PSM(NEWS)

မတ် ၁၄၊ ၂၀၂၆

အမေရိကန်သမ္မတသည် ဖလော်ရီဒါပြည်နယ်သို့ သွားရောက်ရန် ပြင်ဆင်နေစဉ်အတွင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် အထက်ပါစစ်ဆင်ရေးကို ကြေညာခဲ့သည်။

“မကြာမီကပဲ ကျွန်တော့်ရဲ့ ညွှန်ကြားချက်အရ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် က အရှေ့အလယ်ပိုင်းသမိုင်းတွင် အင်အားအကြီးဆုံး ဗုံးကြဲတိုက်ခိုက်မှုတစ်ခုကို လုပ်ဆောင်ခဲ့ပြီး အီရန်နိုင်ငံ၏ အဖိုးတန်ပစ္စည်းဖြစ်တဲ့ ခါ့ဂ်ကျွန်းရှိ စစ်ရေးပစ်မှတ်အားလုံးကို လုံးဝဖျက်ဆီးခဲ့သည်” ဟု သမ္မတက ပြောကြားခဲ့သည်။

ထို့အပြင် “ကျွန်တော်က လူသားချင်းစာနာထောက်ထားမှုအရ ကျွန်းပေါ်ရှိ ရေနံအခြေခံအဆောက်အအုံများကို ဖျက်ဆီးခြင်း ‘မပြုလုပ်’ ရန် ရွေးချယ်ခဲ့သတယ် သို့သော်လည်း အီရန် (သို့မဟုတ်) အခြားမည်သူမဆို ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် သင်္ဘောများ လွတ်လပ်စွာနှင့် ဘေးကင်းစွာ သွားလာနိုင်မှုကို ကြားဝင်နှောင့်ယှက်ပါက ဤဆုံးဖြတ်ချက်ကို ချက်ချင်းပြန်လည်စဉ်းစားမည်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

ခါ့ဂ်ကျွန်းသည် ပါရှန်းပင်လယ်ကွေ့တွင် တည်ရှိသည့် သေးငယ်သောကျွန်းတစ်ကျွန်းဖြစ်ပြီး အီရန်နိုင်ငံ၏ ရေနံတင်ပို့မှု အားလုံးနီးပါးကို ကိုင်တွယ်ဆောင်ရွက်ပေးသည့် အဓိကဂိတ်ဖြစ်သည်။

ကိုးကား AP

#အမေရိကန်

#လုံးဝဖျက်ဆီးခဲ့

#စစ်ရေးပစ်မှတ်

#အီရန်

#ပါရှန်းပင်လယ်ကွေ့

#ခါ့ဂ်ကျွန်း

#PSM_News

By Htet Ko