PSM(News) မတ် ၁၃၊ ၂၀၂၆ နောင်ချိုတန်ပြန်စစ်ဆင်ရေးတွင် နာမည်ရရှိခဲ့ပြီးနောက် စစ်ကော်မရှင်၏ အမှတ် (၇၇) ခြေမြန်တပ် မဌာနချုပ် (တမခ-၇၇) တပ်မမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသူ ဗိုလ်မှူးကြီးဝင်းမောင်မောင်သည် ပခုက္ကူ မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် သေဆုံးသွားခဲ့ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါအကြောင်းအရာသည် MDSI က ကနဦးရရှိထားသည့် သတင်းအချက်အလက်ဖြစ်ပြီး လက်ရှိ တွင် ဆက်လက်စုံစမ်းအတည်ပြုနေဆဲဖြစ်ကြောင်း သိရသည်။ ဗိုလ်မှူးကြီးဝင်းမောင်မောင် သေဆုံးမှုကို အတည်ပြုနိုင်ပါက တမခ (၇၇) အနေဖြင့် စစ်မြေပြင်တွင် ဆုံးရှုံးရသည့် ဒုတိယမြောက် တပ်မမှူး ဖြစ်လာမည်ဖြစ်ပြီး ယခင်တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦး မှာလည်း ၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က အင်းတော်မြို့နယ် တိုက်ပွဲအတွင်း PDF တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်သည်။ လက်ရှိတွင် တမခ (၇၇) သည် ချင်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းနှင့် မကွေးတိုင်း တို့တွင် တပ်ဖြန့်၍ စစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်တပ် အင်အား ၁,၀၀၀ ဝန်းကျင်ခန့်ပါဝင်သည့် ယာဉ်တန်း များသည် ပခုက္ကူမြို့မှတစ်ဆင့် ဆိပ်ဖြူမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂) ဘက်သို့ ဦးတည်ချီတက်လျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ #နောင်ချိုစစ်ဆင်ရေး #ရာထူးတိုး #တပ်မမှူး #ဗိုလ်မှူးကြီးဝင်းမောင်မောင် #ပခုက္ကူတိုက်ပွဲ #PSM_News Post navigation မွန်တော်လှန်ရေးအဖွဲ့အစည်းများ ဘုံသဘောထား ခိုင်မာစွာချမှတ်၊ စစ်ကော်မရှင်၏ ရွေးကောက်ပွဲနှင့် NCA လမ်းစဉ်ကို လုံးဝလက်မခံဟု ကြေညာ ချင်းမိုင်မြို့တွင် ရခိုင်ရိုးမတောင်ခြေရှိ စစ်ဘေးရှောင်၁၀၀၀ကျော်အတွက် ရန်ပုံငွေဘောလုံးပွဲနှင့် ဖျော်ဖြေပွဲ ကျင်းပ