PSM (News)

ဩဂုတ် ၂၉၊၂၀၂၆

ထိုင်းနိုင်ငံ၊ စာကဲဝ် (Sa Kaeo) ခရိုင်အတွင်းရှိ လူစည်ကားရာ ရှော့ပင်းမောလ်တစ်ခုတွင် ပြီးခဲ့သည့် ကြာသပတေးနေ့က တန်ဖိုးငွေ ဘတ် ၅ သန်းကျော် (အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ကျော်) ရှိသည့် ရွှေထည်ပစ္စည်းများ ဓားပြတိုက်လုယူခံရမှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးချက်များအရ အဆိုပါ သံသယရှိသူသည် ရှော့ပင်းမောလ်အတွင်းသို့ ဝင်ရောက်လာပြီးနောက် လူအများအပြား အာရုံလွှဲနိုင်ရန်နှင့် ထိတ်လန့်စေရန် ရည်ရွယ်ချက်ဖြင့် မီးခိုးထွက်သည့် ပစ္စည်းကိရိယာ (Smoke Device) တစ်ခုကို ပစ်ပေါက်ခဲ့ကြောင်း သိရသည်။ ထို့နောက် မီးခိုးများ ဖုံးလွှမ်းသွားချိန်ကို အသုံးချကာ ရွှေဆိုင်အတွင်းသို့ ဝင်ရောက်ာ အလေးချိန် အလေးချိန် ၁ ကီလိုဂရမ်နီးပါးရှိသည့် ရွှေထည်ပစ္စည်းများကို အိတ်အတွင်း အမြန်ဆုံး သိမ်းဆည်းယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ပြစ်မှုကျူးလွန်ပြီးနောက် သံသယရှိသူသည် အခင်းဖြစ်ပွားရာနေရာမှ လျှပ်စစ်ဆိုင်ကယ်တစ်စီးဖြင့်မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

လက်ရှိတွင် စာကဲဝ်ခရိုင် ရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားသည့်နေရာရှိ လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းများနှင့် သက်သေအထောက်အထားများကို အခြေခံ၍ တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် အထူးစုံစမ်းစစ်ဆေးမှုများနှင့် လိုက်လံရှာဖွေရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက် လုပ်ဆောင်လျက်ရှိသည်။

ကိုးကား-CNA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *