PSM(News) မတ် ၁၄ ၊ ၂၀၂၆ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် ရေကြည်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တစ်ထောင်ကျော်အတွက် ရန်ပုံငွေ ရှာဖွေသည့် ဘောလုံးပြိုင်ပွဲနှင့် ဖျော်ဖြေပွဲကို ယနေ့ မတ်လ ၁၄ ရက် တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Dream Star ကွင်း ၌ ကျင်းပလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် သာပေါင်း၊ ရေကြည်နှင့် လေးမျက်နှာမြို့နယ်များရှိ ကျေးရွာပေါင်း ၂၀၀ ကျော်မှ ဒေသခံများသည် စစ်ကော်မရှင်တပ်၏ “ဖြတ်လေးဖြတ်” စနစ်ကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါး အခက်အခဲများကို ပြင်းထန်စွာ ရင်ဆိုင်နေရသည်။ အဆိုပါ အခက်အခဲများကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ရန်အတွက် “ရန်ပုံငွေဘောလုံးပွဲ” ကို ရည်ရွယ်ကျင်းပခြင်း ဖြစ်ပြီး အဆိုပါရန်ပုံငွေပွဲကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ရန်ပုံငွေပွဲတွင် အားကစားဝါသနာရှင်များအတွက် ဘောလုံးပြိုင်ပွဲများအပြင်၊ အဆိုတော်များ၏ တေးသီချင်းဖျော်ဖြေမှုများနှင့် ဒေသထွက် ရိုးရာအစားအစာ အရောင်းဆိုင်များလည်း ပါဝင်မည် ဖြစ်သည်။ “ကျွန်တော်တို့အားလုံး အခက်အခဲကိုယ်စီ ရှိနေကြပေမယ့် တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီပေး ကြဖို့ တောင်းဆိုချင်ပါတယ်။ အစားအသောက် ဝယ်ယူတာပဲဖြစ်ဖြစ်၊ ကိုယ်တိုင်တက်ရောက်တာပဲ ဖြစ်ဖြစ်၊ အလှူငွေ ထည့်ဝင်တာပဲဖြစ်ဖြစ် ပူးပေါင်းပါဝင်ပေးကြပါဦး” ဟု ပွဲစီစဉ်သူများက ဖိတ်ခေါ်ထားသည်။ #PSM_News #စစ်ဘေးရှောင်ကူညီရေး #ရန်ပုံငွေပွဲ #ရခိုင်ရိုးမ #ချင်းမိုင် #စစ်ရှောင်ထောက်ပံ့ရေး Post navigation နောင်ချိုစစ်ဆင်ရေးဖြင့် ရာထူးတိုးခဲ့သူ တမခ-၇၇ တပ်မမှူး ဗိုလ်မှူးကြီးဝင်းမောင်မောင် ပခုက္ကူ တိုက်ပွဲ တွင် သေဆုံးဟုဆို ကွတ်ခိုင်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး သယံဇာတနှင့် ကျားဖြန်ကိစ္စများကြောင့် ပဋိပက္ခ ပိုမိုရှုပ်ထွေး လာဟုဆို