဖွယ်ရှိဟုဆို May 15, 2026 Htet Ko PSM(NEWS) မေ ၁၅ ၊၂၀၂၆ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီသည်လာမည့်သောကြာနေ့တွင်အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သို့ ခေတ္တသွားရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း ရေရှည်စွမ်းအင်ထောက်ပံ့မှု သဘောတူညီချက်များနှင့် အိန္ဒိယ၏ မဟာဗျူဟာမြောက် ရေနံအရန်သင့် သိုလှောင်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးဖွယ်ရှိကြောင်း သတင်းရင်းမြစ်များက ပြောကြားသည်။ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကမ္ဘာ့တတိယအကြီးဆုံး စွမ်းအင်တင်သွင်းသည့် အိန္ဒိယနိုင်ငံ၏ စွမ်းအင်ထောက်ပံ့မှုကွင်းဆက်များ ပြတ်တောက်လျက်ရှိရာ…
international news ဥရောပစစ်စရိတ်မြှင့်တင်မှု သံတမန်ရေးရာကို သစ္စာဖောက်ခြင်းဖြစ်ဟု ပုပ်ရဟန်းမင်းကြီး လီယို ပြစ်တင်ရှုတ်ချ May 15, 2026 Htet Ko PSM (NEWS) မေ ၁၅၊ ၂၀၂၆ ဥရောပနိုင်ငံများ၏ စစ်ရေးအသုံးစရိတ် မြင့်တက်လာခြင်းသည် သံတမန်ရေးရာကို သစ္စာဖောက်ရာရောက်ပြီး လုံခြုံရေးကို အထောက်အကူမပြုဘဲ တင်းမာမှုများကိုသာ တိုးပွားစေကြောင်း ပုပ်ရဟန်းမင်းကြီး လီယို က ကြာသပတေးနေ့တွင် ပြစ်တင်ဝေဖန်လိုက်သည်။ ရောမမြို့ရှိ ဆာပီယန်ဇာ တက္ကသိုလ် တွင် မိန့်ခွန်းပြောကြားရာ၌ ရဟန်းမင်းကြီးက ယခုကဲ့သို့ လက်နက်အင်အား တိုးချဲ့မှုကို ‘ကာကွယ်ရေးအသုံးစရိတ်’ ဟု…
daily-news ချောက်တွင် စစ်အုပ်စု တပ်ဖွဲ့ဝင် ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် May 14, 2026 Htet Ko PSM (News) မေ ၁၄၊ ၂၀၂၆ မကွေးတိုင်း၊ ချောက်မြို့နယ်တွင် အာဏာလုစစ်အုပ်စုလက်အောက်ခံ တပ်သားနှစ်ဦးသည် လက်နက် ခဲယမ်းများဖြင့် အလင်းဝင်ရောက်လာကြောင်း အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့ မေ ၁၄ ရက်တွင် ထုတ်ပြန်သည်။ လုံခြုံရေးအရ အမည်မဖော်လိုခြင်းမရှိသည့် အလင်းဝင်ရောက်လာသူ တပ်သားနှစ်ဦးသည် ၎င်းတို့နှင့် အတူ MA-1 သေနတ် တစ်လက်၊ ကျည်ဘောက် ၆ ဘောက်နှင့်…
daily-news မေလပထမပတ်အတွင်း အာဏာလုအစိုးရစစ်တပ်မှ တပ်ဖွဲ့ဝင် ၅၀ နီးပါး အလင်းဝင်ခြင်းနှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းများရှိလာ May 14, 2026 Htet Ko PSM (News) မေ ၁၄၊ ၂၀၂၆ အာဏာလုစစ်အုပ်စု၏ လက်အောက်ခံ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များသည် ရှေ့တန်းစစ်မျက်နှာပြင်များတွင် အထိနာလျက်ရှိပြီး ၂၀၂၆ ခုနှစ် မေလ ပထမပတ်အတွင်း၌ပင် အလင်းဝင်လာသူနှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ၄၉ ဦး ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင် အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။ မေလ ၁ ရက်မှ ၇…
daily-news ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးကာလ စစ်သတင်းလုံခြုံရေးစည်းကမ်းများ လိုက်နာရန် အမိန့်ထုတ် May 14, 2026 Htet Ko PSM (News) မေ ၁၄၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲလျက်ရှိသဖြင့် အရပ်ဘက်-စစ်ဘက် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုအနေဖြင့် စစ်သတင်းလုံခြုံရေးစည်းကမ်းများကို အထူး ဂရုပြု လိုက်နာကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက ယနေ့ မေ ၁၄ ရက်တွင် အမိန့်ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက်အရ သတ်မှတ်ထားသည့် စစ်ဆင်ရေးနယ်မြေအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ…
daily-news အာဏာလု စစ်အုပ်စုက ၁ နှစ်အတွင်း ကျူးလွန်မှုဖြစ်စဉ် ၁,၁၀၀ ကျော်ရှိခဲ့ပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ပွားဟု PMCSG ထုတ်ပြန် May 14, 2026 Htet Ko PSM (News) မေ ၁၄၊ ၂၀၂၆ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ၁၂ လတာကာလအတွင်း စစ်ကိုင်း၊ မကွေး၊ ရန်ကုန်နှင့် နေပြည်တော်ရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ်တွင် အာဏာလုစစ်အုပ်စုနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့အစည်းများ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်ပေါင်း ၁,၁၂၂ ကြိမ်…
daily-news နတ်မောက်-ရမည်းသင်း နယ်ခြားတွင် အာဏာလုစစ်တပ် စစ်ကြောင်းကို မိုင်း ၅ လုံးဖြင့် တိုက်ခိုက်၊ စစ်ကြောင်း တန့်သွားသည်အထိ အထိနာ May 14, 2026 Htet Ko PSM(News) မေ ၁၄၊ ၂၀၂၆ မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှ ရမည်းသင်းဘက်သို့ ပြန်လည်ထွက်ခွာလာသည့်အာဏာလုစစ်တပ် ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ဦးစီးတပ်) က ယနေ့ မေ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မိုင်း ငါးလုံးဖြင့် အချိန်ကိုက် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါစစ်ကြောင်းသည် ယနေ့ မေ ၁၄ ရက် နံနက် ၉…