PSM(NEWS)

ဧပြီ ၇၊ ၂၀၂၆

အမေရိကန် နျူကလီးယား စည်းမျဉ်းထိန်းသိမ်းရေး ကော်မရှင် (NRC) သည် နျူကလီးယား စက်ရုံများတွင် အေဂျင်စီကိုယ်တိုင် ဦးဆောင်ပြုလုပ်သည့် လုံခြုံရေးစစ်ဆေးမှုများကို ရပ်ဆိုင်းရန် ပြီးခဲ့သည့်အပတ်က မဲခွဲဆုံးဖြတ်ခဲ့သည်။

ယခုလုပ်ရပ်သည်နျူကလီးယားစက်ရုံများအပေါ် တိုက်ခိုက်မှုများမှ ပြည်သူများကိုကာကွယ်ရန်အစိုးရ၏ တာဝန်ဝတ္တရား ပျက်ကွက်မှုဖြစ်ကြောင်း ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကျွမ်းကျင်သူများက ဝေဖန်လျက်ရှိသည်။

NRC သည်၁၉၉၁ခုနှစ်ကတည်းက “Force-on-Force” ဟုခေါ်သည့် ကွန်မန်ဒိုစတိုင်အသွင်ယူတိုက်ခိုက်မှုများကို ဦးဆောင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး၊ စက်ရုံများ၏ လုံခြုံရေး အားနည်းချက်များကိုရှာဖွေဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါ အဆိုပါ အစီအစဉ်ကို ရပ်ဆိုင်းကာ ၂၀၂၈ခုနှစ် နောက်ပိုင်းတွင် စက်ရုံစီမံခန့်ခွဲသူများကသာ အဆိုပါလေ့ကျင့်မှုများကို ကိုယ်တိုင်လုပ်ဆောင်သွားရမည် ဖြစ်ပြီး NRC က အဝေးမှသာ ကြီးကြပ်မည်ဖြစ်သည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *