Month: February 2026

နျူကလီးယား အသေးစားဓါတ်ပေါင်းဖို နည်းပညာ အဆင်ပြေချောမွေ့မှုရှိကြောင်း သက်သေပြရန် အမေရိကန်က ပထမဆုံးအကြိမ် လေကြောင်းမှ သယ်ယူပို့ဆောင်မှု ပြုလုပ်

PSM(NEWS) ဖေဖော်ဝါရီ ၁၆၊၂၀၂၆ အမေရိကန် စွမ်းအင်ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့သည်နျူကလီးယား ဓါတ်ပေါင်းဖိုအ‌ေသးစားတစ်ခုကိုကာလီဖိုးနီးယားပြည်နယ်မှယူတားပြည်နယ်သို့ကုန်တင်လေယာဉ်ဖြင့်တနင်္ဂနွေနေ့ကပထမဆုံးအကြိမ်သယ်ယူပို့ဆောင်ခဲ့ကြသည်။၎င်းမှာစစ်ဘက်နှင့်အရပ်ဘက်ကဏ္ဍများတွင်နျူကလီးယားစွမ်းအင်ကိုလျင်မြန်စွာအသုံးချနိုင်သည့်အလားအလာရှိကြောင်းသရုပ်ပြသခြင်းဖြစ်သည်။ အဆိုပါဝန်ကြီးဌာနနှစ်ခုသည်ကာလီဖိုးနီးယားအခြေစိုက် Valar Atomics ကုမ္ပဏီနှင့် ပူးပေါင်းကာ ကုမ္ပဏီ၏ “Ward”အသေးစားဓါတ်ပေါင်းဖိုတစ်ခုကိုနျူကလီးယားလောင်စာ မပါရှိဘဲC17ကုန်တင်လေယာဉ်ဖြင့်ယူတားပြည်နယ်ရှိHillလေတပ်စခန်းသို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ စွမ်းအင်ဝန်ကြီးခရစ်စရိုက်နှင့်လက်နက်ခဲယမ်း ဝယ်ယူရေးနှင့်ထောက်ပံ့ရေးဆိုင်ရာကာကွယ်ရေးဒုဝန်ကြီး”မိုက်ကယ်ဒပ်ဖေးတို့ကိုယ်တိုင်အဆိုပါလေယာဉ်ပေါ်တွင်လိုက်ပါခဲ့ကြပြီး၊ယခုဖြစ်ရပ်သည်အမေရိကန်နျူကလီးယားစွမ်းအင်နှင့်စစ်ဘက်ဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးကဏ္ဍအတွက်အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်ကြောင်းချီးကျူးပြောဆိုခဲ့ကြသည်။ “ဒီစမ်းသပ်မှုဟာလိုအပ်တဲ့အချိန်၊လိုအပ်တဲ့နေရာမှာနျူကလီးယားစွမ်းအင်ကို အသုံးချနိုင်ဖို့ ပိုမိုနီးစပ်လာစေပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ စစ်သည်တွေ တိုက်ပွဲမှာ အနိုင်ရဖို့အတွက်လိုအပ်တဲ့လက်နက်ကိရိယာတွေကိုထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဒပ်ဖေးကပြောကြားခဲ့သည်။ သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည်အမေရိကန်၏စွမ်းအင်ထုတ်လုပ်မှုကိုမြှင့်တင်ရန်အတွက် နျူကလီးယား…

မန္တလေးတိုင်းရှိ PDF တပ်ရင်းများအတွက် ကျည်ကာနှင့် အကာအကွယ်ပစ္စည်းများ မြေပြင်သို့ ရောက်ရှိ

PSM(NEWS) ဖေဖော်ဝါရီ ၁၆၊၂၀၂၆ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မန္တလေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအတွက် လိုအပ်သော ကာကွယ်ရေးပစ္စည်းများ မြေပြင်သို့ ရောက်ရှိလက်ခံရရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အဆိုပါ ပစ္စည်းများသည် ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းက ပြုလုပ်ခဲ့သော “Road to Mandalay – ထိုးစစ်ထောက်ပို့ မန်းတိုင်းသို့” ကမ်ပိန်းမှတစ်ဆင့် ပြည်သူများ…

တီမောသံရုံးယာယီတာဝန်ခံကို စစ်ကော်မရှင်က နှင်ထုတ်ခဲ့ခြင်းအပေါ် NUG ပြင်းထန်စွာကန့်ကွက်ပြီး တီမောအစိုးရ၏ ရပ်တည်ချက်ကို ဂုဏ်ပြု

မောင်မောင်ကဲ၊ PSM(News) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆ တီမောလက်စ်တေနိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည်ဟု စွပ်စွဲကာ သံရုံးယာယီတာဝန်ခံ အဲလီစီယို ဒိုရိုဆားရီရှိ ဒီဆော်ဆာကို စစ်ကော်မရှင်က ၇ ရက်အတွင်း ထွက်ခွာသွားရန် နှင်ထုတ်လိုက်ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့သည်။ စစ်ကော်မရှင်၏ အဆိုပါ လုပ်ရပ်သည် ဗီယင်နာ ကွန်ဗင်းရှင်းပါ သံတမန်ရေးရာ…

ဟုမ္မလင်းသို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရောက်ရှိလာပြီး စစ်ကိုင်းလူထုကို “ပညာမဲ့” ဟု နှိမ်ချ၊ စစ်ရေးပြင်ဆင်မှုများလုပ်ဆောင်

မောင်မောင်ကဲ၊ PSM(News) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၀၆ စစ်ကိုင်းတိုင်းအတွင်း စစ်ရေးရှုံးနိမ့်မှုများ ကြုံတွေ့နေရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့သို့ လျှို့ဝှက်ရောက်ရှိလာပြီး စစ်ကိုင်းလူထုက တော်လှန်နေခြင်းမှာ “အသိပညာနှင့် အတတ်ပညာ အားနည်းသောကြောင့်ဖြစ်သည်” ဟု နှိမ်ချပြောဆိုခဲ့ပြီး စစ်ရေးအင်အား တိုးချဲ့မှုများ လုပ်ဆောင် နေကြောင်း သိရသည်။…

ထိုင်း-မြန်မာနယ်စပ်ရှိ CDM စစ်သား၊ ရဲ နှင့် မိသားစုဝင်များကို “ပြည်သူ့ပန်းတိုင်” က အခြေခံ ရိက္ခာများ ထောက်ပံ့

PSM(News) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည်ခဲ့ကြသည့် ထိုင်း-မြန်မာနယ်စပ်ရောက် CDM စစ်သား၊ ရဲနှင့် မိသားစုဝင်များအတွက် အခြေခံစားသောက်ကုန် ရိက္ခာများကို “ပြည်သူ့ပန်းတိုင်” (People’s Goal) အဖွဲ့က ယခု ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ CDM မိသားစုပေါင်း ၁၂၀ စုအတွက် မိသားစုတစ်စုလျှင် ဆန်…

မြန်မာစစ်ကော်မရှင်က တီမော-လက်စ်တေ(Timor-Leste ) ယာယီတာဝန်ခံသံအမတ်အား ထုတ်ပယ်၊ စစ်ရာဇဝတ်မှု အမှုဖွင့်မှုကြောင့် နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်

PSM(NEWS) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆ မြန်မာစစ်ကော်မရှင်သည် တီမော-လက်စ်တေ(Timor-Leste) နိုင်ငံ၏ မြန်မာနိုင်ငံအတွင်း အမြင့်ဆုံး ကိုယ်စားလှယ်အား နိုင်ငံမှ ထုတ်ပယ်ကြောင်း တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။ ယင်းသည် တီမော-လက်စ်တေ ဘက်မှ မြန်မာစစ်တပ်အပေါ် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှု (crimes against humanity) ဆိုင်ရာ အမှုဖွင့်ထားကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ ထုတ်ပြန်ပြီးနောက် ဖြစ်ပွားလာခြင်းဖြစ်သည်။ ချင်းလူ့အခွင့်အရေးအဖွဲ့…

ထိုင်ဝမ်၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်သွားမည်ဟု သမ္မတ လိုင်ချင်းတယ် တရုတ်နှစ်သစ်ကူးသဝဏ်လွှာတွင် ကတိပြု

PSM(NEWS) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆ ထိုင်ဝမ်ကျွန်း၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် လာမည့်နှစ်အတွင်း ကာကွယ်ရေဆိုင်ရာ ကြိုးပမ်းမှုများကို ပိုမိုအားကောင်းအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် တရုတ်နှစ်သစ်ကူး သဝဏ်လွှာတွင် ပြောကြားခဲ့သည်။ သမ္မတလိုင်ချင်းတယ်သည်တရုတ်နိုင်ငံ၏ခြိမ်းခြောက်မှုကိုတုံ့ပြန်ရန်အတွက်ကာကွယ်ရေးအသုံးစရိတ်အဖြစ်ဒေါ်လာ၄၀ဘီလီယံထပ်မံသုံးစွဲရန်အဆိုပြုထားသည်။ သို့သော်လွှတ်တော်တွင်အများစုအနိုင်ရထားသည့် အတိုက်အခံပါတီများက ယင်းအဆိုပြုချက်ကို ပြန်လည်သုံးသပ်ရန်ငြင်းဆန်ထားပြီး ကုန်ကျစရိတ်သက်သာသည့် ကိုယ်ပိုင်အစီအစဉ်များကိုသာ ရှေ့တန်းတင်နေသည်။ ထိုင်ဝမ်အလယ်ပိုင်းတောင်တန်းရှိအရေးကြီးသောရေဒါစခန်းတစ်ခုတွင်ရိုက်ကူးထားသည့်မိန့်ခွန်း၌ နိုင်ငံကိုအချိန်ပြည့်ကာကွယ်ပေးနေသည့်လက်နက်ကိုင်တပ်ဖွဲ့ဝင်များကိုသမ္မတကကျေးဇူးတင်စကား ပြောကြားခဲ့သည်။…

ဟယ်ရီ ကိန်း ၏ သွင်းဂိုး ၅၀၀ ပြည့်မှတ်တိုင်နှင့်အတူ ဘိုင်ယန်မြူးနစ် ဂိုးပြတ်အနိုင်ရကာ ဇယားထိပ်တွင် ဆက်လက်ဦးဆောင်

PSM(NEWS) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟယ်ရီ ကိန်းသည် စနေနေ့က ကစားခဲ့သည့် ဝါဒါဘရီမင် (Werder Bremen)နှင့်ပွဲတွင် ၎င်း၏ ကစားသမားဘဝ သွင်းဂိုး ၅၀၀ ပြည့်မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ် (Bayern Munich) အသင်းကလည်း ၃-၀ ဂိုးဖြင့် အနိုင်ရကာ ဘွန်ဒက်စ်လီဂါ (Bundesliga) ဇယားထိပ်တွင် အမှတ်ဖြတ် ဦးဆောင်ထားနိုင်ခဲ့သည်။…