PSM(NEWS)

ဖေဖော်ဝါရီ ၁၆၊၂၀၂၆

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မန္တလေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအတွက် လိုအပ်သော ကာကွယ်ရေးပစ္စည်းများ မြေပြင်သို့ ရောက်ရှိလက်ခံရရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ ပစ္စည်းများသည် ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းက ပြုလုပ်ခဲ့သော “Road to Mandalay – ထိုးစစ်ထောက်ပို့ မန်းတိုင်းသို့” ကမ်ပိန်းမှတစ်ဆင့် ပြည်သူများ လှူဒါန်းခဲ့ကြသည့် ကျည်ကာ အင်္ကျီများနှင့် ဦးထုပ်များဖြစ်ပြီး ယခုအခါ မြေပြင်တပ်ရင်းများထံသို့ စနစ်တကျ ဖြန့်ဝေပေးပြီး ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ထောက်ပို့ကူညီပေးခဲ့သည့် Forward Myanmar အဖွဲ့နှင့်တကွ တော်လှန်ပြည်သူ တစ်ရပ်လုံးအား ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကျေးဇူးအထူးတင်ရှိကြောင်းနှင့် မှတ်တမ်းတင် ဂုဏ်ပြု ကြောင်း ဖော်ပြထားသည်။

ထို့အပြင် Forward Myanmar အဖွဲ့က လက်ရှိလုပ်ဆောင်နေသော “ဆီသို့လှမ်းချီ တနင်္သာရီ” ကမ်ပိန်းတွင်လည်း မိဘပြည်သူများအနေဖြင့် ဆက်လက်ပါဝင်အားဖြည့်ကြပါရန် NUG က တိုက်တွန်း နှိုးဆော်ထားပါသည်။

ဓာတ်ပုံ-ကာကွယ်ရေးဝန်ကြီးဌာန

#NUG

#PDF

#ကာကွယ်ရေးပစ္စည်း

#PSM_News

By Htet Ko

You missed