international news ကြားဝင်စေ့စပ်မှုများရှိနေသော်လည်း အီရန်၏ ညှိနှိုင်းမှုသဘောထား ပိုမိုတင်းမာလာဟုသတင်းရင်းမြစ်များဆို March 25, 2026 Htet Ko PSM(NEWS) မတ် ၂၅၊ ၂၀၂၆ စစ်ပွဲစတင်ကတည်းကအီရန်၏ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာရပ်တည်ချက်သည်သိသိသာသာတင်းမာခက်ထန်လာကြောင်း၊ဆုံးဖြတ်ချက်ချမှတ်ရာတွင်တော်လှန်ရေးအစောင့်တပ်၏ဩဇာလွှမ်းမိုးမှုပိုမိုကြီးမားလာပြီးအကယ်၍ကြားဝင်စေ့စပ်မှုများမှတစ်ဆင့်အလေးအနက်ထားဆွေးနွေးမှုများပေါ်ပေါက်လာပါက အမေရိကန်ထံမှ သိသာထင်ရှားသောလိုက်လျောမှုများကိုတောင်းဆိုသွားမည်ဖြစ်ကြောင်းတီဟီရန်ရှိအဆင့်မြင့်သတင်းရင်းမြစ် သုံးခုက ပြောကြားခဲ့သည်။ အမေရိကန်နှင့် မည်သည့်ဆွေးနွေးပွဲတွင်မဆို အီရန်အနေဖြင့် စစ်ပွဲရပ်တန့်ရေးကိုသာမက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အတွက် လက်ခံရန် ခက်ခဲနိုင်သည့် အချက်များကိုပါ တောင်းဆိုဖွယ်ရှိသည်။ ယင်းတို့တွင် နောင်တွင် စစ်ရေးအရ ထပ်မံတိုက်ခိုက်ခြင်း မပြုရန် အာမခံချက်များ၊စစ်ပွဲအတွင်းဆုံးရှုံးမှုများအတွက်လျော်ကြေးပေးရန်နှင့်ဟော်မုဇ်ရေလက်ကြားကိုတရားဝင်ထိန်းချုပ်ခွင့်ပေးရန်တို့ပါဝင်ကြောင်းအဆိုပါသတင်းရင်းမြစ်များက ဆိုသည်။ ထို့အပြင် အီရန်သည် ၎င်း၏…
daily-news ကျောက်ပန်းတောင်းတွင် စစ်တပ်က ပြည်သူ ၅ ဦးကို အသားစိုင်များ ခြစ်ထုတ်လှီးဖြတ်၍ ရက်စက်စွာ သတ်ဖြတ်ပြီး PDF ယူနီဖောင်းများ ဝတ်ဆင်ပေးထား March 25, 2026 Htet Ko မောင်မောင်ကဲ/PSM(News) မတ် ၂၅၊ ၂၀၂၆ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင်ပင်ကြီးကျေးရွာတွင် စစ်ကော်မရှင်တပ်(စစ်တပ်)က ဒေသခံပြည်သူ ငါး ဦးကို ဖမ်းဆီးပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ခုတ်ထစ်ခြစ်ထုတ်ခြင်း အပါအဝင် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ စစ်ကော်မရှင်တပ်သည် အင်ပင်ကြီးရွာရှိ အမျိုးသမီး တစ်ဦး အပါအဝင် ဒေသခံ ငါး ဦးကို ပြီးခဲ့သည့် မတ်လ ၁၈…
international news မူးယစ်ဂိုဏ်းချုပ်ကိုင်နေသည့် ကိုရီးယား ‘မူးယစ်ရာဇာ’ ကို တောင်ကိုရီးယားသို့ ပြန်လည်လွှဲပြောင်းပေးအပ် March 25, 2026 Htet Ko PSM(NEWS) မတ် ၂၅ ၊၂၀၂၆ ဖိလစ်ပိုင်နိုင်ငံရှိ အကျဉ်းထောင်အတွင်းမှနေ၍ တောင်ကိုရီးယားနိုင်ငံအတွင်းမူးယစ်ဆေးဝါးဖြန့်ဖြူးမှုကွန်ရက်ကို ကြိုးကိုင်နေသည်ဟု စွပ်စွဲခံထားရသည့် “မူးယစ်ရာဇာ” တစ်ဦးကို ဗုဒ္ဓဟူးနေ့တွင်ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်းတောင်ကိုရီးယားရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသား သုံးဦးကို သတ်ဖြတ်မှုဖြင့် ထောင်ဒဏ် အနှစ် ၆၀ ကျခံနေရသူပတ်ဝမ်ယောကို ယခုလအစောပိုင်းက ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲတွင် သမ္မတ လီဂျေမြောင် က ဖိလစ်ပိုင်သမ္မဖာဒီနန် မားကို့စ် ဂျူနီယာထံ တောင်းဆိုခဲ့ပြီးနောက်ဗုဒ္ဓဟူးနေ့တွင်ယာယီတရားခံလွှဲပြောင်းမှုစနစ်ဖြင့်…
international news ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခကြောင့် နှစ်ပေါင်း ၁,၀၀၀ သက်တမ်းရှိ ရှေးဟောင်းဘုရားကျောင်း ပြိုကျပျက်စီးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရ March 25, 2026 Htet Ko PSM(NEWS) မတ်၂၅၊၂၀၂၆ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား ဖြစ်ပွားခဲ့သည့် ပြင်းထန်သော နယ်စပ်တိုက်ပွဲများ အပစ်အခတ်ရပ်စဲခဲ့သည်မှာ သုံးလခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဒါန်းရက် တောင်တန်းပေါ်ရှိ ၅၂၅ မီတာမြင့်သော ချောက်ကမ်းပါးထက်တွင် တည်ရှိသည့် ၁၁ ရာစုလက်ရာ ပရယ်ဝိဟီယာဘုရားကျောင်းတွင်မူ တိုက်ပွဲဒဏ်ရာဒဏ်ချက်များကို ထင်ထင်ရှားရှား မြင်တွေ့နေရဆဲဖြစ်သည်။ အဆိုပါ အိမ်နီးချင်း အရှေ့တောင်အာရှ နှစ်နိုင်ငံသည် ပရယ်ဝိဟီယာဘုရားကျောင်းနှင့် ပတ်သက်၍ ဆယ်စုနှစ်ပေါင်းများစွာ အငြင်းပွားကာ…
international news အမေရိကန်နှင့် အီရန်ကြား ကာတာက တိုက်ရိုက်ကြားဝင်စေ့စပ်ပေးနေခြင်းမရှိဟုဝန်ကြီးဌာပြောရေးဆိုခွင့်ရှိသူ ပြောကြား March 25, 2026 Htet Ko PSM(NEWS) မတ် ၂၅၊၂၀၂၆ အမေရိကန်ပြည်ထောင်စုနှင့်အီရန်နိုင်ငံတို့အကြားကာတာနိုင်ငံအနေဖြင့်တိုက်ရိုက်ကြားဝင်စေ့စပ်ပေးနေခြင်းမရှိသော်လည်း စစ်ပွဲအဆုံးသတ်နိုင်ရေးအတွက်တရားဝင်နှင့်တရားမဝင်သံတမန်ရေးရာလမ်းကြောင်းအားလုံးကိုကာတာကထောက်ခံအားပေးလျက်ရှိကြောင်းကာတာနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကအင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်ဘက်ကအီရန်နှင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနှစ်ဖက်စလုံးတွင်“အဓိကသဘောတူညီချက်များ” ရှိနေကြောင်း သမ္မတ ဒေါ်နယ်ထရန့်က တနင်္လာနေ့တွင် သတင်းထောက်များကိုပြောကြားခဲ့သော်လည်းအီရန်အစိုးရကမူမည်သည့်ဆွေးနွေးပွဲမျှ မပြုလုပ်ခဲ့ကြောင်း ငြင်းဆိုထားသည်။ ကာတာနိုင်ငံသည် အကျပ်အတည်းကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် အမေရိကန်နှင့်အနီးကပ်ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ မာဂျက်အယ်လ်အန်ဆာရီက ဒိုဟာမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အမေရိကန်အစိုးရနဲ့အနီးကပ်ထိတွေ့ဆက်ဆံနေပါတယ်။သူတို့ကတော့ဒေသတွင်းလုံခြုံရေးနဲ့သက်ဆိုင်တယ်လို့ယူဆတဲ့စံနှုန်းတွေအပေါ်မူတည်ပြီးစစ်ပွဲဆင်နွှဲဖို့ဆုံးဖြတ်ခဲ့တာပါ” ဟု ၎င်းက…
international news တစ်နှစ်ကျော်ကြာထိန်းသိမ်းခံထားရသည့် အမေရိကန်နိုင်ငံသား ဒန်းနစ်ကွိုင်ကို အာဖဂန်နစ္စတန် ပြန်လည်လွှတ်ပေး March 25, 2026 Htet Ko PSM(NEWS) မတ် ၂၅၊၂၀၂၆ အာဖဂန်နစ္စတန်ရှိတာလီဘန်အာဏာပိုင်များသည်တစ်နှစ်ကျော်ကြာထိန်းသိမ်းထားသည့် အမေရိကန်ပညာရှင် ဒန်းနစ်ကွိုင် ကိုအင်္ဂါနေ့တွင်ပြန်လည်လွှတ်ပေးခဲ့သည်။ အစ္စလာမ်ဘာသာဝင်တို့၏ ဝါတွင်းကာလ ရာမာဒန်လအကုန်အိဒ်ဒူဖီတာအထိမ်းအမှတ်အဖြစ်ယခုကဲ့သို့လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အမေရိကန်ပညာရှင်သည်၎င်း၏မိသားစုဝင်များ၏မေတ္တာရပ်ခံချက်နှင့်အာဖဂန်နစ္စတန်တရားလွှတ်တော်ချုပ်က“ယခင်ကျခံခဲ့ရသည့်ထောင်ဒဏ်မှာလုံလောက်မှုရှိသည်” ဟုသုံးသပ်ခဲ့ပြီးနောက်မြို့တော်ကဘူးလ်တွင်ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ ဒန်းနစ်ကွိုင်သည်၂၀၂၅ခုနှစ်၊ဇန်နဝါရီလတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။ ၎င်းအားအာဖဂန်အာဏာပိုင်များကဥပဒေချိုးဖောက်မှုဖြင့်စွပ်စွဲခဲ့သော်လည်းမည်သည့်ဥပဒေကို ချိုးဖောက်ခဲ့သည်ဆိုခြင်းအား တိတိပပထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကယခုလွတ်မြောက်မှုကိုကြိုဆိုခဲ့သည်။ “သမ္မတဒေါ်နယ်ထရန့်ဟာပြည်ပနိုင်ငံတွေမှာမတရားဖမ်းဆီးထိန်းသိမ်းခံနေရတာတွေကိုအဆုံးသတ်ဖို့ကတိကဝတ်ပြုထားပါတယ်။ဒန်းနစ်ဟာသမ္မတရဲ့ဒုတိယသက်တမ်း၁၅လအတွင်းလွတ်မြောက်လာတဲ့အမေရိကန်နိုင်ငံသား၁၀၀ကျော်ထဲကတစ်ဦးဖြစ်ပါတယ်”ဟုမာကိုရူဘီယိုကထည့်သွင်းပြောကြားခဲ့သည်။ ယခုလအစောပိုင်းတွင်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကအာဖဂန်နစ္စတန်နိုင်ငံကို “ဓားစာခံသံတမန်ရေးရာ (Hostage Diplomacy)”ကျင့်သုံးပြီးအမေရိကန်နိုင်ငံသားများကိုမတရားဖမ်းဆီးသည့်နိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်။ အာဖဂန်နစ္စတန်သည် အီရန်နိုင်ငံကဲ့သို့ပင်နိုင်ငံရေးအရအလျှော့အတင်းပြုလုပ်နိုင်ရန်အမေရိကန်နိုင်ငံသားများကိုဖမ်းဆီးထားသည့်နိုင်ငံအဖြစ်အမေရိကန်၏ စာရင်းသွင်းခြင်းကို ခံခဲ့ရသည်။…
international news ရုရှား၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းတွင် လူငါးဦး သေဆုံးပြီး မော်လ်ဒိုဗာ၏ လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက် March 25, 2026 Htet Ko PSM(NEWS) မတ် ၂၅၊၂၀၂၆ ယူကရိန်းနိုင်ငံအတွင်း ရုရှား၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူငါးဦး သေဆုံးကာ နေအိမ်များ ပျက်စီးခဲ့ပြီး မော်လ်ဒိုဗာနှင့် ဥရောပကို ဆက်သွယ်ထားသည့် လျှပ်စစ်ဓာတ်အားလိုင်း အပါအဝင် စွမ်းအင်ထောက်ပံ့မှုများ ပြတ်တောက်သွားကြောင်း တာဝန်ရှိသူများက မတ်လ ၂၄ ရက်၊ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ဒေသ၁၁ခုတွင်ပျက်စီးဆုံးရှုံးမှုများရှိကြောင်းထုတ်ပြန်ခဲ့ပြီးလေကြောင်းရန်ကာကွယ်ရေး လက်နက်ခဲယမ်းများထောက်ပံ့ပေးရန် မဟာမိတ်များထံထပ်မံတောင်းဆိုလိုက်သည်။…
ရုပ်သံသတင်း 𝐏𝐒𝐌 𝐍𝐞𝐰𝐬 – နိုင်ငံတကာသတင်း (24.3.2026) March 24, 2026 Htet Ko https://www.youtube.com/watch?v=6pUJLHaAWF0
ရုပ်သံသတင်း 𝐏𝐒𝐌 𝐍𝐞𝐰𝐬 – ရုပ်သံသတင်းအစီအစဉ်(24.3.2026) March 24, 2026 Htet Ko https://www.youtube.com/watch?v=Xa7B95vS5u4
international news ဘီလာရုစ်တွင်ရုရှား၏အဝေးထိန်းဒရုန်းစခန်းများ ဖွင့်လှစ်ရန် ပူတင် စီစဉ်နေကြောင်း ဇီလန်းစကီး ပြောကြား March 24, 2026 Htet Ko PSM(NEWS) မတ် ၂၄ ၊၂၀၂၆ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် သည်ဘီလာရုစ်နိုင်ငံအတွင်းအဝေးရောက်တိုက်ခိုက်ရေးဒရုန်းများအတွက်မြေပြင်ထိန်းချုပ်ရေးစခန်းလေးခုဖွင့်လှစ်ရန်စီစဉ်နေကြောင်း ယူကရိန်းစစ်ဘက်ထောက်လှမ်းရေးသတင်းကို ကိုးကား၍ သမ္မတ ဗိုလိုဒီမာဇီလန်းစကီးကပြောကြားလိုက်သည်။ “ဒီကိစ္စအတွက် တုံ့ပြန်မှုတွေ ရှိလာမှာပါ။အဲဒီတုံ့ပြန်မှုတွေကိုလည်း သူတို့ ခံစားရပါလိမ့်မယ်” ဟု ဇီလန်းစကီးက ဆိုသည်။ ရုရှား၏ရေရှည်မဟာမိတ်ဖြစသော ဘီလာရုစ်သည်စစ်ပွဲအတွင်း တိုက်ရိုက်ပါဝင်ရန်ဝန်လေးနသော်လည်း ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ကျူးကျော်မှုစတင်စဉ်ကရုရှားတပ်ဖွဲ့များကို ၎င်း၏နယ်မြေအတွင်း ဖြတ်သန်းခွင့်ပြုခဲ့သည်။ ထို့အပြင်…