PSM (News)

ဧပြီ ၁၄ ၊ ၂၀၂၆

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မဲသဝေါဒေသရှိ စစ်ကော်မရှင်တပ်၏ အရေးပါသော ကြယ်ပြောင်ခြေကုပ် စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြယ်ပြောင်စခန်းသည် ထိုင်း-မြန်မာနယ်စပ်အနီးရှိ ပွိုင့် (၉၆၂) ဗျူဟာကုန်းကို ကာကွယ်ပေးထားသည့် အဓိကကာကင်းစခန်းတစ်ခုဖြစ်ပြီး၊ တော်လှန်ရေးတပ်ဖွဲ့များက ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များ၊ မိုင်းများ၊ ကျည်ဆန်များနှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ထုတ်ပြန်ထားသည်။

KNU တပ်မဟာ (၇) နယ်မြေအတွင်းရှိ အဆိုပါစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်အတူ ABSDF ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ KNLA ပူးပေါင်းတပ်ဖွဲ့များသည် ဧပြီ ၇ ရက်တွင် ပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိ လက်ယက်စခန်းနှင့် ဧပြီ ၁၂ ရက်တွင် မွန်ပြည်နယ် ဘီးလင်းမြို့ နယ်ရှိ လေးကေစခန်းတို့ကိုလည်း အသီးသီး တိုက်ခိုက်သိမ်းပိုက်ထားသည်။

ဓာတ်ပုံ-ABSDF

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *