PSM(NEWS) မတ် ၂၄ ၊၂၀၂၆ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် သည်ဘီလာရုစ်နိုင်ငံအတွင်းအဝေးရောက်တိုက်ခိုက်ရေးဒရုန်းများအတွက်မြေပြင်ထိန်းချုပ်ရေးစခန်းလေးခုဖွင့်လှစ်ရန်စီစဉ်နေကြောင်း ယူကရိန်းစစ်ဘက်ထောက်လှမ်းရေးသတင်းကို ကိုးကား၍ သမ္မတ ဗိုလိုဒီမာဇီလန်းစကီးကပြောကြားလိုက်သည်။ “ဒီကိစ္စအတွက် တုံ့ပြန်မှုတွေ ရှိလာမှာပါ။အဲဒီတုံ့ပြန်မှုတွေကိုလည်း သူတို့ ခံစားရပါလိမ့်မယ်” ဟု ဇီလန်းစကီးက ဆိုသည်။ ရုရှား၏ရေရှည်မဟာမိတ်ဖြစသော ဘီလာရုစ်သည်စစ်ပွဲအတွင်း တိုက်ရိုက်ပါဝင်ရန်ဝန်လေးနသော်လည်း ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ကျူးကျော်မှုစတင်စဉ်ကရုရှားတပ်ဖွဲ့များကို ၎င်း၏နယ်မြေအတွင်း ဖြတ်သန်းခွင့်ပြုခဲ့သည်။ ထို့အပြင် နျူကလီးယားလက်နက်တပ်ဆင်နိုင်သည့် ဒုံးကျည်များအပါအဝင် ရုရှားစစ်လက်နက်အချို့ကိုလည်း လက်ခံထားရှိရန်သဘောတူထားသည်။ စစ်ပွဲသည်ပဉ္စမမြောက်နှစ်အတွင်းသို့ရောက်ရှိလာသည်နှင့်အမျှဘီလာရုစ်သည် ရုရှား၏စစ်ပွဲအတွင်း ပိုမိုပါဝင်ပတ်သက်လာနေကြောင်း ဇီလန်းစကီးက သတိပေးခဲ့သည်။ ကိုးကားThe Independent Post navigation မြောက်ကိုရီးယား၏နျူကလီးယားအဆင့်အတန်းသည်နောက်ပြန်လှည့်၍မရတော့ကြောင်းကင်ဂျုံအန်းပြောကြား၊တောင်ကိုရီးယားကို ခြိမ်းခြောက် ရုရှား၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းတွင် လူငါးဦး သေဆုံးပြီး မော်လ်ဒိုဗာ၏ လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်