PSM (News) စက်တင်ဘာ ၇၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ်များဖြစ်ကြသော စတိဗ်ဝစ်ကော့ဖ်နှင့် ဂျယ်ရက်ကုရှ်နာတို့သည် ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့သို့ ရောက်ရှိလာပြီး သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီနှင့်တနင်္ဂနွေနေ့တွင်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါခရီးစဉ်သည် ရုရှားသမ္မတ ဗလာဒီမင်ပူတင်နှင့် မော်စကိုမြို့တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော ပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် ဝါရှင်တန်ဒီစီ၏ နောက်ဆုံး ကြိုးပမ်းအားထုတ်မှုတစ်ခု ဖြစ်လာခဲ့သည်။ ကျယ်ပြန့်သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရှိသေးသော်လည်း ရုရှားနှင့် ယူကရိန်း နှစ်ဖက်စလုံးက နိုင်ငံ၏ မြို့တော်များအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ခေတ္တရပ်ဆိုင်းပေးခဲ့ကြသဖြင့် သီတင်းပတ်ကုန်ရက်များအတွင်း သက်သာရာရမှုအချို့ကို ရရှိခဲ့ကြသည်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီကမူ မိမိတို့အနေဖြင့် အဆိုပါဆွေးနွေးပွဲအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး စစ်ပွဲကို အဆုံးသတ်ရန် အပြုသဘောဆောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သမ္မတထရမ့်ကလည်း ၎င်း၏ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကောင်းမွန်သော လုပ်ဆောင်ချက်များကို လုပ်ကိုင်နေကြပြီး အကောင်းဆုံး ရလဒ်များ ထွက်ပေါ်လာရန် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ ကိုးကား-NBC Post navigation အမေရိကန် သံအမတ်ကြီး မိုက်ကယ် ဟပ်ကဘီ အနောက်ဘက်ကမ်းဒေသရှိ တူမူစ် အာယာမြို့သို့ သွားရောက်ကာ အမေရိကန် နိုင်ငံသားများ၏ မိသားစုဝင်များနှင့် တွေ့ဆုံ