PSM(NEWS) ဧပြီ ၃၀၊၂၀၂၆ မာလီနိုင်ငံ၏ မြို့တော် ဘာမာကို အပါအဝင် နေရာအနှံ့အပြားတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပူးပေါင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် မာလီရောက် ပြင်သစ်နိုင်ငံသားများ အနေဖြင့် နိုင်ငံအတွင်းမှ “အမြန်ဆုံး ထွက်ခွာကြရန်” ပြင်သစ်အစိုးရက တိုက်တွန်းနှိုးဆော်လိုက်သည်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခရီးသွားလာမှုဆိုင်ရာ နောက်ဆုံးထုတ်ပြန်ချက်တွင် မာလီနိုင်ငံ၏ လုံခြုံရေးအခြေအနေမှာ များစွာမတည်မငြိမ် ဖြစ်နေကြောင်း ဖော်ပြထားသည်။ ထွက်ခွာရန် ပြင်ဆင်နေစဉ်အတွင်း ပြင်သစ်နိုင်ငံသားများအနေဖြင့် မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ကြရန်၊ သွားလာမှုများကို ကန့်သတ်ရန်နှင့် ဒေသအာဏာပိုင်များ၏ ညွှန်ကြားချက်များကို လိုက်နာရင်း မိသားစုဝင်များကို သတင်းအချက်အလက် ပေးပို့ထားရန် အကြံပြုထားသည်။ ထို့အပြင် မာလီနိုင်ငံသို့ မည်သည့် ခရီးစဉ်မျိုးမဆို သွားရောက်ခြင်းကို ပြင်းထန်စွာ တားမြစ်ထားသည်။ ပြီးခဲ့သည့် စနေနေ့က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများတွင် အနောက်အာဖရိက အခြေစိုက် အယ်လ်ကေးဒါး အဖွဲ့ဝင်များနှင့် တူအာရက်ဂ်ခွဲထွက်ရေးအဖွဲ့တို့သည် မာလီအစိုးရ၏ အဓိက စစ်အခြေစိုက်စခန်းနှင့် ဘာမာကိုလေဆိပ်အနီးရှိ နေရာများကို တိုက်ခိုက်ခဲ့ကြသည်။ ထို့အပြင် နိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာမြောက် ကီဒါးမြို့မှ ကူညီနေသော ရုရှားတပ်ဖွဲ့များကိုလည်း တိုက်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ မာလီစစ်အစိုးရခေါင်းဆောင်ကမူ ယခုတိုက်ခိုက်မှုများအတွက် တာဝန်ရှိသူများကို “အမြစ်ပြတ်ချေမှုန်းသွားမည်” ဟု အင်္ဂါနေ့တွင် ကတိပြုပြောကြားခဲ့သည်။ ကိုးကား Reuters Post navigation မန်ဒယ်လ်ဆန်နှင့် ပတ်သက်၍ ဝန်ကြီးချုပ် စတာမာကို စုံစမ်းစစ်ဆေးရန် တင်ပြချက် ဗြိတိန်လွှတ်တော် ပယ်ချ အီရန်ရေနံအပေါ် အမေရိကန်၏ ဖိအားပေးမှု မြင့်တက်လာပြီး တရုတ်နိုင်ငံ Hengli ကုမ္ပဏီကို ပိတ်ဆို့အရေးယူ