PSM((NEWS) မတ် ၂၆၊၂၀၂၆ ဘင်္ဂလားဒေ့ရှ်နိုင်ငံအလယ်ပိုင်းတွင် လူ ၅၀ ခန့် တင်ဆောင်လာသည့်ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် ကူးတို့သင်္ဘောပေါ်သို့အတက်တွင် မြစ်ကြီးတစ်ခုအတွင်းထိုးကျသွားခဲ့သဖြင့်အနည်းဆုံးလူ၁၈ဦးသေဆုံးခဲ့ကြောင်းတာဝန်ရှိသူများက ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။ အဆိုပါ ဘတ်စ်ကားသည် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက မြို့တော်ဒါကာနှင့် ၈၄ ကီလိုမီတာ (၅၂ မိုင်) ခန့်အကွာရှိ ရာ့ဂျ်ဘာရီ ခရိုင်အတွင်းရှိပတ်ဒ်မာမြစ်အတွင်းသို့ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်အရာရှိ ဒီဝမ် ဆိုဟေးလ် ရာနားက ပြောသည်။ အစ္စလာမ်ဘာသာဝင်တို့၏အစ်နေ့ပွဲတော်အပြီး လုပ်ငန်းခွင်အသီးသီးသို့ ပြန်လာကြသူများကို တင်ဆောင်လာသည့် အဆိုပါဘတ်စ်ကားသည် နိုင်ငံအနောက်တောင်ပိုင်း ကုရှ်တီးယား ခရိုင်မှ မြို့တော်ဒါကာသို့ ဦးတည်မောင်းနှင်လာခြင်း ဖြစ်သည်။ မတော်တဆမှုဖြစ်ပွားပြီးနောက်ခရီးသည်အများအပြားမှာဘေးကင်းရာသို့ရေကူးလွတ်မြောက်ခဲ့ကြသော်လည်းကျန်ရှိသူများမှာကားအတွင်း ပိတ်မိနေခဲ့ကြောင်း ရာနားက ဆိုသည်။ ဗုဒ္ဓဟူးနေ့ညနှောင်းပိုင်းတွင်ကယ်ဆယ်ရေးသင်္ဘောတစ်စီး ရောက်ရှိလာပြီး ဘတ်စ်ကားကို ဆယ်ယူနိုင်ခဲ့ကာကယ်ဆယ်ရေးသမားများသည်တစ်ညလုံးရုပ်အလောင်းများကိုရှာဖွေခဲ့ကြရာ ကြာသပတေးနေ့နံနက်ပိုင်းအထိ အလောင်း ၁၈ လောင်း ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ညပိုင်းရှာဖွေမှုအတွင်းပြင်းထန်သောရေစီးကြောင်းများနှင့်မိုးရွာသွန်းမှုများကြောင့်ကယ်ဆယ်ရေးလုပ်ငန်းများနှောင့်နှေးကြန့်ကြာမှုရှိခဲ့ကြောင်း သိရသည်။ ပျောက်ဆုံးနေသူ ကျန်ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သေဆုံးသူများထဲတွင် အမျိုးသမီး ၁၀ ဦးနှင့် ကလေးငယ်၂ဦးပါဝင်ကြောင်းမီးသတ်နှင့်လူထုကာကွယ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။ ကိုးကား AP Post navigation ယူကရိန်းနိုင်ငံ၊ ခါကိဗ်မြို့တွင် ရုရှား၏ တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံး၊ ဒန်ညုမြစ်ပေါ်ရှိ အခြေခံအဆောက်အအုံများ ပျက်စီး အမေရိကန်၏ အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို ပြန်လည်သုံးသပ်နေသော်လည်း ဆွေးနွေးပွဲများပြုလုပ်ရန်မရှိဟု အီရန်ပြောကြား