PSM(NEWS)

မတ် ၁၄၊ ၂၀၂၆

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ‘Rewards for Justice’ အစီအစဉ်မှ အီရန် ထိပ်တန်းခေါင်းဆောင် မာ့ဂျ်တာဘာခါမေနီနှင့် အခြားအဆင့်မြင့်အရာရှိကြီးများကို ဖမ်းဆီးနိုင်မည့် သတင်းအချက်လက်များအတွက် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၀သန်းအထိ ကမ်းလှမ်းထားကြောင်း သိရသည်။

အီရန်နိုင်ငံ၏ အဓိပတိ အသစ်ဖြစ်သူ မာ့ဂျ်တာဘာ ခါမေနီအပါအဝင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နှင့် ဆက်နွှယ်နေသည့် စစ်ဘက်နှင့် ထောက်လှမ်းရေး ထိပ်တန်း ပုဂ္ဂိုလ်များ၏ သတင်းအချက်အလက်များအတွက် အမေရိကန်အစိုးရက ယခုကဲ့သို့ ဆုကြေးငွေ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

Rewards for Justice ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြထားသည့် အဆိုပါ ထုတ်ပြန်ချက်တွင် ခါမေနီနှင့်အတူ အခြားသော အဆင့်မြင့် အရာရှိများဖြစ်သည့် အဓိပတိရုံးအကြံပေးနှင့် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီ လာရီဂျာနီ၊ အီရန် ထောက်လှမ်းရေးနှင့် လုံခြုံရေး ဝန်ကြီး အက်စမေးလ် ခါတစ်ဘ် တို့ကိုလည်း စာရင်းသွင်းဖော်ပြထားသည်။

အဆိုပါ ‘Rewards for Justice’ သည် အမေရိကန်၏ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်သူများကို ဖော်ထုတ်နိုင်ရန်အတွက် ဆောင်ရွက်နေသည့် အစီအစဉ်တစ်ခုဖြစ်သည်။

ကိုးကား The Nation

#PSM_News

#အဓိပတိ_မာ့ဂျ်တာဘာ_ခါမေနီ

#အမေရိကန်_အမျိုးသားလုံခြုံရေး

#ခြိမ်းခြောက်သူ

#ဖမ်းဆီး

#ဒေါ်လာ_၁၀သန်း

#ဆုကြေးထုတ်

By Htet Ko