PSM(NEWS)

ဧပြီ ၃၀၊၂၀၂၆

အမေရိကန် စစ်ဘက်ဆိုင်ရာဝန်ကြီး ပိထ် ဟက်ဆက်သ်က အိုဘားမားအစိုးရလက်ထက်တွင် ချုပ်ဆိုခဲ့သည့် အီရန်နျူကလီးယားသဘောတူညီချက်ကို “အလွန်ဆိုးရွားသော သဘောတူညီချက်” ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ ယင်းသဘောတူညီချက်သည် ဒေသတွင်းအကြမ်းဖက်မှုများနှင့် ကြားခံစစ်ပွဲများကို တိုက်ရိုက်ငွေကြေးထောက်ပံ့ပေးရာရောက်ခဲ့သည်ဟု ဆိုသည်။

၎င်းက “ဒီသဘောတူညီချက်ဟာ အီရန်ကို ငွေသားအလုံးအရင်း ကြိုတင်ပေးလိုက်တာပါ။ အဲဒီငွေတွေဟာ ဒေသတွင်းမှာရှိတဲ့ သူတို့ရဲ့ ကြားခံအဖွဲ့အစည်းတွေဖြစ်တဲ့ ဟားမတ်စ်နဲ့ ဟစ်ဇ်ဘိုလာ တို့ကို ထောက်ပံ့ဖို့၊ နယ်မြေချဲ့ထွင်ဖို့နဲ့ နျူကလီးယားစွမ်းဆောင်ရည် မြှင့်တင်ဖို့အတွက် လမ်းဖွင့်ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ဆက်လက်၍ “သမ္မတ ဒေါ်နယ် ထရမ့်ဟာ ဒီကိစ္စနဲ့ပတ်သက်ရင် ပြတ်သားတဲ့ အမြင်ရှိပါတယ်။ နျူကလီးယားလက်နက်ရရှိဖို့ အစွမ်းကုန်ကြိုးစားနေတဲ့ ဒီလိုရန်သူမျိုးကို ခေါင်းငုံ့မခံဘဲ ရင်ဆိုင်ရပါမယ်။ သူတို့အနေနဲ့ နျူကလီးယားလက်နက်ကို လုံးဝ မပိုင်ဆိုင်နိုင်တော့ဘူးဆိုတာ သေချာစေမယ့် အခြေအနေမျိုးရောက်မှသာ ဆွေးနွေးပွဲစားပွဲဝိုင်းဆီ ခေါ်ဆောင်လာရမှာ ဖြစ်ပါတယ်” ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

ကိုးကား Fox News

By Htet Ko

You missed