PSM(NEWS) မတ်၂၆ ၊၂၀၂၆ အရှေ့အလယ်ပိုင်းပဋိပက္ခကာလရှည်ကြာလာနိုင်ခြေကိုကြိုတင်ကာကွယ်သည့်အနေဖြင့်နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) နှင့် ပူးပေါင်း၍ ရေနံအရန်သိုလှောင်မှုကိုထပ်မံထုတ်ပေးရန်ဂျပန်ဝန်ကြီးချုပ်ဆာနာအေးတာကာအီချီကအေဂျင်စီအကြီးအကဲဖာတစ်ဘီရောလ်ကိုဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်သည်။ အရှေ့အလယ်ပိုင်းမှရေနံတင်ပို့မှုပြတ်တောက်သွားခြင်းကိုကုစားရန်အတွက်IEAနှင့်ညှိနှိုင်းကာ စံချိန်တင်ရေနံပမာဏကိုထုတ်ပေးရန်သဘောတူညီပြီးနောက်၊ဂျပန်နိုင်ငံအတွင်းရှိထုတ်လုပ်သူနိုင်ငံများနှင့်အကျိုးတူပိုင်ဆိုင်သောရေနံအရန်များကိုလည်းဈေးကွက်သို့ ထုတ်ရောင်းသို့မဟုတ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းဝန်ကြီးချုပ်တာကာအီချီကအင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ အီရန်စစ်ပွဲကြောင့်အရှေ့အလယ်ပိုင်းမှရေနံစီးဆင်းမှုများအနှောင့်အယှက်ဖြစ်နေရသဖြင့်“လိုအပ်ပါက”အရန်ရေနံများထပ်မံထုတ်ပေးရေးအတွက်အာရှနှင့်ဥရောပရှိအစိုးရများနှင့်ညှိနှိုင်းနေကြောင်း ဘီရောလ်က ယခုတစ်ပတ်အတွင်း ဩစတြေးလျ၌ပြုလုပ်သည့်စက်မှုထိပ်သီး ခုနစ်နိုင်ငံအုပ်စု(G7)အစည်းအဝေးတွင်ပြောကြားခဲ့သည်။ “အခြေအနေတွေကြာရှည်သွားနိုင်တဲ့ဖြစ်နိုင်ခြေအတွက်ပြင်ဆင်တဲ့အနေနဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့အရန်ရေနံတွေထပ်မံထုတ်ပေးဖို့ပြင်ဆင်ထားကြဖို့ ကျွန်မတောင်းဆိုခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့IEAနဲ့ဆက်လက်ပြီးနီးနီးကပ်ကပ်လုပ်ဆောင်သွားမှာပါ”ဟုဝန်ကြီးချုပ်ကလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။ မတ်လ ၁၁ ရက်နေ့က သဘောတူညီခဲ့သော အရန်ရေနံစည်ပေါင်း သန်း ၄၀၀ ထုတ်ပေးရန် အစီအစဉ်သည်IEAနှင့်ညှိနှိုင်းနေသောအဖွဲ့ဝင်နိုင်ငံများပိုင်ဆိုင်သည့်စုစုပေါင်းရေနံနှင့်ရေနံထွက်ပစ္စည်းများ၏၂၀ရာခိုင်နှုန်းသာရှိသေးကြောင်းဘီရောလ်ကဗုဒ္ဓဟူးနေ့တိုကျိုတွင်ပြောကြားခဲ့သည်။ “လိုအပ်လာတဲ့အချိန်မှာ ရှေ့ဆက်လုပ်ဆောင်ဖို့ ကျွန်တော်တို့ အသင့်ရှိနေပါတယ်။ဒါပေမဲ့ဒါဟာ မလိုအပ်ဘဲ ဖြစ်သွားဖို့ပဲ ကျွန်တော် အများကြီး မျှော်လင့်ပါတယ်”ဟုဝန်ကြီးချုပ်နှင့်တွေ့ဆုံအပြီးတွင် ၎င်းက ဆိုသည်။ အခြားတစ်ဖက်တွင်လည်းဟော်မုဇ်ရေလက်ကြားပိတ်ထားဆဲဖြစ်သည့်အတွက် ဂျပန်နှင့် သက်ဆိုင်သောသင်္ဘော၄၅စင်းမှာပါရှန်ပင်လယ်ကွေ့အတွင်းပိတ်မိနေဆဲဖြစ်ကြောင်းဂျပန်သင်္ဘောပိုင်ရှင်များအသင်းဥက္ကဋ္ဌနှင့်ကမ္ဘာ့အကြီးဆုံး သင်္ဘောလုပ်ငန်းတစ်ခုဖြစ်သည့် NYK Group ၏ အကြီးအကဲ ဟီတိုရှီ နာဂါဆာဝါက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ကိုးကား Reuters Post navigation ကင်မရွန်းနိုင်ငံ၏ အခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အဆင်သင့်ရှိကြောင်း တရုတ်နိုင်ငံပြောကြား ယူကရိန်းနိုင်ငံ၊ ခါကိဗ်မြို့တွင် ရုရှား၏ တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံး၊ ဒန်ညုမြစ်ပေါ်ရှိ အခြေခံအဆောက်အအုံများ ပျက်စီး