PSM(News) သြဂုတ် ၂၈၊ ၂၀၂၆ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စံပြကျေးရွာရှိ စစ်အုပ်စု၏ အထိုင်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း “ပကဖ အသံ” ထံမှ သိရသည်။ မြင်းခြံမြို့၏ အရှေ့မြောက်ဘက် နွားထိုးကြီး-မြင်းခြံ လမ်းပိုင်းတွင် တည်ရှိသော စံပြကျေးရွာ စစ်အုပ်စုစခန်းကို ပြီးခဲ့သည့် ဩဂုတ် ၂၆ ရက် နံနက် ၄ နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း စခန်း၌ တပ်စွဲထားသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့များက စခန်းအတွင်း ရှင်းလင်းရေး ပြုလုပ်နိုင်ခဲ့သည်။ တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက် အဆိုပါနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်အုပ်စုဘက်က အင်အားပြန်လည်ဖြည့်တင်းကာ စံပြရွာအတွင်း ပြန်လည်ဝင်ရောက်လာပြီး အနီးပတ်ဝန်းကျင် ကျေးရွာများသို့ ကင်းလှည့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စခန်းသိမ်းစစ်ဆင်ရေးကို မြင်းခြံမြို့နယ် ပကဖ၊ ဗိုလ်ဆားပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့ကြယ်တပွင့်တပ်ဖွဲ့၊ မြင်းခြံ 35 ပြောက်ကျားတပ်ဖွဲ့နှင့် အညာဖက်ဒရယ် ထနောင်းစစ်ကြောင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-ပကဖ-အသံ Post navigation မုန်တိုင်းအကြွင်းအကျန်နှင့် မုတ်သုံလေ အရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်အများအပြား မိုးအလွန် ကြီးနိုင်ပြီး သံလွင်နှင့် စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်အထက် ဆက်လက် ရှိနေ အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးအဖွဲ့နှင့် တပ်မှူးများ စုံညီအစည်းအဝေးပြုလုပ်ပြီး စစ်ဆင်ရေးများနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး