daily-news စစ်အုပ်စုနှင့် ဆွေးနွေးခြင်းမဟုတ်ဘဲ အာဆီယံနှင့်သာ သီးသန့်တွေ့ဆုံခြင်းဖြစ်ဟု SCEF ထုတ်ပြန်၊ လေ ကြောင်း တိုက်ခိုက်မှုရပ်ဆိုင်းရေးအပါအဝင် အချက် ၅ ချက် လက်တွေ့ပြသရန် တောင်းဆို July 16, 2026 Htet Ko မောင်မောင်ကဲ/PSM(News) ဇူလိုင် ၁၆ ၊ ၂၀၂၆ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ခေါင်းဆောင်များသည် မကြာသေးမီက ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံခြင်းသည် အာဏာလု စစ်အုပ်စုကိုယ်စားလှယ်များနှင့် အတူတကွ တွေ့ဆုံခဲ့ခြင်းမဟုတ်ဘဲ အာဆီယံနှင့်သာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီပြည်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)…
daily-news အာဆီယံသည် ၎င်း၏ကတိကဝတ်များကို ချိုးဖောက်နေပြီး အဖွဲ့ဝင်နိုင်ငံအချို့သည် အာဏာလုစစ်အုပ်စု ၏ စစ်ရာဇဝတ်မှုများတွင် ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေဟု JFM ပြော July 16, 2026 Htet Ko မောင်မောင်ကဲ/PSM(News) ဇူလိုင် ၁၅ ၊ ၂၀၂၆ ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့သည်မှာ ၅ နှစ်ကျော် ကြာမြင့်လာသည့်တိုင် အာဆီယံသည် ၎င်း၏ ကိုယ်ပိုင်ကတိကဝတ်များကို ကိုယ်တိုင်ပြန်လည်ချိုးဖောက်နေပြီး အဖွဲ့ဝင်နိုင်ငံအချို့သည် မြန်မာစစ်အုပ်စုက ကျူးလွန်လျက်ရှိသော နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါအဖြစ် ပါဝင် ပတ်သက် နေကြောင်း ယနေ့ ဇူလိုင် ၁၅ ရက်တွင် Justice for…
daily-news ဆောနှင့် ကျောက်ထုသို့ အာဏာလုစစ်တပ် အင်အား ၈၀၀ ခန့် ဖြည့်တင်းပြီး ချင်းတောင်ပိုင်းကို ဒုတိယအကြိမ် ထိုးစစ်ဆင်ရန် ပြင်ဆင်နေ July 15, 2026 Htet Ko PSM(News) ဇူလိုင် ၁၅ ၊ ၂၀၂၆ မကွေးတိုင်း၊ ဆောမြို့နယ်နှင့် ကျောက်ထုမြို့နယ်များသို့ အာဏာလုစစ်အုပ်စုက စစ်ကူအင်အား ၈၀၀ ခန့် ထပ်မံဖြည့်တင်းကာ ချင်းပြည်နယ်တောင်ပိုင်းကို ဒုတိယအကြိမ် ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ စစ်အုပ်စုသည် တပ်မ (၉၉)၊ တပ်မ (၇၇) နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၂၊ ၁၄၊…
daily-news အာဆီယံ၏ ပြန်လည်ထိတွေ့ဆက်ဆံမှုသည် မြန်မာပြည်သူများအတွက် အကျိုးမရှိဘဲ စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်နိုင်ဟုAPHR သတိပေး July 15, 2026 Htet Ko PSM (News) ဇူလိုင်လ ၁၅၊ ၂၀၂၆ အာဆီယံအနေဖြင့် မြန်မာနိုင်ငံရှိ စစ်တပ်ခန့်အစိုးရနှင့် “ချိန်ဆ၍ ပြန်လည်ထိတွေ့ဆက်ဆံသည့်” မူဝါဒသို့ ကူးပြောင်းခြင်းသည် မြန်မာပြည်သူများအတွက် မည်သည့်လက်တွေ့အကျိုးရလဒ်မျှ မရရှိဘဲ အာဏာရှင်စနစ်ကိုသာ ပုံမှန်ဖြစ်စဉ်တစ်ခုအဖြစ် အသိအမှတ်ပြုရာရောက်နိုင်ကြောင်း အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ (APHR) ကဇူလိုင်လ ၁၅ ရက်နေ့တွင် သတိပေးလိုက်သည်။ APHR ၏ ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားနိုင်ငံ၊ လွှတ်တော်အမတ်…
daily-news အရာတော်မြို့နယ် ကံရင်ရွာကို အာဏာလုစစ်တပ်က လေကြောင်းမှ ဗုံးကြဲ၍ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ပြည်သူ ၃ ဦး သေဆုံး July 15, 2026 Htet Ko PSM(News) (စစ်ကိုင်း) ဇူလိုင် ၁၄၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းရှိ ကံရင်းကျေးရွာကို အာဏာလုစစ်အုပ်စု၏ မုံရွာမြို့ အနောက် မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသည့် ဂျိုင်ရိုကော့ပတာ သုံးစင်းဖြင့် ယနေ့ ဇူလိုင် ၁၄ ရက် မွန်းလွဲပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ဒေသခံပြည်သူ သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ အာဏာလုစစ်တပ်သည်…
daily-news ပေါက်ခေါင်းမြို့နယ်ရှိ အာဏာလုစစ်တပ်၏ ချင်းလည်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များ က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၂ ဦးထက်မနည်း သေဆုံးနိုင် July 14, 2026 Htet Ko PSM (News) ဇူလိုင် ၁၄၊ ၂၀၂၆ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ အာဏာလုစစ်တပ်၏ အထိုင်ချစခန်းဖြစ်သော ချင်းလည် ဂိတ်စခန်းကို ယနေ့ ဇူလိုင် ၁၄ ရက် နံနက် ၄ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံးကျည်များဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်…
daily-news ခင်ဦးတွင် တိုက်ပွဲမရှိဘဲ ပရဟိတဆေးခန်းအား လေကြောင်းမှ ဗုံးကြဲ၍ ဆရာမအပါအဝင် ၂ ဦး ဒဏ်ရာရ၊ ဒေသခံများကို ကုသပေးနေသည့် ဆေးခန်းနှင့် ဆေးဝါးများ မီးလောင်ပြာကျ July 14, 2026 Htet Ko PSM NEWS ဇူလိုင် ၁၄ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့မြောက်ခြမ်းရှိ ငါးတင်းကြီးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ ဇူလိုင် ၁၃ ရက်နေ့တွင် အာဏာလုစစ်တပ်က လေကြောင်းမှတစ်ဆင့် ပရဟိတ ကျေးလက်ဆေးခန်းကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် ဆေးခန်းရှိ တာဝန်ကျဆရာမတစ်ဦးအပါအဝင် အရပ်သား နှစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဒေသခံများအား အခမဲ့ကုသပေးနေသည့်…
daily-news ပေါက်နှင့် မြိုင်အစပ်သို့ အင်အား ၆၀၀ ရှိ စစ်အုပ်စုစစ်ကြောင်း ဦးတည်လာ၍ ဒေသခံ ၁ သောင်းကျော် အရေးပေါ် စစ်ဘေးရှောင်နေရ July 14, 2026 Htet Ko PSM (News) ဇူလိုင် ၁၄ ၊ ၂၀၂၆ မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်တွင် အာဏာလု စစ်အုပ်စု၏ စစ်ရေးလှုပ်ရှားမှုများ၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကြောင့် မြိုင်မြို့နယ်တောင်ခြမ်းရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံပြည်သူ တစ်သောင်း(၁၀,၀၀၀)ကျော် ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရသည်။ စစ်အုပ်စု စစ်ကြောင်းသည် မြိုင်မြို့နယ်ဘက်သို့ စစ်ဦးလှည့်လာခြင်းကြောင့် စစ်ရှောင်ရန် မလိုသည့်…
daily-news စစ်ဗိုလ်ချုပ်ကြီးများ၏ အခါတော်ပေး ဒေါက်တာဖေဉာဏ် ကျပ် ၅ သိန်းနှင့် ဖုန်း ၂ လုံးအတွက် အသတ်ခံရခြင်းဖြစ်ကြောင်း စစ်အုပ်စု ထုတ်ပြန် July 14, 2026 Htet Ko မောင်မောင်ကဲ/PSM (News) ဇူလိုင် ၁၄၊ ၂၀၂၆ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ ဦးသိန်းစိန်နှင့် လက်ရှိစစ်ခေါင်းဆောင် အာဏာလုသမ္မတ မင်းအောင်လှိုင်တို့အထိ အဓိက အခါတော်ပေး ကိုးကွယ်ခြင်းခံရသူ ဗေဒင်နက္ခတ်ပညာရှင် ဒေါက်တာ ဖေဉာဏ် (ခ) ဆရာ တော် ဦးပညာဝံသ သတ်ဖြတ်ခံရမှုသည် ငွေကျပ် ငါးသိန်းနှင့် ဖုန်း နှစ်လုံး လုယက်လိုမှုကြောင့်ဖြစ်ကြောင်း အာဏာလုစစ်အုပ်စုက ထုတ်ပြန်သည်။ ဆရာတော်ဦးပညာဝံသသည်…
daily-news အာဆီယံနှင့် အာဏာလုစစ်အုပ်စုတို့၏ အလွတ်သဘောတွေ့ဆုံမှုသည် အာဆီယံတစ်ဖွဲ့လုံး၏ သဘော ထားပြောင်းလဲမှုမဟုတ်ဟု NUG ပြော July 13, 2026 Htet Ko PSM(News) ဇူလိုင် ၁၃၊ ၂၀၂၆ ဘန်ကောက်မြို့တွင် ဇူလိုင် ၁၂ ရက်နေ့က ထိုင်းအစိုးရနှင့် အာဏာလုစစ်အုပ်စု ကိုယ်စားလှယ်များ အလွတ် သဘော တွေ့ဆုံခဲ့ပြီး အဆိုပါတွေဆုံမှုနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယင်းနေ့တွင်ပင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေး၊ လူသားချင်းစာနာမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အတွက် နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ…