PSM(NEWS) မတ် ၂၅၊ ၂၀၂၆ စစ်ပွဲစတင်ကတည်းကအီရန်၏ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာရပ်တည်ချက်သည်သိသိသာသာတင်းမာခက်ထန်လာကြောင်း၊ဆုံးဖြတ်ချက်ချမှတ်ရာတွင်တော်လှန်ရေးအစောင့်တပ်၏ဩဇာလွှမ်းမိုးမှုပိုမိုကြီးမားလာပြီးအကယ်၍ကြားဝင်စေ့စပ်မှုများမှတစ်ဆင့်အလေးအနက်ထားဆွေးနွေးမှုများပေါ်ပေါက်လာပါက အမေရိကန်ထံမှ သိသာထင်ရှားသောလိုက်လျောမှုများကိုတောင်းဆိုသွားမည်ဖြစ်ကြောင်းတီဟီရန်ရှိအဆင့်မြင့်သတင်းရင်းမြစ် သုံးခုက ပြောကြားခဲ့သည်။ အမေရိကန်နှင့် မည်သည့်ဆွေးနွေးပွဲတွင်မဆို အီရန်အနေဖြင့် စစ်ပွဲရပ်တန့်ရေးကိုသာမက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အတွက် လက်ခံရန် ခက်ခဲနိုင်သည့် အချက်များကိုပါ တောင်းဆိုဖွယ်ရှိသည်။ ယင်းတို့တွင် နောင်တွင် စစ်ရေးအရ ထပ်မံတိုက်ခိုက်ခြင်း မပြုရန် အာမခံချက်များ၊စစ်ပွဲအတွင်းဆုံးရှုံးမှုများအတွက်လျော်ကြေးပေးရန်နှင့်ဟော်မုဇ်ရေလက်ကြားကိုတရားဝင်ထိန်းချုပ်ခွင့်ပေးရန်တို့ပါဝင်ကြောင်းအဆိုပါသတင်းရင်းမြစ်များက ဆိုသည်။ ထို့အပြင် အီရန်သည် ၎င်း၏ ပဲ့ထိန်းဒုံးကျည် အစီအစဉ်အပေါ် ကန့်သတ်ချက်များထားရှိရန် ညှိနှိုင်းမှုကိုလည်း ငြင်းဆန်သွားမည်ဖြစ်သည်။ အဆိုပါကိစ္စသည် ပြီးခဲ့သည့်လကအမေရိကန်နှင့် အစ္စရေးတို့ တိုက်ခိုက်မှု မစတင်မီကပင် တီဟီရန်အတွက် လုံးဝညှိနှိုင်း၍မရသော အချက်ဖြစ်ခဲ့သည်။ စစ်ပွဲကာလသုံးပတ်ကျော်အတွင်းဝါရှင်တန်အနေဖြင့်တီဟီရန်နှင့်“အလွန်အင်မတန်ခိုင်မာသော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့် က တနင်္လာနေ့တွင် ပြောကြားခဲ့သော်လည်း အီရန်ကမူ ယင်းကို လူသိရှင်ကြား ငြင်းဆိုထားသည်။ အဆင့်မြင့်သတင်းရင်းမြစ် သုံးခု၏ အဆိုအရ အီရန်သည် အမေရိကန်နှင့် စစ်ပွဲရပ်တန့်ရေး ဆွေးနွေးရန် အခြေခံအချက်များ ရှိ၊ မရှိကို ပါကစ္စတန်၊ တူရကီနှင့် အီဂျစ်နိုင်ငံတို့နှင့်သာ ပဏာမဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အမေရိကန်နှင့် အီရန်ကြားတိုက်ရိုက်ဆွေးနွေးမှု မရှိသေးသော်လည်း အီဂျစ်၊ ပါကစ္စတန်နှင့် ပင်လယ်ကွေ့နိုင်ငံများက သတင်းစကားများကို အပြန်အလှန် ပေးပို့နေကြကြောင်း ဥရောပ အရာရှိတစ်ဦးကတနင်္လာနေ့တွင်ပြောကြားခဲ့သည်။စစ်ပွဲရပ်တန့်ရေးအတွက်တိုက်ရိုက်ဆွေးနွေးပွဲများကိုယခုအပတ်အတွင်းအစ္စလာမ်မာဘတ်မြို့၌ ကျင်းပနိုင်ခြေရှိကြောင်း ပါကစ္စတန် အရာရှိတစ်ဦးကလည်း ဆိုသည်။ အကယ်၍ဆွေးနွေးပွဲများဖြစ်မြောက်ပါကအီရန်အနေဖြင့် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ကာလီဘတ်နှင့်နိုင်ငံခြားရေးဝန်ကြီးအဘတ်စ်အာရတ်ချီတို့ကိုစေလွှတ်မည်ဖြစ်သော်လည်း နောက်ဆုံးဆုံးဖြတ်ချက်မှာသဘောထားတင်းမာသည့်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) အပေါ်တွင်သာ မူတည်လိမ့်မည်ဟု သတင်းရင်းမြစ်များက သတိပေးထားသည်။ သမ္မတဒေါ်နယ်ထရန့်ကသဘောတူညီချက်ရရှိရန်ပြတ်သားစွာဆန္ဒရှိနေပုံရသော်လည်းတီဟီရန်အနေဖြင့် အမေရိကန်၏တောင်းဆိုချက်များကို လိုက်လျောရန်မဖြစ်နိုင်ကြောင်းအစ္စရေးအဆင့်မြင့်အရာရှိသုံးဦးကအင်္ဂါနေ့တွင်ပြောကြားခဲ့သည်။ယင်းတောင်းဆိုချက်များတွင်အီရန်၏ပဲ့ထိန်းဒုံးကျည်နှင့်နျူကလီးယားအစီအစဉ်များကိုရပ်တန့်ရန်ပါဝင်မည်ဟု၎င်းတို့ကယူဆထားကြသည်။ အီရန်၏ပဲ့ထိန်းဒုံးကျည်အသုံးပြုမှုနှင့်ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ငါးပုံတစ်ပုံခန့်ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကိုပိတ်ဆို့နိုင်စွမ်းရှိမှုတို့မှာ အမေရိကန်-အစ္စရေးတိုက်ခိုက်မှုများအပေါ် အီရန်၏အထိရောက်ဆုံးတုံ့ပြန်မှုများဖြစ်ခဲ့သည်။ယင်းတို့ကိုစွန့်လွှတ်ရန်သဘောတူခြင်းသည် နောက်ထပ်တိုက်ခိုက်မှုများအတွက်ခုခံနိုင်စွမ်းမရှိဘဲ ဖြစ်သွားစေနိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ ထို့အပြင်အီရန်၏ပြည်တွင်းရေးအခြေအနေများကြောင့်လည်းညှိနှိုင်းမှုများတွင်အကန့်အသတ်များရှိနေသည်။တော်လှန်ရေးအစောင့်တပ်၏ဩဇာပိုမိုကြီးမားလာခြင်း၊ခေါင်းဆောင်မှုအပိုင်းတွင် မရေရာမှုများရှိနေခြင်း (အထူးသဖြင့် ခေါင်းဆောင်သစ် မူဂျာတာဘာ ခါမေနီ သည် ခန့်အပ်ခံရပြီးကတည်းက ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုများတွင်ပေါ်ထွက်လာခြင်းမရှိသေးခြင်း)နှင့် စစ်ပွဲအတွင်း ကြံ့ကြံ့ခံနိုင်ရည်ရှိရမည်ဟူသော ပြည်တွင်းဝါဒဖြန့်ချိမှုများကတီဟီရန်၏ဆုံးဖြတ်ချက်များကို ပိုမိုကျပ်တည်းစေလျက် ရှိသည်။ ကိုးကား Reuters Post navigation မူးယစ်ဂိုဏ်းချုပ်ကိုင်နေသည့် ကိုရီးယား ‘မူးယစ်ရာဇာ’ ကို တောင်ကိုရီးယားသို့ ပြန်လည်လွှဲပြောင်းပေးအပ် လက်နက်များ အမြန်ဆုံးပေးပို့နိုင်ရေး အမေရိကန်ဘက်မှ အလွန်အမင်း အရေးတကြီး ဆောင်ရွက်နေကြောင်း ထိုင်ဝမ် ပြောကြား