PSM (News)

ဩဂုတ် ၂၉၊၂၀၂၆

ဒေါ်နယ်ထမ့် အစိုးရအဖွဲ့သည် အများပြည်သူအပေါ် မှီခိုအားထားရမည့်သူများ ဝင်ရောက်လာမှုကို တားဆီးရန် ကန့်သတ်ချက်အသစ်များအတွက် ကောင်စစ်ဝန်များကို သင်တန်းပေးချိန်ရရန် လူဝင်မှုကြီးကြပ်ရေး ဗီဇာအားလုံးကိုဩဂုတ်လ ၂၅ ရက်ကယာယီရပ်ဆိုင်းလိုက်သည်။

ဤလုပ်ဆောင်ချက်သည် စက်တင်ဘာလလယ်အထိ ကြာမြင့်မည်ဟု ခန့်မှန်းထားပြီး၊ ဗီဇာတွေ့ဆုံမေးမြန်းမှုများကို စက်တင်ဘာ၊ အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလများတွင် ပြန်လည်ပြုလုပ်သွားမည်ဖြစ်သည်။ ၎င်းအပြင် အမေရိကန်အစိုးရသည် နိုင်ငံပေါင်း ၇၅ နိုင်ငံမှ လူများအတွက် ဗီဇာထုတ်ပေးမှုကို တားမြစ်ရန် ကြိုးပမ်းခဲ့မှုနှင့် ပတ်သက်၍ တရားရုံး၏ ပယ်ချခြင်းကို ခံထားရပြီးနောက်၊ အမေရိကန်နိုင်ငံအတွင်းသို့ ရောက်ရှိလာပြီး ခိုလှုံခွင့် လျှောက်ထားခဲ့ကြသူများ၏ B-1 ဗီဇာ (စီးပွားရေးလုပ်ငန်းဆိုင်ရာ ယာယီဗီဇာ) နှင့် B-2 ဗီဇာ (ခရီးသွား/အလည်အပတ် ယာယီဗီဇာ) တို့ကိုပါ ရုပ်သိမ်းရန် ပြင်ဆင်နေသည်။

ကိုးကား-Fox News

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *