Category: daily-news

ဗန်းမော်တွင် တပ်ရင်းမှူးအား လာကယ်သည့် စစ်ကော်မရှင်၏ Mi-17 ရဟတ်ယာဉ်ကို KIA ပစ်ချနိုင်၊ အမြီးပိုင်းနှင့် တောင်ပံထိမှန်ကာ ရွှေကူမြို့ပြင်တွင် အရေးပေါ်ဆင်းသက်ရ

PSM (News) မတ် ၆၊ ၂၀၂၆ ဗန်းမော်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲတွင် ဒဏ်ရာရရှိထားသော စစ်ကော်မရှင် တပ်ရင်းမှူးအား လာရောက်ကယ်ထုတ်သည့် Mi-17 ရဟတ်ယာဉ်တစ်စင်းကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ရာ အဆိုပါ ရဟတ်ယာဉ်မှာ ရွှေကူမြို့ပြင်တွင် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။ ယနေ့ မတ် ၆ ရက်နေ့ မွန်းလွဲပိုင်းက…

CDM သဘင်ပညာရှင်များ၏ “မြန်မာဇာတ်ပွဲကြည့်ကြရအောင်” အွန်လိုင်းရန်ပုံငွေပွဲ မတ်လ ၁၈ ရက်တွင် ပြသမည်

PSM(NEWS) မတ် ၆၊ ၂၀၂၆ CDM သဘင်အနုပညာရှင်များ စုပေါင်းတင်ဆက်မည့် “မြန်မာဇာတ်ပွဲကြည့်ကြရအောင်” အွန်လိုင်း ရန်ပုံငွေပွဲကို လာမည့် မတ်လ ၁၈ ရက်နေ့တွင် ပြသသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။ အဆိုပါ ရန်ပုံငွေပွဲတွင် CDM မင်းသမီး စန်းနီလာဝင်း၊ မင်းသား သားဆက်အောင်၊ မင်းသမီး သက်ထားခင်၊ မင်းသမီး အိအိအောင် အပါအဝင် အနုပညာရှင်ပေါင်းများစွာက…

တနင်္သာရီ ၆ မိုင်ရွာ တိုက်ပွဲတွင် စစ်ကော်မရှင်ဘက်မှ အရာရှိတစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရရှိ

PSM(News) မတ် ၆၊ ၂၀၂၆ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ စစ်ကော်မရှင်တပ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် လေး ဦး သေဆုံးပြီး လက်နက်အချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း မြိတ်ခရိုင် အမှတ် (၂) တပ်ရင်းက ယနေ့ မတ် ၆ ရက်နေ့တွင် ထုတ်ပြန်သည်။ တနင်္သာရီမြို့နယ်၊ ၆ မိုင်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် အခြေပြုနေရာယူထားသော…

စစ်ကော်မရှင်က ဖုန်း IMEI မှတစ်ဆင့် အသုံးပြုသူကို ခြေရာခံနိုင်သည့် CEIR စနစ် မတ်လတွင် စတင်မည်၊ မတ်လကုန်အထိ SIM Card မထည့်ထားသောဖုန်းများ အပိတ်ခံရနိုင်

မောင်မောင်ကဲ/PSM(News) မတ် ၅၊ ၂၀၂၆ စစ်ကော်မရှင်က ပြည်တွင်းရှိ မိုဘိုင်းဖုန်းများ၏ မူရင်းအမှတ်အသား (IMEI Code) များကို ဒေတာဘေ့စ်တစ်ခုအတွင်း စုစည်းကာ အသုံးပြုသူများ၏ တည်နေရာနှင့် သတင်းအချက် အလက်များကိုပါ ဒစ်ဂျစ်တယ်စောင့်ကြည့်မှု ပြုလုပ်နိုင်သည့် CEIR စနစ်ကို လာမည့် မတ်လ ပထမပတ်မှစတင်၍ အသုံးပြုတော့မည်ဖြစ်သည်။ အခွန်ကောက်ခံရန်နှင့် တရားမဝင်ဖုန်းများကို ထိန်းချုပ်ရန်အတွက် CEIR စနစ်ကို…

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူယုံ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူးပေး၍ ဒုစစ်ခေါင်းဆောင်စိုးဝင်း၏ စစ်အာဏာကို ရိုက်ချိုး

မောင်မောင်ကဲ/PSM (News) မတ် ၅ ၊ ၂၀၂၆ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တပ်၏ အစဉ်အလာအရ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပူးတွဲကိုင်တွယ်ရသည့် ကာကွယ်ရေးဦးစီးချုပ်-ကြည်း (ကြည်းချုပ်) ရာထူးကို ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းထံမှ ဖယ်ရှား၍ ၎င်း၏ လူယုံတော် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို လွှဲပြောင်းပေးလိုက်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရာထူးအပြောင်းအလဲများ ပြုလုပ်ရာတွင် အဓိကအကျဆုံး…

စစ်ကော်မရှင်က အရန်စက်သုံးဆီ ရက် ၄၀ စာရှိသည်ဟု ပြောသော်လည်း ပြည်သူများက ယုံကြည်ခြင်း မရှိ၍ စိုးရိမ်တကြီး ဆီတန်းစီ

PSM (News) မတ် ၄ ၊ ၂၀၂၆ နိုင်ငံအတွင်း ရက်ပေါင်း ၄၀ စာ အရန်စက်သုံးဆီရှိနေသဖြင့် ပြတ်လပ်မည်ကို စိုးရိမ်ရန်မလိုကြောင်း စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အာမခံဆပြောကြားလိုက်သော်လည်း မြေပြင်တွင်မူ ၎င်းတို့ထုတ်ပြန်သည့် “စုံ/မ” စနစ်ကြောင့် ပြည်သူများမှာ ဆီပြတ်လပ်မည်ကို စိုးရိမ်၍ အလုအယက် တန်းစီနေကြရသည်။ စစ်ကော်မရှင်မှ ယမန်နေ့ မတ်လ ၃…

NUG နိုင်ငံခြားရေးဝန်ကြီး အရှေ့အလယ်ပိုင်းရောက် မြန်မာများနှင့် အွန်လိုင်းမှ တွေ့ဆုံ

PSM (News) မတ် ၄ ၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် အရှေ့အလယ်ပိုင်း ဒေသရှိ မြန်မာနိုင်ငံသားများနှင့် မတ်လ ၂ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့သည်။ ဝန်ကြီး ဒေါ်ဇင်မာအောင်က လတ်တလော အမေရိကန်၊ အစ္စရေးနှင့် အီရန်အကြား စစ်ပွဲများ ပြင်းထန်နေပြီး လုံခြုံရေးအရ စိုးရိမ်ရသည့်…

ဩစတြေးလျား ဆီနိတ်ကော်မတီတွင် ချင်းလူ့အခွင့်အရေးအဖွဲ့ က သက်သေထွက်ဆိုချက်ပေး

PSM(NEWS) မတ် ၄၊ ၂၀၂၆ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ ကိုယ်စားလှယ်များသည် ယနေ့ ဩစတြေးလျား ဆီနိတ်လွှတ်တော်၏ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေး ဆိုင်ရာ စုံစမ်းရေးကော်မတီ ၌ ပြုလုပ်သည့် “မြန်မာနိုင်ငံ အတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအခြေအနေ” ဆိုင်ရာ ကြားနာပွဲတွင် သက်သေထွက်ဆိုချက် ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကြားနာပွဲသည် မြန်မာနိုင်ငံအတွင်း…

စက်သုံးဆီ ပြတ်လပ်မှုကြောင့် စစ်ကော်မရှင်က ယာဉ်များကို နံပါတ်စုံ/မ စနစ်ဖြင့် ကန့်သတ် မောင်းနှင်ရန် ထုတ်ပြန်၊ ဖောက်ဖျက်ပါက အရေးယူမည်ဟု ခြိမ်းခြောက်

PSM(News) မတ် ၃၊ ၂၀၂၆ ပြည်တွင်း၌ စက်သုံးဆီ ပြတ်လပ်မှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရစဉ် စစ်ကော်မရှင်က စက်သုံးဆီ ခြိုးခြံချွေတာရန် အကြောင်းပြကာ လာမည့် မတ်လ ၇ ရက်နေ့မှစ၍ ပုဂ္ဂလိကယာဉ်များကို နံပါတ်ပြားပါ “စုံ/မ” ဂဏန်းအလိုက် ရက်ကျော်၍ မောင်းနှင်ရန် ကန့်သတ်ချက် ထုတ်ပြန်လိုက်သည်။ ယနေ့ မတ်လ ၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့်…

စစ်ကော်မရှင်၏ ဟန်ပြလွတ်ငြိမ်းခွင့်တွင် နိုင်ကျဉ်း ၃,၆၀၀ ကျော် လွတ်မြောက်ကြောင်း PPNM အတည်ပြု၊ ဦးရဲမင်းဦးနှင့် မရှင်ဒေဝီတို့ ပြန်လည်လွတ်မြောက်ခြင်းမရှိသေး

PSM News မတ် ၃၊ ၂၀၂၆ စစ်ကော်မရှင်က မတ်လ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် လွတ်ငြိမ်းသက်သာခွင့် ထုတ်ပြန်ချက်အရ ယနေ့ မတ်လ ၃ ရက် နေ့လယ် ၁ နာရီအထိ အကျဉ်းထောင် ၃၁ ခုမှ နိုင်ငံရေးအကျဉ်းသား (နိုင်ကျဉ်း) ၃,၆၁၃ ဦး လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)…

You missed