Month: April 2026

ကူဝိတ်လေဆိပ်ရှိလောင်စာဆီကန်များကိုအီရန်ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့်မီးလောင်ကျွမ်း၊ထိခိုက်ဒဏ်ရာရသူမရှိ

PSM(NEWS) ဧပြီ ၁ ၊ ၂၀၂၆ ဗုဒ္ဓဟူးနေ့တွင်ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိလောင်စာဆီသိုလှောင်ကန်များကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ပြင်းထန်သော မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော်လည်းလူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ကူဝိတ်နိုင်ငံပိုင် သတင်းဌာန (KUNA) က ဖော်ပြခဲ့သည်။ အဆိုပါ လေဆိပ်နှင့် လောင်စာဆီသိုလှောင်ရုံများအပေါ် ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံရမှုများမှာ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်မီးကျယ်ပြန့်လာခြင်း၏ နောက်ဆက်တွဲ ဖြစ်ရပ်တစ်ခုဖြစ်သည်။ အီရန် သည် အစ္စရေးနိုင်ငံအပြင် အမေရိကန် စစ်အခြေစိုက်စခန်းများ…

ကသာတွင် စစ်ကော်မရှင်၏ ဗုံးကြဲမှုကြောင့် သံဃာနှင့် ပြည်သူ ၅၀ ကျော် သေဆုံးခဲ့သည့် မဟာလေးထပ်ကျောင်းကြီးကို သက်တော် ၉၀ ကျော် ဆရာတော်ကြီး လိုက်လံကြည့်ရှု

PSM (News) ဧပြီ ၁ ၊ ၂၀၂၆ စစ်ကော်မရှင်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အစုအလိုက်အပြုံလိုက် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ သမိုင်းဝင် “မဟာလေးထပ်ကျောင်းတိုက်” အပျက် အစီးများကို သက်တော် ၉၀ ကျော်အရွယ် ကျောင်းထိုင်ဆရာတော်ကြီးက တောင်ဝှေးအားပြု၍ လိုက်လံကြည့်ရှုခဲ့သည့် ရုပ်သံမှတ်တမ်း ထွက်ပေါ်လာသည်။ စစ်ကော်မရှင်သည် ပြီးခဲ့သည့် မတ်လ ၂၀…

အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် Aramco နှင့် Dow တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Sadara Chemical ထုတ်လုပ်မှုရပ်ဆိုင်း

PSM(NEWS) ဧပြီ၁ ၊ ၂၀၂၆ ဆော်ဒီအာရေဗျအစိုးရပိုင် ရေနံကုမ္ပဏီကြီးဖြစ်သော အာရမ်ကို(Aramco) နှင့် အမေရိကန် ဓာတုဗေဒလုပ်ငန်း ဒေါင်(Dow) တို့ ဖက်စပ်လုပ်ဆောင်နေသည့် ဆာဒါရာဓာတုဗေဒကုမ္ပဏီ (Sadara Chemical Company) သည် ဆက်လက်ဖြစ်ပွားနေသော ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများကြောင့် ထုတ်လုပ်မှုလုပ်ငန်းများကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ၎င်း၏လက်အောက်ခံကုမ္ပဏီတစ်ခုကအင်္ဂါနေ့တွင်ပြောကြားခဲ့သည်။ ဆာဒါရာ ဓာတုဗေဒကုမ္ပဏီသည် ဆော်ဒီအာရေဗျနိုင်ငံ၊ဂျူဘေးလ်မြို့တွင် နှစ်စဉ် ဓာတုပစ္စည်းနှင့် ပလတ်စတစ်…

အစ္စရေး၏ ပါလက်စတိုင်းများအပေါ် သေဒဏ်ပေးမည့် ဥပဒေသစ်အပေါ် EU စိုးရိမ်မကင်းဖြစ်

PSM(NEWS) ဧပြီ ၁၊၂၀၂၆ အစ္စရေးစစ်ဘက်ဆိုင်ရာ တရားရုံးများတွင် သေစေလောက်သည့် တိုက်ခိုက်မှုများဖြင့် ပြစ်ဒဏ်စီရင်ခြင်းခံရသော ပါလက်စတိုင်းလူမျိုးများအား ကြိုးပေးသတ်ဖြတ်ရန် အစ္စရေး၏ ဆုံးဖြတ်ချက်အပေါ် ဥရောပသမဂ္ဂ (EU) က အထူးစိုးရိမ်မကင်းဖြစ်မိကြောင်း အင်္ဂါနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ “ဒါဟာ သိသိသာသာ နောက်ပြန်ဆုတ်သွားတဲ့ ခြေလှမ်းတစ်ရပ်ပါပဲ” ဟု ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “အစ္စရေးအနေနဲ့ ယခင်က…

အမေရိကန်၏ စွမ်းအင်ပိတ်ဆို့မှုကြားမှ ရုရှားရေနံတင်သင်္ဘော ကျူးဘားနိုင်ငံသို့ ဆိုက်ကပ်

PSM(NEWS) ဧပြီ ၁၊၂၀၂၆ အမေရိကန်၏ စွမ်းအင်ပိတ်ဆို့မှုများ ရှိနေသော်လည်း ရုရှားရေနံတင်သင်္ဘောတစ်စင်းသည် အင်္ဂါနေ့တွင် ကျူးဘားနိုင်ငံ၊ မာတန်ဇတ်စ့်ဆိပ်ကမ်းသို့ ရေနံစိမ်း စည်ပေါင်း ၇ သိန်း ၃ သောင်း တင်ဆောင်ကာ ဆိုက်ကပ်ခဲ့သည်။ ၎င်းသည် ၃ လအတွင်း ကျူးဘားကျွန်းသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည့် ရေနံတင်သင်္ဘောဖြစ်သည်။ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်၏ အစိုးရအဖွဲ့သည်…

ဗူချာမြို့ လူသတ်ပွဲ (၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဥရောပသမဂ္ဂထိပ်တန်းသံတမန်များ ယူကရိန်းသို့ ရောက်ရှိ

PSM(NEWS) ဧပြီ ၁၊၂၀၂၆ ဥရောပသမဂ္ဂ(EU)၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ကာဂျာ ကားလတ်စ် နှင့် EU နိုင်ငံခြားရေးဝန်ကြီးများသည် ဗူချာမြို့ လူသတ်ပွဲ (၄) နှစ်ပြည့် အထိမ်းအမှတ်ကို တက်ရောက်ရန်နှင့် ယူကရိန်းအပေါ် ထောက်ခံမှုပြသရန် အင်္ဂါနေ့တွင် ကိယက်ဗ်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။ ဤခရီးစဉ်သည် ယူကရိန်းကို အကူအညီပေးရေးကိစ္စနှင့် ပတ်သက်၍ EU အဖွဲ့ဝင်နိုင်ငံများကြား သဘောထားကွဲလွဲမှုများ ရှိနေစဉ်အတွင်း…

You missed