Category: international news

ခရီးသွားများ၏ စည်းကမ်းမဲ့မှုများကြောင့် ဖူဂျီတောင် ချယ်ရီပန်းပွဲတော်အား ဖျက်သိမ်းရန် ဆုံးဖြတ်

PSM(NEWS)ဖေဖော်ဝါရီ ၇၊၂၀၂၆ ဂျပန်နိုင်ငံ၊ ဖူဂျီယိုရှီဒါမြို့ရှိ နာမည်ကျော် ဖူဂျီတောင်ရှုခင်းကြည့်နေရာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော နွေဦးချယ်ရီပန်းပွဲတော်ကို ယခုနှစ်တွင် ကျင်းပတော့မည်မဟုတ်ကြောင်း မြို့အာဏာပိုင်များက ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကြေညာခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်မှာ ခရီးသွားဦးရေ အလွန်အမင်းများပြားလာမှုနှင့်အတူ ဧည့်သည်များ၏ အနှောင့်အယှက်ဖြစ်စေသော အပြုအမူများအပေါ် ဒေသခံများက စိုးရိမ်မကင်းဖြစ်ကာ ကန့်ကွက်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။ ယာမာနာရှီ စီရင်စုရှိ အာရာကူရာယာမ ဆန်ဂန်ပန်းခြံ တွင်…

ICC တရားသူကြီးများနှင့် ကုလသမဂ္ဂကျွမ်းကျင်သူများအပေါ်ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ထရမ့်အစိုးရအတွင်းသဘောထားကွဲလွဲမှုများရှိနေ

PSM(NEWS)ဖေဖော်ဝါရီ ၇၊ ၂၀၂၆ ထရမ့်အစိုးရသည်အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး (ICC) မှ တရားသူကြီးများ၊ အစိုးရရှေ့နေများနှင့်ကုလသမဂ္ဂ၏ဂါဇာဆိုင်ရာကျွမ်းကျင်သူဖရန်ချက်စကာအယ်လ်ဘာနိစ် တို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အထူးသတ်မှတ်ထားသော ပိတ်ဆို့အရေးယူခံရသူများစာရင်း (SDN) တွင်ထည့်သွင်း၍ ပိုင်ဆိုင်မှုများ ပိတ်ပင်ခြင်းနှင့် စုံစမ်းစစ်ဆေးမှုများကိုဟန့်တားခြင်းများ ပြုလုပ်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုအရ အဆိုပါ ပိတ်ဆို့အရေးယူမှုများ၏ အတိုင်းအတာနှင့်အချိန်အခါနှင့်ပတ်သက်၍ထရမ့်အစိုးရတာဝန်ရှိသူများအကြားသဘောထားကွဲလွဲမှုများရှိခဲ့ကြောင်း သိရသည်။ နိုင်ငံရေးအရခန့်အပ်ထားသူအချို့ကICCအပေါ်ပိုမိုပြင်းထန်သောအရေးယူမှုများပြုလုပ်ရန်ဖိအားပေးခဲ့ကြသော်လည်း၊အချို့သောအရာရှိများကမူယင်းလုပ်ရပ်၏နယ်ပယ်ကျယ်ပြန့်လွန်းမှုနှင့်နောက်ဆက်တွဲသက်ရောက်မှုများပေါ်စိုးရိမ်ခဲ့ကြသည်။ အဆိုပါပိတ်ဆို့အရေးယူမှုများသည် ဂါဇာဒေသအတွင်း ဖြစ်ပွားခဲ့သောစစ်ရာဇ၀တ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုများကိုအဓိကပစ်မှတ်ထားခြင်းဖြစ်ပြီး၊ကုလသမဂ္ဂကျွမ်းကျင်သူအယ်လ်ဘာနိစ်ကိုပိတ်ဆို့မှုသည်လွတ်လပ်သောလူ့အခွင့်အရေးအစီရင်ခံတင်ပြမှုများကိုဖိနှိပ်ရန်ကြိုးပမ်းမှုဖြစ်သည်ဟုဝေဖန်မှုများလည်းထွက်ပေါ်လျက်ရှိသည်။ ကိုးကား…

တရုတ်အစိုးရ၏ စောင့်ကြည့်ထိန်းချုပ်ရေး လိုအပ်ချက်ကို ငြင်းဆန်သည့် ခရစ်ယာန်ဘုန်းတော်ကြီး ဖမ်းဆီးခံရ

PSM (News)ဖေဖော်ဝါရီ ၆၊ ၂၀၂၆ ကွန်မြူနစ်ပါတီဦးဆောင်သည့် တရုတ်အစိုးရက ဘုရားကျောင်းအတွင်း အစိုးရထိန်းချုပ်သော မျက်နှာမှတ်မိစနစ်ပါ စောင့်ကြည့်ကင်မရာများကို အများအပြား တပ်ဆင်ရန် တောင်းဆိုခဲ့မှုကို ငြင်းဆန်ခဲ့သည့် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဘုရားကျောင်းကိုလည်း သိမ်းယူခဲ့ကြောင်း AP သတင်းဌာနက လူ့အခွင့်အရေးအဖွဲ့များနှင့် အဆိုပါကိစ္စကို သိရှိထားသည့် အရင်းအမြစ်များကို ကိုးကား၍ ဖော်ပြထားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ပါစတာ အီဇရာ…

SpaceX တွင် တရုတ်ရင်းနှီးမြှုပ်နှံသူများ ပါဝင်နေမှုရှိမရှိ စုံစမ်းစစ်ဆေးရန် ပင်တဂွန်စစ်ဌာနချုပ်ကိုအထက်လွှတ်တော်အမတ်များ တောင်းဆို

PSM(NEWS)ဖေဖော်ဝါရီ ၆၊ ၂၀၂၆ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အဓိကကျသည့် SpaceX ကုမ္ပဏီတွင် တရုတ်ရင်းနှီးမြှုပ်နှံသူများက ရှယ်ယာများ လျှို့ဝှက်ဝယ်ယူထားသည်ဆိုသည့် စွပ်စွဲချက်များအပေါ် အရေးပေါ်စုံစမ်းစစ်ဆေးပေးရန် အထက်လွှတ်တော်အမတ်များဖြစ်ကြသော အဲလစ်ဇဘက် ဝါရင် နှင့် အန်ဒီ ကင် တို့က ပင်တဂွန်စစ်ဌာနချုပ်သို့ တိုက်တွန်းလိုက်သည်။ ၎င်းတို့၏ တိုင်ကြားစာအရ တရုတ်နှင့် ဆက်နွှယ်သူများသည် ကေမန်ကျွန်းစုကဲ့သို့သော ဒေသများရှိ ကုမ္ပဏီများကို အသုံးပြု၍…

ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး အမေရိကန်နှင့် ရုရှားတို့ အဆင့်မြင့်စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများ ပြန်လည်စတင်ရန် သဘောတူ

PSM(NEWS) ဖေဖော်ဝါရီ ၆၊ ၂၀၂၆ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းနေသည့် သမ္မတ ဒေါ်နယ်ထရမ့် တက်လာပြီးနောက်ပိုင်း အမေရိကန်နှင့် ရုရှားနိုင်ငံတို့အကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာသည့် လက္ခဏာတစ်ရပ်အနေဖြင့် နှစ်နိုင်ငံအကြား လေးနှစ်ကျော်ကြာ ရပ်တန့်နေသည့် အဆင့်မြင့်စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများကို ပြန်လည်စတင်ရန် ကြာသပတေးနေ့တွင် သဘောတူညီခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်သည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ မြို့တော်တွင် ပြုလုပ်သည့်…

တရုတ်စစ်ဘက်အဆင့်မြင့်အရာရှိကြီးအားစုံစမ်းစစ်ဆေးပြီးနောက် ကာကွယ်ရေးကဏ္ဍမှ အမတ် ၃ ဦးကို ရာထူးမှဖယ်ရှား

PSM(NEWS)ဖေဖော်ဝါရီ ၆၊ ၂၀၂၆ တရုတ်နိုင်ငံ၏ ဒုတိယအာဏာအရှိဆုံး စစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကျန်းယူရှ ကို အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေးနေစဉ်အတွင်း ကာကွယ်ရေးနှင့် နျူကလီးယားကဏ္ဍမှ ထိပ်သီးဥပဒေပြုအမတ် ၃ ဦးကို ရာထူးမှ ထပ်မံဖယ်ရှားလိုက်ကြောင်း သိရသည်။ ရာထူးမှဖယ်ရှားခံရသူများတွင် စစ်ဘက်သုံးလေယာဉ်ထုတ်လုပ်ရေး (AVIC) အကြီးအကဲဟောင်း ကျိုးရှင်းမင်၊ နျူကလီးယားသုတေသနပညာရှင် လျူချန်းလီနှင့် နျူကလီးယားစွမ်းအင်လုပ်ငန်း (CNNC) အင်ဂျင်နီယာချုပ် လော့ချီတို့…

အမေရိကန်နှင့်ချုပ်ဆိုထားသောနျူကလီးယားစာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်‘တာဝန်ယူမှုရှိရှိ’ဆက်လက်ဆောင်ရွက်သွားမည်ဟုရုရှားကတိပြု

PSM(NEWS)ဖေဖော်ဝါရီ ၅၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စုနှင့် ချုပ်ဆိုထားသည့် နောက်ဆုံးလက်ကျန် နျူကလီးယားစာချုပ်သည် ၂၀၂၆ခုနှစ်ဖေဖော်ဝါရီ ၅ ရက်ကြာသပတေးနေ့ ယနေ့တွင်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်၊ ယင်းနောက်ပိုင်းတွင် မိမိတို့အနေဖြင့် “တာဝန်ယူမှုရှိရှိ” ဆက်လက်ဆောင်ရွက်သွားမည်ဟုရုရှားနိုင်ငံက ဗုဒ္ဓဟူးနေ့တွင်ကတိပြုပြောကြားလိုက်သည်။ အဆိုပါစာချုပ်ပျက်ပြားသွားခြင်းကြောင့်ကမ္ဘာ့ထိပ်သီးနျူကလီးယားအင်အားကြီးနိုင်ငံများအကြားလက်နက်ပြိုင်ဆိုင်မှုအသစ်များဖြစ်လာနိုင်သည်ဟူသောစိုးရိမ်မှုများမြင့်တက်နေချိန်တွင်ယခုကဲ့သို့ပြောကြားလာခြင်းဖြစ်သည်။ ၂၀၁၀ပြည့်နှစ်တွင်လက်မှတ်ရေးထိုးခဲ့သည့် New STARTစာချုပ်သည်တစ်ဖက်စီမှတပ်ဖြန့်ထားနိုင်သည့်နျူကလီးယားထိပ်ဖူးအရေအတွက်ကိုကန့်သတ်ထားခြင်းဖြစ်သည်။ စာချုပ်သက်တမ်းကုန်ဆုံးသွားပါကရုရှားနှင့် အမေရိကန်န်တို့သည် ၎င်းတို့၏နျူကလီးယားလက်နက်တိုက်များအပေါ် တားမြစ်ထားသည့် ကန့်သတ်ချက်များအားလုံးမှလွတ်မြောက်သွားမည်ဖြစ်သည်။ ရုရှားသမ္မတဗလာဒီမာပူတင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်ဗုဒ္ဓဟူးနေ့ကဖုန်းဖြင့်ဆွေးနွေးရာတွင်စာချုပ်သက်တမ်းကုန်ဆုံးသွားပါကရုရှားအနေဖြင့်“ချိန်ဆပြီးတာဝန်ယူမှုရှိရှိဆောင်ရွက်သွားမည်”ဟုပြောကြားခဲ့ကြောင်း ကရင်မလင်နန်းတော် အကြံပေးပုဂ္ဂိုလ်…

ကုလသမဂ္ဂ ဘဏ္ဍာရေး အကြီးအကျယ် ပြိုလဲနိုင်ခြေရှိဟု အထွေထွေအတွင်းရေးမှူးချုပ် သတိပေး

PSM(NEWS)ဖေဖော်ဝါရီ ၅၊ ၂၀၂၆ ကုလသမဂ္ဂအဖွဲ့ကြီးသည် မကြုံစဖူးသော ဘဏ္ဍာရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး လာမည့် ဇူလိုင်လအတွင်း “ချက်ချင်းဘဏ္ဍာရေးပြိုလဲမှု”နှင့်ကြုံတွေ့ရနိုင်ကြောင်းအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတာရက်စ်က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဘတ်ဂျက်ကော်မတီသို့ တရားဝင်အစီရင်ခံစာ ပေးပို့၍သတိပေးလိုက်သည်။ အဖွဲ့ဝင် ၁၉၃ နိုင်ငံထံ ပေးပို့သော ၎င်း၏ အစီရင်ခံစာတွင် ကုလသမဂ္ဂ၏…

ထိုင်းနိုင်ငံက FBI နှင့် နိုင်ငံတကာမီဒီယာများကို ခေါ်ဆောင်၍ ကျားဖြန့်ဂိုဏ်းများကို ဖော်ထုတ်မှုအပေါ် ကမ္ဘောဒီးယားအစိုးရ ပြင်းထန်စွာကန့်ကွက်

PSM(NEWS)ဖေဖော်ဝါရီ ၅၊ ၂၀၂၆ ထိုင်းအာဏာပိုင်များသည် ကမ္ဘောဒီးယားပိုင်နက်အတွင်းသို့ နိုင်ငံခြားစစ်သံမှူးများနှင့် တရားဥပဒေစိုးမိုးရေးအရာရှိများကို ခွင့်ပြုချက်မရှိဘဲ ခေါ်ဆောင်၍ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ကမ္ဘောဒီးယားအစိုးရက ထိုင်းနိုင်ငံအပေါ် အပြင်းထန်ဆုံး ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်သည်။ ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထိုင်းကြည်းတပ်၏ ထောက်လှမ်းရေးအရာရှိချုပ် ဦးဆောင်သော အဆိုပါအဖွဲ့သည် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊…

ဂရိနိုင်ငံ ချီအော့စ်ကျွန်းအနီးတွင် ရွှေ့ပြောင်းအခြေချသူများ၏ စက်လှေနှင့် ကမ်းခြေစောင့်တပ်သင်္ဘော တိုက်မိရာ လူ ၁၅ ဦး သေဆုံး

PSM(NEWS)ဖေဖော်ဝါရီ ၅၊ ၂၀၂၆ ဂရိနိုင်ငံ အီးဂျီးယန်းပင်လယ် အတွင်းရှိ ချီအော့စ်ကျွန်းအနီးတွင် ဖေဖော်ဝါရီ ၃ ရက်အင်္ဂါနေ့ ညပိုင်းက ရွှေ့ပြောင်းအခြေချသူများ လိုက်ပါလာသည့် စက်လှေတစ်စီးနှင့် ဂရိကမ်းခြေစောင့်တပ် ကင်းလှည့်သင်္ဘောတစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ဂရိအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။ ဂရိကမ်းခြေစောင့်တပ်၏ ထုတ်ပြန်ချက်အရ လူအမြောက်အမြား လိုက်ပါလာသည့်…

You missed