international news တိုကျိုမြို့တွင် စံချိန်တင် အပူချိန်ပြင်းထန်မှုကြောင့် လူ ၄၅၀ ကျော် ဆေးရုံတင်ပို့ခဲ့ရ July 24, 2026 Htet Ko PSM (News) ဇူလိုင်၂၄၊ ၂၀၂၆ ဂျပန်နိုင်ငံတွင် အလွန်အမင်း ပြင်းထန်သော အပူလှိုင်းဒဏ်ကို ခံစားနေရသည်။ယင်းသို့ ပူပြင်းလွန်းသည့် ရာသီဥတုကြောင့် မြို့တော်တိုကျိုတွင် အပူဒဏ်ကြောင့် ထိခိုက်ခံစားရသူ ဦးရေမှာ စံချိန်တင် အလွန်များပြားလာခဲ့သည်။ တစ်ရက်အတွင်း အပူဒဏ်ကြောင့် လူပေါင်း ၄၅၃ ဦး ဆေးရုံတင်ပို့ခဲ့ရကြောင်းကို တိုကျိုမီးသတ်ဌာနက ဇူလိုင်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်သည်။ ဤသည်မှာ…
international news ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် ရုရှား၏ အွန်လိုင်းလက်လီဆိုင်ကြီး Wildberries ဂိုဒေါင်တစ်ခု ထပ်မံပိတ်သိမ်းရ July 24, 2026 Htet Ko PSM (News) ဇူလိုင် ၂၄၊ ၂၀၂၆ ကြာသပတေးနေ့ (ဇူလိုင် ၂၃) မိုးလင်းခါနီးအချိန်က ယူကရိန်း၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ၏ ထိပ်တန်းအွန်လိုင်းလက်လီရောင်းချရေး ကုမ္ပဏီတစ်ခုဖြစ်သော Wildberries ၏ ဂိုဒေါင်တစ်ခုတွင် လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းလိုက်ရသည်။ ဤတိုက်ခိုက်မှုသည် ရုရှားနိုင်ငံ၏ လူသုံးကုန်စီးပွားရေးဗဟိုချက်မကို ပစ်မှတ်ထားကာ ယူကရိန်း အစိုးရ ကျယ်ပြန့်စွာ လုပ်ဆောင်နေသည့် စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်း…
international news အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့ အစိုးရချင်း စာချုပ်ချုပ်ဆိုပြီး အရပ်ဘက် နျူကလီးယား စွမ်းအင် သဘောတူညီချက် ရရှိ July 24, 2026 Htet Ko PSM (News) ဇူလိုင် ၂၄၊၂၀၂၆ အမေရိကန်အစိုးရသည် ဆော်ဒီအာရေဗျနိုင်ငံနှင့် နျူကလီးယားသဘောတူညီချက်တစ်ရပ်ကို ဇူလိုင်လ ၂၂ ရက်နေ့တွင် တရားဝင်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ဤသဘောတူညီချက်အရ ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် နျူကလီးယားဓာတ်ပေါင်းဖိုများအတွက် လိုအပ်သော ကိုယ်ပိုင်နျူကလီးယားလောင်စာများကို ကိုယ်တိုင်ထုတ်လုပ် (သန့်စင်) နိုင်ရေးအတွက် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်သည်။ အမေရိကန်စွမ်းအင်ဝန်ကြီး ခရစ် ရိုက် နှင့် ဆော်ဒီစွမ်းအင်ဝန်ကြီး မင်းသား အဗ္ဗဒူလာဇစ် ဘင် ဆာလမန်…
international news အာဆီယံအစည်းအဝေးများသို့ မြန်မာခေါင်းဆောင်များ ပြန်လည်ပါဝင်လာရန်မှာ “အလှမ်းဝေးဆဲ” ဖြစ်ကြောင်း အထူးကိုယ်စားလှယ် ပြောကြား July 24, 2026 Htet Ko PSM (News) ဇူလိုင် ၂၄၊၂၀၂၆ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ ထိပ်သီးအစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ခေါင်းဆောင်များ ပြန်လည်ပါဝင်လာနိုင်ခြေမှာ “အလှမ်းဝေးဆဲ” ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ ပြည်တွင်းစစ် ပဋိပက္ခများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ ငြိမ်းချမ်းရေး အစပျိုးမှုဖြစ်သော “ဘုံသဘောတူညီချက် ၅ ရက်” ကို လိုက်နာမှုအပေါ် ဆက်လက် ဆန်းစစ်ဆဲဖြစ်သောကြောင့်…
international news အိန္ဒိယ၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် လူ ၈၂ ဦး သေဆုံး July 24, 2026 Htet Ko PSM (News) ဇူလိုင် ၂၄၊၂၀၂၆ ယခုသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများကြောင့် အနည်းဆုံး လူ ၈၂ ဦး သေဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးရေးမြေများ၊ အခြေခံအဆောက်အအုံများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်ပျက်စီးခဲ့ရသည်။ အိန္ဒိယနိုင်ငံ…
international news ပြင်သစ်တွင် အသက် ၁၅ နှစ်အောက် ကလေးငယ်များ လူမှုကွန်ရက်သုံးစွဲခွင့် တားမြစ် July 23, 2026 Htet Ko PSM(News) ဇူလိုင် ၂၃၊ ၂၀၂၆ Tik Tok ကဲ့သို့သော လူမှုကွန်ရက် အပလီကေးရှင်းများကို ကလေးငယ်များ အသုံးပြုခြင်းမှ တားမြစ်သည့် ဥပဒေကြမ်းကို ပြင်သစ်နိုင်ငံ လွှတ်တော်က ဇူလိုင်လ ၂၁ ရက် အင်္ဂါနေ့တွင် တရားဝင်အတည်ပြုလိုက်ပြီဖြစ်သည်။ ၎င်းမှာ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများထဲတွင် ပထမဆုံးအကြိမ် တားမြစ်သည့်နိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရသည်။ သမ္မတ အီမန်နျူရယ်…
international news ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စည်းရိုးတည်ဆောက်မှုကို ထိုင်း ဆက်လက်လုပ်ဆောင် July 23, 2026 Htet Ko PSM(News) ဇူလိုင် ၂၃၊၂၀၂၆ ပြီးခဲ့သည့်နှစ်က တိုက်ပွဲများ နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် အမြဲတမ်းနယ်စပ်စည်းရိုး၏ ပထမဆုံးအပိုင်းကို တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း ထိုင်းစစ်တပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ အရှေ့ပိုင်း ပွန်နမ်ရွန်ခရိုင်အတွင်းရှိ ၁.၃ ကီလိုမီတာ ရှည်လျားသည့် အဆိုပါကွန်ကရစ်စည်းရိုးသည် လက်နက်ငယ်များ၏ ပစ်ခတ်မှုကို ကာကွယ်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ပြီး၊ စုစုပေါင်း ၈၁၇ ကီလိုမီတာ ရှည်လျားသော နယ်စပ်တစ်လျှောက်တွင် နောက်ထပ်…
international news ဗင်နီဇွဲလား သမ္မတဟောင်း မာဒူရို၏ မူးယစ်မှောင်ခိုမှုအမှု ရုံးချိန်းအတွက် အမေရိကန်တရားရုံးသို့ ရောက်ရှိမည် July 23, 2026 Htet Ko PSM(News) ဇူလိုင် ၂၃၊၂၀၂၆ ဖမ်းဆီးထိန်းသိမ်းခံထားရသော ဗင်နီဇွဲလား သမ္မတဟောင်း နီကိုလက်စ် မာဒူရိုနှင့် ဇနီးဖြစ်သူ ဆီလီယာ ဖလိုရက်စ်တို့သည် မူးယစ်ဆေးဝါးမှောင်ခိုမှု အမှုတွဲနှင့်ပတ်သက်သည့် ရုံးချိန်းစာရင်းဇယားများကို ဆွေးနွေးရန် ဗုဒ္ဓဟူးနေ့တွင် မန်ဟက်တန် ဖယ်ဒရယ်တရားရုံးသို့ ထပ်မံရောက်ရှိမည်ဖြစ်သည်။ အမေရိကန်ခရိုင်တရားသူကြီး အယ်လ်ဗင် ဟယ်လာစတိုင်း ရှေ့မှောက်၌ ပြုလုပ်မည့် ယခုရုံးချိန်းတွင် ၂၀၂၇ ခုနှစ် ဇွန်လ၌ အမှုစတင်စစ်ဆေးရန် နှစ်ဖက်ရှေ့နေများက…
international news အိန္ဒိယနိုင်ငံတွင် ကျောင်းသားဆန္ဒပြပွဲများကြောင့် ဝန်ကြီးချုပ် မိုဒီအတွက် အတိုက်အခံများကို နေရာပေးမိသကဲ့သို့ ဖြစ်လာ July 23, 2026 Htet Ko PSM(News) ဇူလိုင် ၂၃၊၂၀၂၆ အိန္ဒိယနိုင်ငံ၌ အစိုးရ၏ စာမေးပွဲမေးခွန်း ပေါက်ကြားမှုနှင့် အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်သည့် ကျောင်းသားများနှင့် လူငယ်များ၏ ဆန္ဒပြပွဲများ ကျယ်ပြန့်လာခြင်းသည် ဝန်ကြီးချုပ် နရန်ဒြာ မိုဒီ၏ အစိုးရအပေါ် ဖိအားဖြစ်စေပြီး အတိုက်အခံပါတီများအတွက် လူငယ်မဲဆန္ဒရှင်များကို ဆွဲဆောင်ရန် ရှားပါးသည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာစေခဲ့သည်။ မြို့တော် နယူးဒေလီမြို့တွင် ဆန္ဒပြကျောင်းသားများကို ရဲတပ်ဖွဲ့က ရာဘာတုတ်များ၊ ရေပက်ပိုက်များနှင့်…
international news မနီလာမြို့တွင် အာဆီယံ အစည်းအဝေးကျင်းပနေစဉ် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်ရင်ဆိုင် ပဋိပက္ခဖြစ်ပွား July 23, 2026 Htet Ko PSM(News) ဇူလိုင် ၂၃၊ ၂၀၂၆ ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော်ဖြစ်သော မနီလာမြို့တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများ၏ အစည်းအဝေး ကျင်းပနေသည့် ကာလအတွင်း ဆန္ဒပြပွဲများ ဇူလိုင်လ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ဖြစ်ပွားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၏ ခရီးစဉ်ကို လုံးဝ လက်မခံကြောင်း ပြသသည့်အနေဖြင့် ဒေသခံဖိလစ်ပိုင်တက်ကြွလှုပ်ရှားသူများက လမ်းမများပေါ်ထွက်ကာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။…