international news အရှေ့အလယ်ပိုင်း မတည်ငြိမ်မှုများကြောင့် အာတိတ်စက်ဝိုင်းအတွင်း ရေနံတူးဖော်ရန် နော်ဝေ၏ တွန်းအားပေးမှု ပြန်လည်အားကောင်းလာ March 15, 2026 Htet Ko PSM(NEWS) မတ်လ ၁၅၊၂၀၂၆ ရုရှားယူကရိန်းစစ်ပွဲစတင်ကတည်းက ဥရောပတိုက်၏ အဓိက သဘာဝဓာတ်ငွေ့ တင်ပို့ရာနိုင်ငံ ဖြစ်လာခဲ့သည့် နော်ဝေနိုင်ငံသည် လက်ရှိ အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို အသုံးချကာ အာတိတ်ဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ခွင့်ရရှိရန် ဥရောပသမဂ္ဂ (EU) ၏ ထောက်ခံမှုကို ရယူရန်ကြိုးပမ်းလျက်ရှိသည်။ ဥရောပကော်မရှင်သည် ၎င်းတို့၏ အာတိတ်ဒေသဆိုင်ရာ မဟာဗျူဟာကို ပြန်လည်သုံးသပ်လျက်ရှိသည်။ ၂၀၂၁ ခုနှစ်ကတည်းက…
international news ရုရှားအစိုးရမှ မိုဘိုင်းလ်အင်တာနက် ကန့်သတ်လိုက်ခြင်းကြောင့် မော်စကိုမြို့ရှိ စီးပွားရေးလုပ်ငန်းများ အခက်တွေ့ March 15, 2026 Htet Ko PSM(NEWS) မတ် ၁၅ ၊ ၂၀၂၆ ရုရှားနိုင်ငံ မြို့တော်မော်စကိုအလယ်ပိုင်းတွင် သီတင်းပတ် တစ်ပတ်ကျော်ကြာဖြစ်ပွားနေသည့် မိုဘိုင်းလ်အင်တာနက် ကန့်သတ်ချက်များကြောင့် သောကြာနေ့တွင် နိုင်ငံခြားဝက်ဘ်ဆိုက် အများအပြားကို အသုံးပြု၍ မရတော့ဘဲ ဒေသခံ သန်းပေါင်းများစွာ၏ နေ့စဉ်ဘဝနှင့် စီးပွားရေးလုပ်ငန်းများအကြီးအကျယ် ထိခိုက်လျက်ရှိကြောင်း သိရသည်။ ယူကရိန်း၏ ဒရုန်းဖြင့် တိုက်ခိုက်မှုများကို ကာကွယ်ရန် လုံခြုံရေးအရ ယခုကဲ့သို့ ကန့်သတ်ရခြင်းဖြစ်ကြောင်း ရုရှားအာဏာပိုင်များက…
ရုပ်သံသတင်း PSM News – နိုင်ငံတကာသတင်း ( ၁၅ – ၃ – ၂၀၂၆ ) March 15, 2026 Htet Ko https://www.youtube.com/watch?v=JyHq00-FrGI
international news အီရန် အဓိပတိ သစ်မာ့ဂျ်တာဘာ ခါမေနီနှင့် ထိပ်တန်း အရာရှိကြီးများအား ဖမ်းဆီးနိုင်ရေး အမေရိကန်က ဒေါ်လာ ၁၀သန်း ဆုကြေးထုတ် March 14, 2026 Htet Ko PSM(NEWS) မတ် ၁၄၊ ၂၀၂၆ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ‘Rewards for Justice’ အစီအစဉ်မှ အီရန် ထိပ်တန်းခေါင်းဆောင် မာ့ဂျ်တာဘာခါမေနီနှင့် အခြားအဆင့်မြင့်အရာရှိကြီးများကို ဖမ်းဆီးနိုင်မည့် သတင်းအချက်လက်များအတွက် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၀သန်းအထိ ကမ်းလှမ်းထားကြောင်း သိရသည်။ အီရန်နိုင်ငံ၏ အဓိပတိ အသစ်ဖြစ်သူ မာ့ဂျ်တာဘာ ခါမေနီအပါအဝင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နှင့် ဆက်နွှယ်နေသည့်…
daily-news ချင်းမိုင်မြို့တွင် ရခိုင်ရိုးမတောင်ခြေရှိ စစ်ဘေးရှောင်၁၀၀၀ကျော်အတွက် ရန်ပုံငွေဘောလုံးပွဲနှင့် ဖျော်ဖြေပွဲ ကျင်းပ March 14, 2026 Htet Ko PSM(News) မတ် ၁၄ ၊ ၂၀၂၆ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် ရေကြည်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တစ်ထောင်ကျော်အတွက် ရန်ပုံငွေ ရှာဖွေသည့် ဘောလုံးပြိုင်ပွဲနှင့် ဖျော်ဖြေပွဲကို ယနေ့ မတ်လ ၁၄ ရက် တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Dream Star ကွင်း ၌ ကျင်းပလျက်ရှိကြောင်း သိရသည်။…
international news အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ် မိုဂျတာဘာ ခါမေနီ ဒဏ်ရာရရှိထားပြီးပုံပျက်ပန်းပျက် ဖြစ်နိုင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပြောကြား March 14, 2026 Htet Ko PSM(NEWS) မတ်လ ၁၄ ၊၂၀၂၆ အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ် မိုဂျတာဘာ ခါမေနီ သည် ဒဏ်ရာရရှိထားပြီး ပုံပျက်ပန်းပျက် ဖြစ်နိုင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတာ ဟက်ဂ်ဆက်သ်က သောကြာနေ့တွင် ပြောကြားလိုက်သည်။ အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့၏ တိုက်ခိုက်မှုများ စတင်ဖြစ်ပွားပြီးနောက် နှစ်ပတ်နီးပါးအကြာတွင် ၎င်း၏ အုပ်ချုပ်နိုင်စွမ်းအပေါ် မေးခွန်းထုတ်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ စစ်ပွဲစတင်ချိန်က အစ္စရေး၏ တိုက်ခိုက်မှုကြောင့်…
international news ပျက်စီးသွားသော ရုရှားသဘာဝဓာတ်ငွေ့ရည် (LNG) တင်သင်္ဘော မက်ဒီတာရေပြင်တွင် ပေါ်လောပေါ်မျော ဖြစ်နေပြီးနောက် အီတလီနိုင်ငံက ဖြေရှင်းရန် နည်းလမ်းများရှာဖွေနေ March 14, 2026 Htet Ko PSM(NEWS) မတ်လ ၁၄၊ ၂၀၂၆ ရုရှား၏ ပြောကြားချက်အရ ယူကရိန်း၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ရသည့် ရုရှားသဘာဝဓာတ်ငွေ့ရည် (LNG) တင်သင်္ဘောတစ်စင်းသည် မက်ဒီတာရေပြင်တွင် ပေါ်လောပေါ်မျော ဖြစ်နေပြီး၊ အဆိုပါသင်္ဘောအား မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို အီတလီအာဏာပိုင်များက စဉ်းစားနေကြကြောင်း သတင်းရင်းမြစ်များက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ရုရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၏ အဆိုအရ အာတိတ်ဆိပ်ကမ်း မြူမန့်စ်မှ LNG…
international news အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံ ခါ့ဂ်ကျွန်း ရှိ စစ်ရေးပစ်မှတ်များကို “လုံးဝဖျက်ဆီး” ခဲ့ပြီးနောက် ရေနံအခြေခံ အဆောက်အအုံများကိုလည်း ပစ်မှတ်ထားနိုင်ကြောင်း သတိပေး March 14, 2026 Htet Ko PSM(NEWS) မတ် ၁၄၊ ၂၀၂၆ အမေရိကန်သမ္မတသည် ဖလော်ရီဒါပြည်နယ်သို့ သွားရောက်ရန် ပြင်ဆင်နေစဉ်အတွင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် အထက်ပါစစ်ဆင်ရေးကို ကြေညာခဲ့သည်။ “မကြာမီကပဲ ကျွန်တော့်ရဲ့ ညွှန်ကြားချက်အရ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် က အရှေ့အလယ်ပိုင်းသမိုင်းတွင် အင်အားအကြီးဆုံး ဗုံးကြဲတိုက်ခိုက်မှုတစ်ခုကို လုပ်ဆောင်ခဲ့ပြီး အီရန်နိုင်ငံ၏ အဖိုးတန်ပစ္စည်းဖြစ်တဲ့ ခါ့ဂ်ကျွန်းရှိ စစ်ရေးပစ်မှတ်အားလုံးကို လုံးဝဖျက်ဆီးခဲ့သည်” ဟု သမ္မတက ပြောကြားခဲ့သည်။ ထို့အပြင် “ကျွန်တော်က…
daily-news နောင်ချိုစစ်ဆင်ရေးဖြင့် ရာထူးတိုးခဲ့သူ တမခ-၇၇ တပ်မမှူး ဗိုလ်မှူးကြီးဝင်းမောင်မောင် ပခုက္ကူ တိုက်ပွဲ တွင် သေဆုံးဟုဆို March 14, 2026 Htet Ko PSM(News) မတ် ၁၃၊ ၂၀၂၆ နောင်ချိုတန်ပြန်စစ်ဆင်ရေးတွင် နာမည်ရရှိခဲ့ပြီးနောက် စစ်ကော်မရှင်၏ အမှတ် (၇၇) ခြေမြန်တပ် မဌာနချုပ် (တမခ-၇၇) တပ်မမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသူ ဗိုလ်မှူးကြီးဝင်းမောင်မောင်သည် ပခုက္ကူ မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် သေဆုံးသွားခဲ့ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါအကြောင်းအရာသည် MDSI က…
daily-news မွန်တော်လှန်ရေးအဖွဲ့အစည်းများ ဘုံသဘောထား ခိုင်မာစွာချမှတ်၊ စစ်ကော်မရှင်၏ ရွေးကောက်ပွဲနှင့် NCA လမ်းစဉ်ကို လုံးဝလက်မခံဟု ကြေညာ March 14, 2026 Htet Ko PSM(News) မတ် ၁၂ ၊ ၂၀၂၆ မွန်တော်လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်မှု မြှင့်တင်ရန်နှင့် မွန်ပြည်တည်ဆောက်ရေး အတွက် ဘုံသဘောထား ရပ်တည်ချက်များ ချမှတ်နိုင်ရန် ရည်ရွယ်ကျင်းပသည့် ‘မွန်တော်လှန်ရေးဖိုရမ်’ ကို မတ်လ ၉ ရက်မှ ၁၁ ရက်နေ့အထိ ၃ ရက်တိုင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဖိုရမ်သို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)…