PSM(NEWS) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆ ထိုင်ဝမ်ကျွန်း၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် လာမည့်နှစ်အတွင်း ကာကွယ်ရေဆိုင်ရာ ကြိုးပမ်းမှုများကို ပိုမိုအားကောင်းအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် တရုတ်နှစ်သစ်ကူး သဝဏ်လွှာတွင် ပြောကြားခဲ့သည်။ သမ္မတလိုင်ချင်းတယ်သည်တရုတ်နိုင်ငံ၏ခြိမ်းခြောက်မှုကိုတုံ့ပြန်ရန်အတွက်ကာကွယ်ရေးအသုံးစရိတ်အဖြစ်ဒေါ်လာ၄၀ဘီလီယံထပ်မံသုံးစွဲရန်အဆိုပြုထားသည်။ သို့သော်လွှတ်တော်တွင်အများစုအနိုင်ရထားသည့် အတိုက်အခံပါတီများက ယင်းအဆိုပြုချက်ကို ပြန်လည်သုံးသပ်ရန်ငြင်းဆန်ထားပြီး ကုန်ကျစရိတ်သက်သာသည့် ကိုယ်ပိုင်အစီအစဉ်များကိုသာ ရှေ့တန်းတင်နေသည်။ ထိုင်ဝမ်အလယ်ပိုင်းတောင်တန်းရှိအရေးကြီးသောရေဒါစခန်းတစ်ခုတွင်ရိုက်ကူးထားသည့်မိန့်ခွန်း၌ နိုင်ငံကိုအချိန်ပြည့်ကာကွယ်ပေးနေသည့်လက်နက်ကိုင်တပ်ဖွဲ့ဝင်များကိုသမ္မတကကျေးဇူးတင်စကား ပြောကြားခဲ့သည်။ သဝဏ်လွှာနှင့်အတူ ထုတ်ပြန်သည့် ဗီဒီယိုတွင် ထိုင်ဝမ်၏ ပထမဆုံး ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောကို စမ်းသပ်မောင်းနှင်နေသည့် ပုံရိပ်များကိုလည်း ထည့်သွင်းပြသခဲ့သည်။ တရုတ်နိုင်ငံက၎င်းအား”ခွဲထွက်ရေးသမား”ဟုသတ်မှတ်ထားသလို၊ပြီးခဲ့သည့်ဒီဇင်ဘာလကုန်ပိုင်းကလည်း ထိုင်ဝမ်ကျွန်းပတ်ပတ်လည်တွင် တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ သမ္မတ လိုင်ချင်းတယ် သည် ယခုနှစ်သစ်ကူး သဝဏ်လွှာတွင် တရုတ်နိုင်ငံသို့နှုတ်ခွန်းဆက်စကား တစ်စုံတစ်ရာ ထည့်သွင်းပြောကြားခြင်း မရှိပေ။ ကိုးကား Reuters #ထိုင်ဝမ် #ကာကွယ်ရေးစွမ်းရည် #မြှင့်တင် #သမ္မတ_လိုင်ချင်းတယ် #တရုတ်နှစ်သစ်ကူးသဝဏ်လွှာ #ကတိပြု #PSM_News Post navigation ဟယ်ရီ ကိန်း ၏ သွင်းဂိုး ၅၀၀ ပြည့်မှတ်တိုင်နှင့်အတူ ဘိုင်ယန်မြူးနစ် ဂိုးပြတ်အနိုင်ရကာ ဇယားထိပ်တွင် ဆက်လက်ဦးဆောင် နျူကလီးယား အသေးစားဓါတ်ပေါင်းဖို နည်းပညာ အဆင်ပြေချောမွေ့မှုရှိကြောင်း သက်သေပြရန် အမေရိကန်က ပထမဆုံးအကြိမ် လေကြောင်းမှ သယ်ယူပို့ဆောင်မှု ပြုလုပ်