PSM(NEWS) ဧပြီ ၁၆၊၂၀၂၆ ဟန်ဂေရီနိုင်ငံ ရွေးကောက်ပွဲတွင် အောင်ပွဲရရှိခဲ့သူ ပီတာ မတ်ဂျာ က ၎င်း၏ အစိုးရအဖွဲ့ အာဏာရရှိလာပါက နိုင်ငံပိုင်မီဒီယာ ထုတ်လွှင့်မှုများကို ရပ်ဆိုင်းမည်ဖြစ်ပြီး မီဒီယာဥပဒေသစ်တစ်ရပ်ကို အတည်ပြုပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်းပြောကြားလိုက်သည်။ သို့သော်လည်း ၎င်းအနေဖြင့် သတင်းလွတ်လပ်ခွင့်ကိုမူ အာမခံချက်ပေးမည်ဟု ဆိုသည်။ ဧပြီလ ၁၃ ရက်နေ့က ပြောကြားခဲ့သော မိန့်ခွန်းတွင် ပီတာ မတ်ဂျာ က ၎င်း၏ လူများစုအစိုးရသစ် လက်ထက် ပထမဆုံး လုပ်ဆောင်မည့် အစီအမံများထဲမှ တစ်ခုမှာ ဓမ္မဓိဋ္ဌာန်ကျပြီး ဘက်လိုက်မှုကင်းသော သတင်းတင်ဆက်မှုများကို သေချာစွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးမီအထိ ပြည်သူ့မီဒီယာ ထုတ်လွှင့်မှုများကို ခေတ္တရပ်ဆိုင်းထားရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကိုးကား Reuters Post navigation သီရိလင်္ကာတွင် ကယ်ဆယ်ထားသည့် အီရန်ရေတပ်ဖွဲ့ဝင်များ နေရပ်သို့ ပြန်လည်ထွက်ခွာ ယူအေအီး သို့ ပေးဆပ်ရန် ကြွေးမြီများရှိနေစဉ် ဆော်ဒီအာရေဗျက ပါကစ္စတန်အား ဒေါ်လာ ၃ ဘီလီယံ ထောက်ပံ့ကူညီ