PSM(NEWS)

မတ် ၂၅၊၂၀၂၆

ယူကရိန်းနိုင်ငံအတွင်း ရုရှား၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူငါးဦး သေဆုံးကာ နေအိမ်များ ပျက်စီးခဲ့ပြီး မော်လ်ဒိုဗာနှင့် ဥရောပကို ဆက်သွယ်ထားသည့် လျှပ်စစ်ဓာတ်အားလိုင်း အပါအဝင် စွမ်းအင်ထောက်ပံ့မှုများ ပြတ်တောက်သွားကြောင်း တာဝန်ရှိသူများက မတ်လ ၂၄ ရက်၊ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ဒေသ၁၁ခုတွင်ပျက်စီးဆုံးရှုံးမှုများရှိကြောင်းထုတ်ပြန်ခဲ့ပြီးလေကြောင်းရန်ကာကွယ်ရေး လက်နက်ခဲယမ်းများထောက်ပံ့ပေးရန် မဟာမိတ်များထံထပ်မံတောင်းဆိုလိုက်သည်။ ဝါရှင်တန်အနေဖြင့် အီရန်နိုင်ငံအတွင်း ဖြစ်ပွားနေသောအမေရိကန်အစ္စရေးစစ်ပွဲအပေါ် အာရုံစိုက်နေချိန်တွင် ယူကရိန်း၌ ဒုံးကျည်ပြတ်လပ်မှုများနှင့်ရင်ဆိုင်ရနိုင်ကြောင်း ၎င်းက သတိပေးထားသည်။

ယူကရိန်းလေတပ်၏ ထုတ်ပြန်ချက်အရ ရုရှားသည် ဒုံးကျည် ၃၄ စင်းနှင့် ဒရုန်း ၃၉၂ စင်းအသုံးပြုကာအခြေခံအဆောက်အအုံများကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ယင်းတို့အနက် ဒုံးကျည် ၂၅ စင်းနှင့် ဒရုန်း ၃၆၅ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

ကိုးကား Reuters

By Htet Ko