PSM(NEWS)

ဧပြီ ၈၊ ၂၀၂၆

ရုရှားဂြိုဟ်တုများသည် အရှေ့အလယ်ပိုင်းဒေသတစ်လွှားရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများနှင့် အရေးကြီးနေရာများကို ဒါဇင်နှင့်ချီ၍ အသေးစိတ်ဓာတ်ပုံရိုက်ကူး ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ပြီး၊ အဆိုပါအချက်အလက်များကို အသုံးပြု၍ အီရန်က အမေရိကန်တပ်ဖွဲ့များနှင့် အခြားပစ်မှတ်များကို တိုက်ခိုက်ရန် ကူညီပေးခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေး၏ အကဲဖြတ်ချက်အရ သိရသည်။

အဆိုပါအစီရင်ခံစာတွင် ရုရှားနှင့် အီရန်နိုင်ငံမှ ဟက်ကာ များသည် ဆိုက်ဘာနယ်ပယ်တွင်လည်း ပူးပေါင်းဆောင်ရွက်နေကြကြောင်း ဖော်ပြထားသည်။

ဤအချက်အလက်များသည် ဖေဖော်ဝါရီ၂၈ရက်တွင်အစ္စရေးနှင့် အမေရိကန်တို့၏ ထိုးစစ်များ စတင်ပြီးနောက်ပိုင်း ရုရှားက အီရန်သို့ လျှို့ဝှက်ကူညီမှုများ ပေးနေသည့်အသေးစိတ်အကျဆုံး အထောက်အထားများပင် ဖြစ်သည်။

ယူကရိန်း၏ အကဲဖြတ်ချက်အရ ရုရှားဂြိုဟ်တုများသည် မတ်လ ၂၁ ရက်မှ၃၁ရက်အတွင်းအရှေ့အလယ်ပိုင်းရှိ ၁၁ နိုင်ငံမှ နေရာဒေသ ၂၄ ခုထက်မနည်းကိုစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် အမေရိကန်စစ်အခြေစိုက်စခန်းများ၊ လေဆိပ်များနှင့် ရေနံမြေများ အပါအဝင် “ပစ်မှတ်” ၄၆ ခု ပါဝင်ခဲ့သည်။

ဂြိုဟ်တုမှ စစ်ဆေးပြီး ရက်ပိုင်းအတွင်းမှာပင် အဆိုပါအခြေစိုက်စခန်းများနှင့် ဌာနချုပ်များသည် အီရန်၏ ပဲ့ထိန်းဒုံးကျည်များနှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသည်။

ကိုးကား Reuters

By Htet Ko