Month: March 2026

အီရန်၏ ရေနံထုတ်လုပ်မှုနှင့် တင်ပို့မှုများ အနှောင့်အယှက်မရှိ ဆက်လက် လည်ပတ်နေကြောင်းတာဝန်ရှိသူ ပြောကြား

PSM(NEWS) မတ် ၁၈၊ ၂၀၂၆ အီရန်နိုင်ငံ၏ ရေနံထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှု လုပ်ငန်းစဉ်များသည် အနှောင့်အယှက် တစ်စုံတစ်ရာမရှိဘဲ ဆက်လက် လည်ပတ်နေကြောင်း ပါလီမန်စွမ်းအင်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ထို့အပြင် ခါ့ဂ်ကျွန်း ပေါ်ရှိနေ့စဉ်လူမှုဘဝများသည်လည်းပုံမှန်အတိုင်းပင်ရှိနေကြောင်း ၎င်းကဆိုသည်။ ရေနံတင်ပို့သည့် နိုင်ငံများအဖွဲ့ (OPEC) အဖွဲ့ဝင် အီရန်နိုင်ငံ၏ ပင်လယ်ရေကြောင်းရေနံတင်ပို့မှု ၉၀ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်ပေးနေသည့်…

အီရန်ခေါင်းဆောင်ပိုင်းကို အထိနာစေသည့် တိုက်ခိုက်မှုတွင် ထိပ်တန်းအရာရှိကြီးနှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း အစ္စရေးပြောကြား

PSM(NEWS) မတ် ၁၈၊ ၂၀၂၆ အီရန်နိုင်ငံ၏ ခေါင်းဆောင်ပိုင်းကို အကြီးအကျယ် ထိုးနှက်လိုက်သည့်အနေဖြင့် ညတွင်းချင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း အီရန်ထိပ်တန်း လုံခြုံရေးအရာရှိကြီးနှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း အစ္စရေးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ အီရန်ဘက်ကမူ အဆိုပါ သေဆုံးမှုများကို ချက်ချင်းအတည်ပြုခြင်း မရှိသေးဘဲ အိမ်နီးချင်း ပင်လယ်ကွေ့ အာရပ်နိုင်ငံများနှင့် အစ္စရေးနိုင်ငံတို့ထံသို့ ဒုံးကျည်များနှင့် ဒရုန်းများဖြင့် အရှိန်အဟုန်မြှင့် တုံ့ပြန်တိုက်ခိုက်ခဲ့ရာ စစ်မီးမှာ…

MNDAA နှင့် TNLA တို့ တွေ့ဆုံဆွေးနွေးမှုကို ယာယီသမ္မတ ဒူဝါလရှီးလ ကြိုဆို၊ တော်လှန်ရေး အကျိုးကို ရှေးရှုရန် တိုက်တွန်း

PSM (News) မတ် ၁၇၊ ၂၀၂၆ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား ဖြစ်ပွားခဲ့သည့် ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရန် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေမှုကို အထူးဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ မတ်လ ၁၇ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ နှစ်ဖက်အဖွဲ့အစည်းများအကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ပြီးနောက်…

ပခုက္ကူအနောက်ခြမ်းတွင် စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရ၊ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်း များ သိမ်းဆည်းရမိ

PSM (News) မတ် ၁၇၊ ၂၀၂၆ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အနောက်ခြမ်းတွင် စစ်ကော်မရှင် စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ငါးဦးသေဆုံးပြီး စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထံမှ သိရသည်။ ပခုက္ကူမြို့နယ် အနောက်ခြမ်း၊ ကန်တော်ရွာစခန်းမှ ညောင်ဂျစ်ပင်ပျူစောထီးရွာဘက်သို့ အင်အား ၇၀ ခန့်ဖြင့် ထွက်ခွာလာသော စစ်ကော်မရှင်…

သရက်ချောင်းရှိ သရက်နှစ်ခွဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးအလုံး ၁၀၀ ကျော်ချ၍ တိုက်ခိုက်

PSM (News) မတ် ၁၇၊ ၂၀၂၆ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ သရက်နှစ်ခွစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးအလုံးရေ ၁၀၀ ကျော်အသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်း T5 Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ တိုက်ခိုက်မှုကို မတ်လ ဒုတိယပတ်အတွင်းက ဖြစ်ပွားခဲ့သည့် ဝင်းဝစခန်းသိမ်းတိုက်ပွဲ နှင့် တစ်ဆက်တည်း စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဝင်းဝစခန်းကို တော်လှန်ရေးအင်အားစုများက…

ကျူးဘားအရေးနှင့်ပတ်သက်၍ မိမိအလိုရှိရာ လုပ်ဆောင်နိုင်သည်ဟု ထရမ့်ပြောကြား

PSM(NEWS) မတ် ၁၇ ၊၂၀၂၆ အမေရိကန်သမ္မတသည် ကွန်မြူနစ်အုပ်ချုပ်သည့် ကျူးဘားကျွန်းနိုင်ငံအပေါ် ပြင်းထန်သော စကားလုံးများဖြင့် ဖိအားပေးမှုများ တိုးမြှင့်လာသည်။ တစ်ဖက်တွင်လည်း အမေရိကန်နှင့် ကျူးဘားတို့အကြား အငြင်းပွားမှုများကို ဖြေရှင်းရန် ဆွေးနွေးပွဲများ စတင်နေသည်။ အမေရိကန်၏ ရေနံပိတ်ဆို့မှုဒဏ်ကြောင့် ကျူးဘား၏ လျှပ်စစ်ဓာတ်အားပေးစနစ်တစ်ခုလုံး ပြိုလဲသွားခဲ့သည်။ ကျူးဘားသမ္မတ ရာထူးမှဆင်းပေးရန် အမေရိကန်က ပြောကြားထားကြောင်း New York Times…

စစ်အုပ်စု၏ လွှတ်တော်အတု စတင်၊ လူသတ်ဝါဒဖြန့်ချိရေးသမားများဖြင့် အာဏာကို အသက်သွင်းရန် ကြိုးပမ်း

မောင်မောင်ကဲ/PSM (News) မတ် ၁၇၊ ၂၀၂၆ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ အာဏာသိမ်းခဲ့သည့် စစ်အုပ်စုသည် ၎င်းတို့၏ တရားမဝင် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် လွှတ်တော်အတုကို ယမန်နေ့ မတ် ၁၆ ရက်နေ့က နေပြည်တော်တွင် စတင်ကျင်းပခဲ့သည်။ အဆိုပါ လွှတ်တော်အတုတွင် စစ်အုပ်စု၏ လက်ဝေခံ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီအား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဝါဒဖြန့်ချိရေးဝန်ကြီး…

မက္ကဆီကိုစီးတီးတွင် ကမ္ဘာ့အကြီးဆုံး ဘောလုံးသင်တန်းအတွက်ဂင်းနစ်စံချိန်သစ်တင်

PSM(NEWS) မတ် ၁၇ ၊ ၂၀၂၆ လာမည့်ဇွန်လတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၏ ဖွင့်ပွဲစဉ်ကို လက်ခံကျင်းပရန် ပြင်ဆင်နေသည့် မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမြို့၏ ဇိုကာလိုရင်ပြင်တွင် တနင်္ဂနွေနေ့က လူပေါင်း ၉,၅၀၀ တက်ရောက်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ဘောလုံးသင်တန်းအဖြစ် ဂင်းနစ်စံချိန်သစ် တင်နိုင်ခဲ့သည်။ မြို့တော်၏ အဓိကရင်ပြင်သည် လူအများအပြား ဘောလုံးလေ့ကျင့်ခန်းများ ပြုလုပ်နိုင်သည့် ပြင်ပလေ့ကျင့်ရေးကွင်းကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး…