PSM(NEWS)

ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟယ်ရီ ကိန်းသည် စနေနေ့က ကစားခဲ့သည့် ဝါဒါဘရီမင် (Werder Bremen)နှင့်ပွဲတွင် ၎င်း၏ ကစားသမားဘဝ သွင်းဂိုး ၅၀၀ ပြည့်မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ် (Bayern Munich) အသင်းကလည်း ၃-၀ ဂိုးဖြင့် အနိုင်ရကာ ဘွန်ဒက်စ်လီဂါ (Bundesliga) ဇယားထိပ်တွင် အမှတ်ဖြတ် ဦးဆောင်ထားနိုင်ခဲ့သည်။

ဟယ်ရီ ကိန်း သည် ပထမပိုင်း၃မိနစ်အတွင်းမှာပင် ၂ ဂိုး သွင်းယူခဲ့သည်။ ပထမဂိုးကိုပွဲချိန်၂၂မိနစ်တွင်ပင်နယ်တီမှတစ်ဆင့်သွင်းယူခဲ့ခြင်းဖြစ်ပြီး၊ ယင်းမှာ၎င်း၏ကစားသမားဘဝတစ်လျှောက်ပင်နယ်တီမှတစ်ဆင့်သွင်းယူသည့် ၁၀၀ မြောက်ဂိုးလည်း ဖြစ်သည်။

ယခုရာသီတွင် ဟယ်ရီ ကိန်းသည်ဘွန်ဒက်စ်လီဂါတွင်၂၆ဂိုး၊ပြိုင်ပွဲအရပ်ရပ်တွင်၄၁ဂိုးအထိသွင်းထားနိုင်ပြီဖြစ်သည်။

ဘိုင်ယန်မြူးနစ်အတွက် တတိယမြောက်အပိုင်ဂိုးကို ပွဲချိန် မိနစ် ၇၀ တွင် လီယွန် ဂိုရက်စ်ကာ (Leon Goretzka)ကသွင်းယူပေးခဲ့သည်။ ဝါဒါဘရီမင်အသင်းမှာမူ နောက်ဆုံးကစားခဲ့သည့် လိဂ်ပွဲစဉ် ၁၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပြီး ဇယားအဆင့် ၁၆ နေရာသို့ ရောက်ရှိနေသည်။

ဘိုင်ယန်မြူးနစ်သည် ရမှတ် ၅၇ မှတ်ဖြင့် ဒုတိယနေရာမှ ဒေါ့မွန် (Borussia Dortmund) ကို၆မှတ်ဖြတ်ကာထိပ်ဆုံးမှဆက်လက်ဦးဆောင်နေသည်။

ကိုးကား Reuters

#ဘိုင်ယန်မြူးနစ်

#ဟယ်ရီကိန်း

#သွင်းဂိုး_၅၀၀_ပြည့်မှတ်တိုင်

#အင်္ဂလန်လက်ရွေးစင်

#PSM_News

By Htet Ko