Month: March 2026

တောင်ငူလေတပ်စခန်းကို BWM နှင့် မဟာမိတ်များ ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်မှုပြင်းထန်သဖြင့် တိုင်းမှူးကိုယ်တိုင် လာရောက်စစ်ဆေး

PSM(News) မတ် ၁၃၊ ၂၀၂၆ ပဲခူးတိုင်း၊ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို Brave Warriors for Myanmar (BWM) နှင့် မဟာမိတ်အဖွဲ့များက ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုပြင်းထန်ကြောင်း BWM အဖွဲ့က ယနေ့ မတ် ၁၃ ရက် တွင် ထုတ်ပြန်သည်။ ယမန်နေ့ မတ်လ…

ပဲခူးတွင် အမှတ်-၁ စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ

PSM(News) မတ် ၁၃၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၏ အခြေခံစစ်ပညာသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ပဲခူးတိုင်းအတွင်းရှိ အမှတ် (၂) လေ့ကျင့်ရေးသင်တန်းကျောင်းတွင် မတ် ၄ ရက်နေ့က ကျင်းပခဲ့သည်။ သင်တန်းဆင်းပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ဦးစီးချုပ်၏ ဂုဏ်ပြုသဝဏ်လွှာကို…

အီရန်၏ ထိပ်သီးခေါင်းဆောင်သစ် ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြား၊ စစ်ပွဲအတွင်း ကျဆုံးသူများအတွက် လက်တုံ့ပြန်သွားမည်ဟု ကြုံးဝါး

PSM(NEWS) မတ် ၁၃၊ ၂၀၂၆ အီရန်နိုင်ငံ၏ ထိပ်သီးခေါင်းဆောင်သစ် အာယာတိုလာ မိုဂျာတာဘာ ခါမေနီ သည် စစ်ပွဲနှင့် ပတ်သက်၍ ၎င်း၏ ပထမဆုံးသော ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် ခါမေနီက ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ထားခြင်းကို အကျပ်ကိုင်သည့် လက်နက်အဖြစ် ဆက်လက် အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် အီရန်၏ ပင်လယ်ကွေ့ အာရပ်အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း…

အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှု အကြီးမားဆုံး အနှောင့်အယက် ဖြစ်ပေါ်နေကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ပြောကြား

PSM(NEWS) မတ် ၁၃၊ ၂၀၂၆ အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲသည် သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ရေနံထောက်ပံ့မှု အနှောင့်အယက်ကို ဖန်တီးနေကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (International Energy Agency – IEA) က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ ဤပြောကြားချက်သည် ရေနံရှားပါးမှုနှင့် ဈေးနှုန်းမြင့်တက်မှုကို ထိန်းညှိရန်အတွက် ဗျူဟာမြောက် သိုလှောင်ထားသော ရေနံများကို စံချိန်တင်ပမာဏအတိုင်း…

ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် အိန္ဒိယသင်္ဘောများ ဖြတ်သန်းခွင့်ပြုမည်ဟု အိန္ဒိယ သတင်းရင်းမြစ်က ဆိုသော်လည်း အီရန်ဘက်က ငြင်းဆို

PSM(NEWS) မတ်လ ၁၃၊ ၂၀၂၆ အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် အိန္ဒိယအလံတင် ရေနံတင်သင်္ဘောများကိုဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရသတင်းရင်းမြစ်တစ်ခုက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ အဆိုပါ ရေလက်ကြားသည် တောင်အာရှနိုင်ငံ၏ ရေနံတင်သွင်းမှု ၄၀ ရာခိုင်နှုန်း ဖြတ်သန်းရာလမ်းကြောင်း ဖြစ်သည်။ သို့သော်လည်း နိုင်ငံပြင်ပရှိ အီရန် သတင်းရင်းမြစ်တစ်ခုကမူ ထိုကဲ့သို့သော သဘောတူညီချက်မျိုး မရှိကြောင်း ငြင်းဆိုထားသည်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးတို့သည်…

မွန်တော်လှန်ရေးအဖွဲ့အစည်းများ ဘုံသဘောထား ခိုင်မာစွာချမှတ်၊ စစ်ကော်မရှင်၏ ရွေးကောက်ပွဲနှင့် NCA လမ်းစဉ်ကို လုံးဝလက်မခံဟု ကြေညာ

PSM(News) မတ် ၁၂ ၊ ၂၀၂၆ မွန်တော်လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်မှု မြှင့်တင်ရန်နှင့် မွန်ပြည်တည်ဆောက်ရေး အတွက် ဘုံသဘောထား ရပ်တည်ချက်များ ချမှတ်နိုင်ရန် ရည်ရွယ်ကျင်းပသည့် ‘မွန်တော်လှန်ရေးဖိုရမ်’ ကို မတ်လ ၉ ရက်မှ ၁၁ ရက်နေ့အထိ ၃ ရက်တိုင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဖိုရမ်သို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)…