daily-news ချောက်မြို့နယ်၌ အာဏာလုစစ်တပ်၏ ပုံမှားရိုက်စီးနင်းမှုကြောင့် PDF ရဲဘော် ၂၀ ဦး ကျဆုံးခဲ့ရမှုအပေါ် NUG နှင့် မကွေးတိုင်းဆေးတပ်ဖွဲ့ ဝမ်းနည်းကြောင်း ထုတ်ပြန် July 13, 2026 Htet Ko PSM(News) ဇူလိုင် ၁၃၊ ၂၀၂၆ မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း အာဏာလုစစ်တပ်၏ အရပ်ဝတ်ဖြင့် ပုံမှားရိုက် စီးနင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၀ ဦး ကျဆုံးခဲ့ရသည့် ဖြစ်စဉ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနှင့် မကွေးတိုင်းဆေးတပ်ဖွဲ့တို့က ဝမ်းနည်းကြေကွဲကြောင်း အသီးသီး ထုတ်ပြန်ထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်နေ့တွင် မကွေးခရိုင်မှ…
daily-news အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှု တိုးတက်မှုနည်းပါးသည့်အပေါ် စင်္ကာပူ စိတ်ပျက် July 13, 2026 Htet Ko PSM (News) ဇူလိုင် ၁၃၊၂၀၂၆ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောအစည်းအဝေးနှင့် အလွတ်သဘော တိုင်ပင်ဆွေးနွေးပွဲကို ဇူလိုင် ၁၂ ရက်နေ့တွင် ကျင်းပခဲ့ရာ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှု အားနည်းနေခြင်းနှင့် ပတ်သက်၍ စင်္ကာပူနိုင်ငံက စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါအစည်းအဝေးသို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန်…
daily-news မောတောင်လမ်းပိုင်းကို အထူးတားမြစ်ဇုန်အဖြစ် သတ်မှတ်လိုက်ပြီး ကုန်ကားများ ဖြတ်သန်းခွင့်ပိတ် July 11, 2026 Htet Ko PSM(News) ဇူလိုင် ၁၁၊ ၂၀၂၆ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) လက်အောက်ခံ၊ အမှတ် (၁၁) တပ်ရင်းနယ်မြေ၊ KNU-တနင်္သာရီမြို့နယ်အတွင်းရှိ မောတောင်လမ်းပိုင်းအား “အထူးတားမြစ်ဇုန်” အဖြစ် သတ်မှတ်ပြီး ကုန်ကားများ ဖြတ်သန်းသွားလာခြင်း မပြုရန် BLACK COBRA COLUMN က ယမန်နေ့ ဇူလိုင် ၁၀ ရက် ရက်စွဲဖြင့် သတိပေးထုတ်ပြန်သည်။…
daily-news ချောက်မြို့နယ်၌ PDF များ ခြုံခိုတိုက်ရန် ပြင်ဆင်စဉ် တန်ပြန်ပိတ်ဆို့ တိုက်ခိုက်ခံရ၍ ရဲဘော် ၂၀ ခန့် ကျဆုံး July 11, 2026 Htet Ko PSM(News) ဇူလိုင် ၁၀ ၊ ၂၀၂၆ မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း၌ အာဏာလုစစ်အုပ်စု၏ ရဲကွန်မန်ဒိုစစ်ကြောင်းကို ကြားဖြတ် ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့များ တန်ပြန် ပိတ်ဆို့တိုက်ခိုက်ခံရသဖြင့် ရဲဘော် ၂၀ ဦးခန့် ထိခိုက်ကျဆုံးမှုရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းတွင်…
daily-news အင်းတော်ကြီးတွင် အရက်မူးနေသည့် KIA တပ်ဖွဲ့ဝင်က သေနတ်ဖြင့်ပစ်၍ KIO ခန့် ရွာဥက္ကဋ္ဌ လင်မယား သေဆုံး၊ ကျူးလွန်သူက မိမိကိုယ်ကိုယ် ပြန်လည်အဆုံးစီရင် July 11, 2026 Htet Ko PSM(News) ဇူလိုင် ၁၀ ၊ ၂၀၂၆ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ ဝှေလုံကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ တပ်ဖွဲ့ဝင်တစ်ဦး အရက်မူးပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် KIO (ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်) က ခန့်အပ်ထားသည့် ကျေးရွာဥက္ကဋ္ဌ လင်မယား နှစ်ဦးစလုံး သေနတ်ကျည်ထိမှန် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ဝှေလုံကျေးရွာအတွင်း ပြီးခဲ့သည့် ဇူလိုင် ၇…
daily-news အိမ်ထောင်သက် ၁၀ နှစ်နီးပါးကြာ ရင်သွေးမရခဲ့သည့် စစ်ရှောင်ဇနီးမောင်နှံမှ ယောက်ျားလေး သုံးမွှာပူး မွေးဖွား၊ စစ်ကိုင်းစစ်ရှောင်စခန်းတွင် CDM ကျန်းမာရေးဝန်ထမ်းများက အောင်မြင်စွာမွေးပေးခြင်းဖြစ် July 10, 2026 Htet Ko PSM (News) ဇူလိုင် ၁၀ ၊ ၂၀၂၆ စစ်ပွဲဒဏ်ကို ပြင်းထန်စွာ ခံစားနေရသော စစ်ကိုင်းတိုင်း၊ ကသုံးလုံး (ကသာ၊ ကောလင်း၊ ကန်ဘလူ) နယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် အိမ်ထောင်သက် ၁၀ နှစ်နီးပါးကြာ ရင်သွေး ရရှိခဲ့ခြင်းမရှိသည့် စစ်ရှောင်ဇနီးမောင်နှံသည် ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့က ယောက်ျားလေး သုံးမွှာပူး ရင်သွေးငယ်များကို အောင်မြင်စွာ…
daily-news စစ်အစိုးရအဆက်ဆက် အမျိုးသားရေးဝါဒဖြန့်ခဲ့သည့် စာရေးဆရာမကြီးဒေါက်တာမတင်ဝင်း ရန်ကုန် စစ်ဆေးရုံတွင် ကွယ်လွန်၊ မင်္ဂလာဒုံ စစ်သင်္ချိုင်းသို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည် July 10, 2026 Htet Ko မောင်မောင်ကဲ/PSM(News) ဇူလိုင် ၁၀၊ ၂၀၂၆ စစ်အစိုးရခေတ်အဆက်ဆက်တွင် အမျိုးသားရေးဝါဒ ဖြန့်ချိရေးအတွက် အသုံးချခံခဲ့ရသူ ရန်ကုန် ပညာရေးတက္ကသိုလ် ပါမောက္ခဟောင်း ဒေါက်တာမတင်ဝင်း အသက် (၈၆) နှစ်သည် ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက် ၇ နာရီက ရန်ကုန်မြို့ မင်္ဂလာဒုံ ကုတင်(၁၀၀၀) စစ်ဆေးရုံတွင် ကွယ်လွန်သွားကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။…
daily-news လားရှိုးမြို့ပေါ် ရပ်ကွက်များနှင့် အာဏာလုစစ်တပ်၏ ရမခ ဌာနချုပ်ထဲသို့ ရှော့ခ်တိုက်ဒုံးများ ကျရောက်ပေါက်ကွဲ၊ အမျိုးသမီး ၁ ဦး သေဆုံး July 10, 2026 Htet Ko PSM(News) ဇူလိုင် ၁၀၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင်းရှိ ရပ်ကွက်များနှင့် အာဏာလုစစ်တပ်၏ အရှေ့မြောက် ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) ထဲသို့ ရှော့ခ်တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရှမ်းမြောက်ရှိ စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ယမန်နေ့ ဇူလိုင် ၉ ရက် ညနေပိုင်းတွင် လားရှိုးမြို့ အမှတ် (၆) ရပ်ကွက်၊ အမှတ် (၁၀) ရပ်ကွက်နှင့်…
daily-news စီပိန်းရွာတွင် တပ်စွဲထားသည့် အာဏာလုစစ်တပ် ဝင်ရောက်တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း သေဆုံးကာ အထိနာ၍ ထွက်ပြေး၊ ညပိုင်းတွင် Y-12 ဖြင့် ဗုံးအလုံး ၄၀ ကျော်လာရောက်ကြဲချ July 9, 2026 Htet Ko PSM(News) ဇူလိုင် ၉ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ စီပိန်းရွာရှိ အာဏာလုစစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ရာ စစ်သား ငါး ဦးထက်မနည်း သေဆုံးကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးနောက် ညပိုင်းတွင် Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၄၀ ကျော် ရမ်းသန်းကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ တော်လှန်ရေးတပ်ဖွဲ့များသည် စီပိန်းကျေးရွာအတွင်း ပြန်လည်ဝင်ရောက်တပ်စွဲထားသည့် အာဏာလုစစ်အုပ်စုကို…
daily-news အာဏာလု စစ်အုပ်စုက အာဇာနည်နေ့မတိုင်မီ ဗိုလ်ချုပ်ရုပ်ထုများကို လိုက်လံဖျက်ဆီးနေခြင်းအပေါ် NLD နှင့် ရှေ့နေများကောင်စီ ရှုတ်ချ July 9, 2026 Htet Ko မောင်မောင်ကဲ/PSM(News) ဇူလိုင် ၉၊ ၂၀၂၆ အာဏာလုစစ်အုပ်စုသည် လွတ်လပ်ရေးဗိသုကာနှင့် တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်း အမှတ်ရုပ်ထုများကို ညအမှောင်ကိုအကာ အကွယ်ယူကာ နေရာဒေသအနှံ့အပြား၌ နေ့စဉ်ဖြိုချ ဖျက်ဆီးနေမှုကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ယမန်နေ့ ဇူလိုင် ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ အာဏာလု စစ်အုပ်စုလက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးဝန်ထမ်းများသည်…