daily-news မြန်မာအပါအဝင် ၁၇ နိုင်ငံအတွက် အမေရိကန်က ဒေါ်လာ ၂ ဘီလီယံ ကူညီမည် February 16, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီလ ၁၆ ၊၂၀၂၆ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခဒဏ်သင့် ၁၇ နိုင်ငံမှ ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံဖိုး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီ (BBC) သို့ အတည်ပြု ပြောကြားခဲ့သည်။ ဤအကူအညီပေးရေး အစီအစဉ်သည် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) နှင့် အမေရိကန်အစိုးရတို့…
Weather ယနေ့ (16.2.2026) အတွက် မိုးလေဝသခန့်မှန်းချက်များ February 16, 2026 Htet Ko https://www.youtube.com/watch?v=xCEzM55wSLo
ရုပ်သံသတင်း ဖေဖော်ဝါရီ ၁၅- တစ်ပတ်အတွင်းသတင်းများ ၂၀၂၆ PSM News February 16, 2026 Htet Ko https://www.youtube.com/watch?v=kK66LeiMJl4
ရုပ်သံသတင်း PSM News – နိုင်ငံတကာသတင်း ( ၁၅ . ၂ . ၂၀၂၆ ) February 16, 2026 Htet Ko https://www.youtube.com/watch?v=BxHeuhHGtOg
international news အမေရိကန်က ပိတ်ဆို့မှုများ ရုပ်သိမ်းရေး ဆွေးနွေးမည်ဆိုပါက နျူကလီးယားသဘောတူညီချက်အတွက် လိုက်လျောမှုများ ပြုလုပ်ရန် အီရန်အဆင်သင့်ဖြစ်ဟုဆို February 15, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆ အကယ်၍ အမေရိကန်ပြည်ထောင်စု အနေဖြင့်စီးပွားရေးပိတ်ဆို့မှုများရုပ်သိမ်းပေးရေးကိစ္စကိုဆွေးနွေးရန်ဆန္ဒရှိပါကနျူကလီးယားဘောတူညီချက်ရရှိရန်လိုက်လျောမှုများကိုစဉ်းစားသွားရန် အသင့်ရှိကြောင်း အီရန်နိုင်ငံခြားရေးဒုတိယဝန်ကြီး မဂျစ် တာ့ခ်-ရာဗန်ချီကဘီဘီစီနှင့်အင်တာဗျူးတွင်ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့ကထုတ်ပြန်ခဲ့သည့်အဆိုပါအင်တာဗျူးတွင်၎င်းကဝါရှင်တန်ဒီစီအနေဖြင့် ပိတ်ဆို့မှုများအား ပြန်လည်သုံးသပ်မည်ဆိုပါကနှစ်ဦးနှစ်ဖက်သဘောတူညီမှုရရှိရန်အတွက်အပေးအယူလုပ်ရန်အီရန်ဘက်က ပြင်ဆင်ထားကြောင်းအလေးပေးပြောဆိုခဲ့ခြင်း ဖြစ်သည်။ ကိုးကား Reuters #နျူကလီးယားသဘောတူညီချက် #အီရန် #စီးပွားရေးပိတ်ဆို့မှု #ရုပ်သိမ်း #သဘောတူညီမှု #PSM_News
international news ပူတင်သည် “စစ်ပွဲ၏ ကျွန်” သာဖြစ်ကြောင်း ဇလန်းစကီးက မြူးနစ်ညီလာခံတွင် ပြစ်တင်ရှုတ်ချ၊ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များ တောင်းဆို February 15, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကရုရှားသမ္မတ ဗလာဒီမာ ပူတင် ကို “စစ်ပွဲ၏ကျွန်”တစ်ဦးအဖြစ်မြူးနစ်လုံခြုံရေးညီလာခံတွင်ခေါ်ဆိုလိုက်ပြီးယူကရိန်းအတွက် ခိုင်မာသော လုံခြုံရေးအာမခံချက်များ ပေးရန်တိုက်တွန်းပြောကြားခဲ့သည်။ “သူ့ကိုယ်သူဇာဘုရင်တစ်ပါးလို ထင်မြင်နေနိုင်ပေမဲ့ လက်တွေ့မှာတော့ သူဟာ စစ်ပွဲရဲ့ကျွန်တစ်ယောက်သာဖြစ်ပါတယ်”ဟုဗိုလိုဒီမာဇလန်းစကီးကရုရှားခေါင်းဆောင်ကိုရည်ညွှန်းပြောဆိုခဲ့သည်။ ငြိမ်းချမ်းရေးရယူရန်အခွင့်အရေးကိုလက်မလွှတ်ရန်နှင့်အမြန်ဆုံးအကောင်အထည်ဖော်ရန်အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် က တိုက်တွန်းထားမှုကြောင့် အနည်းငယ်ဖိအားဖြစ်မိကြောင်းဗိုလိုဒီမာဇလန်းစကီး က ဝန်ခံခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည်ရုရှားကိုလိုက်လျောရန် တောင်းဆိုမည့်အစား ယူကရိန်းကိုသာလိုက်လျောမှုများပြုလုပ်ရန်…
international news ရုရှားရေနံအပေါ် G7 နိုင်ငံများ၏ ရေကြောင်းပို့ဆောင်ရေး ပိတ်ပင်မှုအပေါ် ပြင်သစ်အကောင်းမြင် February 15, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၁၅၊၂၀၂၆ ရုရှားရေနံများအားရေကြောင်းဝန်ဆောင်မှုပေးခြင်းကို ပိတ်ပင်မည့်ကိစ္စနှင့် ပတ်သက်၍ စက်မှုထိပ်သီး ၇ နိုင်ငံ (G7) အတွင်း သဘောတူညီမှုရရှိရန် “မျှော်လင့်ချက်ရှိသည်” ဟုပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်း နိုဝဲလ် ဘာရိုး က စနေနေ့တွင်ပြောကြားလိုက်သည်။ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ကျင်းပသည့်G7နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးတွင် ဝန်ကြီးကသတင်းထောက်များကို ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါရေကြောင်ဝန်ဆောင်မှုပိတ်ပင်ခြင်းအစီအစဉ်ကို ဥရောပသမဂ္ဂ (EU) ၏…
international news အမေရိကန်လက်ဝှေ့လောက အခြေအနေအတွက် မိုက်တိုက်ဆန် သတိပေး၊ လက်ဗေးဂတ်စ်တွင် အပျော်တမ်းပြိုင်ပွဲ စတင်ကျင်းပမည် February 15, 2026 Htet Ko PSM (NEWS) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆ ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုက်ဆန်က လက်ရှိ အမေရိကန်လက်ဝှေ့လောက အခြေအနေမှာ ကျဆင်းလျက်ရှိကြောင်း သတိပေးပြောကြားခဲ့ပြီး လက်ဝှေ့အားကစားကို ပြန်လည်လှုံ့ဆော်မြှင့်တင်နိုင်ရန် “မိုက်တိုက်ဆန် ဖိတ်ခေါ်ဖလား” (Mike Tyson Invitational) အမည်ရှိ အပျော်တမ်းလက်ဝှေ့ပြိုင်ပွဲသစ်ကို လာမည့် မတ်လတွင် စတင်ကျင်းပသွားမည် ဖြစ်သည်။ အသက် ၅၉ နှစ်အရွယ်ရှိ တိုက်ဆန်သည်…
international news စီးပွားရေးပြန်လည်ဦးမော့ရေးနှင့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲရေးကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ် ပထမဦးစားပေး ဆောင်ရွက်မည် February 15, 2026 Htet Ko PSM (NEWS) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၁၃ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမည့် တာရစ် ရာမန်က ၎င်း၏ အစိုးရသစ်အနေဖြင့် နိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေးတို့ကို ပထမဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စနေနေ့တွင် ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) ဥက္ကဋ္ဌဖြစ်သည့်…
daily-news ကံမ္မဈေးအတွင်း စစ်ကော်မရှင် ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး February 14, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၁၄၊၂၀၂၆ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကံမ္မမြို့နယ်တွင် စစ်ကြောင်းထိုး နေသော စစ်ကော်မရှင်ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ရာ ၃ ဦးသေဆုံးသွားကြောင်း Ayar Daung ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကမ္မရဲစခန်းမှထွက်လာသည့် စစ်ကော်မရှင်တပ်နှင့်ပျူစောထီးပူးပေါင်းအင်အား ၂၀၀ ကျော်ကို ကမ္မဈေးအတွင်း ပစ္စည်းများခိုးယူနေစဉ် တော်လှန်ရေးရဲဘော်များနှင့် ၄၅ မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။…