Month: March 2026

မြန်မာစစ်တပ်၏ လက်နက်ပွဲစား Synpex Shwe ကွန်ရက်သည် အီရန်ဒရုန်းထုတ်လုပ်မှုကွင်းဆက်နှင့် ဆက်နွှယ်နေကြောင်း ဖော်ထုတ်ခံရ

PSM(News) မတ် ၂၄၊ ၂၀၂၆ မြန်မာစစ်တပ်အတွက် လက်နက်နှင့် စစ်ဘက်ဆိုင်ရာ အပိုပစ္စည်းများ တင်သွင်းပေးနေသည့် Synpex Shwe (SS) ကုမ္ပဏီကွန်ရက်သည် အီရန်ထုတ် Sayyad-107 ဒရုန်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဂျပန်ထုတ်မော်တာများကို စင်ကာပူရှိ ၎င်းတို့၏ ကုမ္ပဏီခွဲမှတစ်ဆင့် ဝယ်ယူထောက်ပံ့ပေးခဲ့ကြောင်း Conflict Armament Research (CAR) နှင့် Justice For…

မိုးကုတ်မြို့အနောက်ပိုင်း တိုက်ပွဲများပြင်းထန်နေပြီး PLA နှင့် မဟာမိတ်တပ်များက စစ်ကော်မရှင်တပ်ကို အသာစီးရယူတိုက်ခိုက်

PSM(News) မတ် ၂၄၊ ၂၀၂၆ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်းရှိ စစ်ကော်မရှင်၏ အထိုင်စခန်းများကို ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (PLA) နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက လပေါင်းများစွာကြာ ပူးပေါင်း တိုက်ခိုက်လျက်ရှိရာ စစ်ကော်မရှင်ဘက်မှ အထိနာနေကြောင်း PLA ထံမှ သိရသည်။ လက်ရှိတွင် မိုးကုတ်မြို့ရှိ ကျောက်နဂါး၊ ကျောက်ပုတ်နှင့် ကုလားကုန်းဒေသများ၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုများ…

မြောက်ကိုရီးယား၏နျူကလီးယားအဆင့်အတန်းသည်နောက်ပြန်လှည့်၍မရတော့ကြောင်းကင်ဂျုံအန်းပြောကြား၊တောင်ကိုရီးယားကို ခြိမ်းခြောက်

PSM(NEWS)မတ် ၂၄ ၊၂၀၂၆ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအင်အားကို အမြဲတမ်းခိုင်မာအောင်တည်ဆောက်သွားမည်ဖြစ်ပြီးတောင်ကိုရီးယားကိုအဓိကရန်သူအဖြစ်သတ်မှတ်သွားမည်ဖြစ်ကြောင်းခေါင်းဆောင်ကင်ဂျုံအန်းကလွှတ်တော်တွင် ပြောကြားသည့် မူဝါဒဆိုင်ရာ မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်ဟုမြောက်ကိုရီးယားအစိုးရပိုင်KCNAသတင်းဌာနကအင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။မြောက်ကိုရီးယား၏နျူကလီးယားပိုင်ဆိုင်ထားသည့်နိုင်ငံအဆင့်အတန်းမှာနောက်ပြန်လှည့်၍မရနိုင်တော့ကြောင်းနှင့် “မိမိကိုယ်ကိုယ် ကာကွယ်သည့် နျူကလီးယား ဟန့်တားမှုစွမ်းရည်”ကိုတိုးမြှင့်ခြင်းသည် အမျိုးသားလုံခြုံရေး၊ ဒေသတွင်းတည်ငြိမ်ရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်မရှိမဖြစ်လိုအပ်ကြောင်းကင်ဂျုံအန်းက ပြောဆိုခဲ့သည်။နျူကလီးယား ဖျက်သိမ်းရေးကို စီးပွားရေးအကျိုးအမြတ်သို့မဟုတ် လုံခြုံရေးအာမခံချက်များနှင့် လဲလှယ်ရန်စိတ်ကူးကိုလည်း၎င်းက ပယ်ချခဲ့သည်။ မြောက်ကိုရီးယားအနေဖြင့်ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်နေစဉ်အတွင်း နျူကလီးယားအင်အားကို ထိန်းသိမ်းထားခြင်းသည်မှန်ကန်သည့်မဟာဗျူဟာမြောက်ရွေးချယ်မှုဖြစ်ကြောင်းသက်သေပြခဲ့ပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။“အချုပ်အခြာအာဏာပိုင်နိုင်ငံများရဲ့ဂုဏ်သိက္ခာနဲ့အခွင့်အရေးတွေကိုတစ်ဖက်သတ်အင်အားသုံးအကြမ်းဖက်မှုတွေနဲ့ရက်ရက်စက်စက်ချိုးဖောက်နေတဲ့လက်ရှိကမ္ဘာ့အခြေအနေကနိုင်ငံတစ်နိုင်ငံရပ်တည်ရှင်သန်နိုင်ရေးနဲ့ငြိမ်းချမ်းရေးအတွက်ဘာကအစစ်အမှန်အာမခံချက်လဲဆိုတာကိုရှင်းရှင်းလင်းလင်းသင်ခန်းစာပေးနေပါတယ်”ဟုကင်ဂျုံအန်းကတနင်္လာနေ့တွင်ကျင်းပသည့်အမြင့်ဆုံးပြည်သူ့လွှတ်တော် (Supreme People’s…

ကျောက်ကြီးတွင် ၃ လအတွင်း စစ်ကော်မရှင်တပ်စခန်း ၂ ခုကို KNU သိမ်းပိုက်၊ စစ်မှုထမ်းရန် ဖမ်းဆီးခံရသူ ၄၁ ဦး အလင်းဝင်

PSM(News)မတ် ၂၄၊ ၂၀၂၆ ပဲခူးတိုင်း၊ ကျောက်ကြီးမြိုနယ်(လယ်ဒို)တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီမှ မတ်လအထိ ၃ လတာကာလ အတွင်း စစ်ကော်မရှင်၏ တပ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်မှုထမ်းရန် အဓမ္မဖမ်းဆီး ခံထားရသူ ၄၁ ဦး အလင်းဝင်ရောက်လာကြောင်းကရင်အမျိုးသားအစည်း (KNU) က ထုတ်ပြန်သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သည် လယ်ဒိုမြို့နယ်အတွင်းရှိ…

အီရန်နှင့် စစ်ပွဲအဆုံးသတ်ရေး အပေးအယူလုပ်ရန် ဒေါ်နယ်ထရမ့် ပြောကြား၊ အီရန်ဘက်မှ ငြင်းဆို

PSM(NEWS) မတ်၂၄၊၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အီရန်နိုင်ငံအနေဖြင့် စစ်ပွဲကို အဆုံးသတ်ရန်သဘောတူညီချက်ရယူလိုနေပြီဟုပြောကြားလိုက်သော်လည်း၊အီရန်အာဏာပိုင်များဘက်မှမူမည်သည့်ဆွေးနွေးညှိနှိုင်းမှုမျှမရှိကြောင်းငြင်းဆိုထားသည်။ ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးတွင်အရေးပါသည့်ဟော်မုဇ်ရေလက်ကြားကိုပြန်လည်ဖွင့်လှစ်ရန်အီရန်အားပေးထားသည့်နောက်ဆုံးသတ်မှတ်ရက်ကို ထရမ့်က ၅ ရက် ထပ်မံတိုးမြှင့်ပေးလိုက်ပြီး၊ထိုကာလအတွင်းအီရန်၏လျှပ်စစ်ဓာတ်အားပေးစက်ရုံများကိုတိုက်ခိုက်မည့်အစီအစဉ်ကိုဆိုင်းငံ့ထားမည်ဟု ဆိုသည်။ ကိုးကား AP

တရုတ်နိုင်ငံ၏ Sinopec သည် အီရန်ရေနံကို ဝယ်ယူမည်မဟုတ်ဘဲ နိုင်ငံတော်အရန်ဆီကိုသာ ထုတ်သုံးရန် ကြိုးပမ်းနေ

PSM(NEWS) မတ် ၂၄၊၂၀၂၆ တရုတ်နိုင်ငံ၏ ပြည်သူပိုင် ရေနံချက်စက်ရုံဖြစ်သော Sinopec သည် အီရန်ရေနံကို ဝယ်ယူရန် ရည်ရွယ်ချက်မရှိကြောင်း၊ သို့သော် နိုင်ငံတော်အရန်ဆီများကို ထုတ်သုံးခွင့်ရရန် ဖိအားပေးလျက်ရှိကြောင်း အကြီးတန်းအမှုဆောင်အရာရှိတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုက အီရန်ရေနံအချို့ ဝယ်ယူသူများအပေါ် ပိတ်ဆို့မှုများ ဖြေလျှော့ပေးကြောင်း ကြေညာပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ရေနံချက်စက်ရုံဖြစ်သော Sinopec…

လန်ဒန်မြို့ရှိ ဂျူးလူမျိုးစု လူနာတင်ယာဉ်များ မီးရှို့တိုက်ခိုက်ခံရမှုအပေါ် ဝန်ကြီးချုပ် ရှုတ်ချ

PSM(NEWS) မတ် ၂၄ ၊၂၀၂၆ လန်ဒန်မြို့ မြောက်ပိုင်းတွင် တနင်္လာနေ့က ဂျူးလူမျိုးစုပိုင် လူနာတင်ယာဉ် လေးစီး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ၎င်းဖြစ်ရပ်ကို “အလွန်တုန်လှုပ်ဖွယ်ကောင်းသောဂျူးဆန့်ကျင်ရေး မီးရှို့တိုက်ခိုက်မှု” ဟု ခေါ်ဆိုရှုတ်ချလိုက်သည်။ လန်ဒန် မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား ၆ စီးနှင့် မီးသတ်သမား ၄၀ ဦးတို့က မီးငြှိမ်းသတ်ခဲ့ရသည်။ ယာဉ်များပေါ်ရှိ ဂတ်စ်အိုးများ…

ဟာဝိုင်ယီကျွန်းတွင် နှစ်ပေါင်း ၂၀အတွင်းအဆိုးရွားဆုံးရေကြီးမှုဖြစ်ပွား

PSM(NEWS) မတ် ၂၄ ၊ ၂၀၂၆ ဟာဝိုင်ယီကျွန်းစုတွင် သည်းထန်စွာ မိုးရွာသွန်းမှုကြောင့် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း အဆိုးရွားဆုံး ရေကြီးမှုဒဏ်ကို ခံစားခဲ့ရပြီးနောက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအထိ လူပေါင်း ၂,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်နေဆဲ ဖြစ်သည်။ လွန်ခဲ့သည့် တစ်ပတ်က ဆောင်းရာသီမုန်တိုင်းကြောင့် မြေသားများ ရေဝပ်နေချိန်တွင် ထပ်မံရွာသွန်းသည့် မိုးကြောင့် ရေကြီးမှု…