daily-news တီမောသမ္မတ၏ ဖိတ်ကြားချက်ဖြင့် NUG စေလွှတ်သည့် မြန်မာအားကစားအဖွဲ့ ဒီလီမာရသွန် ပြိုင်ပွဲတွင် ပထမဆုရ၊ တီမောသမ္မတနှင့် သီးသန့်တွေ့ဆုံ August 12, 2026 Htet Ko PSM (News) ဩဂုတ် ၁၂၊ ၂၀၂၆ တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ ဒေါက်တာ ဂျိုဆေရာမို့စ်-အော်တာ၏ တရားဝင်ဖိတ် ကြားချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စေလွှတ်လိုက်သည့် မြန်မာ အားကစား ကိုယ်စား လှယ်အဖွဲ့သည် တီမောနိုင်ငံတွင် ကျင်းပသည့် “ဒီလီ အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ” ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားအပြေးသမားက ပထမနေရာ ရရှိခဲ့သည့်အပြင်…
daily-news လေဖိအားနည်းရပ်ဝန်းကြောင့် ကမ်းရိုးတန်းအပါအဝင် တိုင်းနှင့်ပြည်နယ် အများစုတွင် မိုးကြီးနေမည်၊ မြစ်ရေကြီးမှုနှင့် လှိုင်းကြီးအန္တရာယ် သတိပေး August 12, 2026 Htet Ko PSM(News) ဩဂုတ် ၁၂၊ ၂၀၂၆ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းနှင့် အားကောင်းသော အနောက်တောင်မုတ်သုံလေတို့ကြောင့် မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများ အပါအဝင် ပြည်နယ်နှင့် တိုင်းအများစုတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မြစ်ရေကြီးမှုနှင့် ပင်လယ်ပြင် လှိုင်းကြီးအန္တရာယ် သတိထားရန် လိုအပ်လျက်ရှိကြောင်း ကမ္ဘာ့မိုးလေဝသဌာနများ၏ မိုးလေဝသခန့်မှန်းမော်ဒယ်များအရ သိရသည်။ မွန်၊ ကရင်၊ ရခိုင်၊ ချင်းပြည်နယ်များနှင့် တနင်္သာရီတိုင်းတို့တွင် မိုးများရာမှ မိုးအလွန်များနိုင်ပြီး…
daily-news စလင်းတွင် ပကဖ ရဲမေတစ်ဦး အဖမ်းခံရပြီးနောက် ကျေးရွာများကို အာဏာလု စစ်တပ် ဗုံးကြဲ၊ ထောက်ပို့နှင့် ကွင်းဆက်များ သတိထားရန်လိုအပ် August 12, 2026 Htet Ko PSM(News) ဩဂုတ် ၁၂၊ ၂၀၂၆ မကွေးတိုင်း၊ စလင်းမြို့၌ မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) လက်အောက်ခံ ရဲမေတစ်ဦး အာဏာလု စစ်အုပ်စု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် အနီးဝန်းကျင် ကျေးရွာများကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဆက်တိုက် ဗုံးကြဲနေသဖြင့် အဆိုပါ ရဲမေနှင့် ဆက်သွယ်ဖူးသူများ၊ ထောက်ပို့ ကွင်းဆက်များ အထူးသတိထားကြရန် စစ်ရေးသတင်းရင်းမြစ်က PSM…
international news NATO အစည်းအဝေးအပြီး အီရန်ခြိမ်းခြောက်မှုကြောင့် သမ္မတ ဒေါ်နယ်ထရန့်အား ကာတာထရပ်ကားဖြင့် လျှို့ဝှက်ရွှေ့ပြောင်းခဲ့ရ August 12, 2026 Htet Ko PSM (News) ဩဂုတ် ၁၂၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဇူလိုင်လ ၈ ရက်နေ့က တူရကီနိုင်ငံ၊ အန်ကာရာမြို့တွင် ကျင်းပသည့် NATO ထိပ်သီးအစည်းအဝေး တက်ရောက်ပြီးအပြန်တွင် အီရန်၏ လုပ်ကြံရန် ခြိမ်းခြောက်မှုမှ လုံခြုံရေးအရ ကာကွယ်ရန် လျှို့ဝှက်အစီအမံကိုလုပ်ဆောင်ခဲ့သည်။ သမ္မတထရန့်သည် ကင်မရာများနှင့် သတင်းဌာနများရှေ့တွင် Air Force One လေယာဉ်ပေါ်သို့ ပုံမှန်အတိုင်း…
international news ဟောင်ကောင်တွင် ဓားဖြင့်ထိုးမှုကြောင့် နှစ်ဦး ဒဏ်ရာရရှိပြီးနောက် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ August 12, 2026 Htet Ko PSM (News) ဩဂုတ် ၁၂၊၂၀၂၆ ဟောင်ကောင်မြို့ ပိုဖူလမ် ရပ်ကွက်ရှိ တိုက်ခန်းတွဲ တစ်ခုတွင် အမျိုးသားတစ်ဦးက ဓားဖြင့် ထိုးခဲ့ခြင်းကြောင့် လူနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ၎င်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ ဂီယို ဗီလာတွင် အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦးက ဒေသခံများကို ဓားဖြင့် တိုက်ခိုက်နေကြောင်း တနင်္လာနေ့ နံနက် ၉ နာရီ ၂၀…
international news ဆီးရီးယားသမ္မတဟောင်း ဘာရှာအယ်လ်အာဆက် စစ်ရာဇဝတ်မှုများဖြင့် သေဒဏ်ချမှတ်ခံရ August 12, 2026 Htet Ko PSM(News) ဩဂုတ် ၁၂၊၂၀၂၆ ဆီးရီးယားနိုင်ငံ၏ ၁၄ နှစ်ကြာ ပဋိပက္ခအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် ဖြုတ်ချခံထားရသော ဆီးရီးယားသမ္မတဟောင်း ဘာရှာအယ်လ်အာဆက်နှင့် ၎င်း၏ညီဖြစ်သူတို့ကို ဒမတ်စကတ်မြို့ရှိ စတုတ္ထရာဇဝတ်ခုံရုံးက အင်္ဂါနေ့တွင် မျက်ကွယ်သေဒဏ်အမိန့် ချမှတ်လိုက်သည်။ ဤသေဒဏ်အမိန့်များသည် အာဆက်မိသားစု၏ ရာစုနှစ်တစ်ဝက် သက်တမ်းရှိ အာဏာစက်ချုပ်ဆုံးသွားခဲ့ပြီးနောက် လပေါင်း ၂၀ အကြာတွင် အာဆက် သို့မဟုတ်…
international news ကိုလံဘီယာငလျင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင် August 12, 2026 Htet Ko PSM (News) ဩဂုတ် ၁၂၊၂၀၂၆ ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းဒေသတွင် လှုပ်ခတ်သွားခဲ့သည့် ၇.၄ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရသည့် အဆောက်အအုံများနှင့် ပြိုကျနေသော နေအိမ်များကို အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းများက ဒုတိယမြောက်နေ့အဖြစ် ဆက်လက်တူးဖော် ရှာဖွေလျက်ရှိကြသည်။ ဆယ်စုနှစ်များအတွင်း နိုင်ငံအတွင်း အပြင်းထန်ဆုံး ငလျင်တစ်ခုဖြစ်သည့်အတွက် သေဆုံးသူအရေအတွက်မှာ ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း ခန့်မှန်းထားကြသည်။ ကိုလံဘီယာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးရေး အဓိကဒေသများဆီသို့ တနင်္လာနေ့…
daily-news ညောင်ဦးနှင့် မြစ်ခြေတို့တွင် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်ဗိုလ်မှူးနှင့် ပျူစောထီးခေါင်းဆောင် အပါအဝင် ၃ ဦး သေဆုံးကြောင်း ဧရာဒေါင်းတပ်ဖွဲ့ ထုတ်ပြန် August 11, 2026 Htet Ko PSM(News) ဩဂုတ် ၁၁၊ ၂၀၂၆ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်နှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အစပ်တို့တွင် ပြီးခဲ့သည့် မေလအတွင်းက ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲနှင့် မိုင်းဆွဲတိုက်ခိုက်မှုများအတွင်း ပျူစောထီး ခေါင်းဆောင်တစ်ဦးနှင့် အာဏာလုစစ်တပ်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် စုစုပေါင်း သုံး ဦး သေဆုံးခဲ့ ကြောင်း ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဩဂုတ် ၁၁…
daily-news ပလက်ဝမြို့ကို အာဏာလုစစ်တပ် လေကြောင်းမှ ဗုံးကြဲ၊ ၁၃ နှစ်အရွယ် ကျောင်းသူ အပါအဝင် အရပ်သား ၂ ဦး ဒဏ်ရာရ August 11, 2026 Htet Ko PSM (News) ဩဂုတ် ၁၁ ၊ ၂၀၂၆ ချင်းပြည်နယ်၊ ပလက်ဝမြို့အဝင်ဆိုင်းဘုတ်အနီးကို အာဏာလုစစ်တပ်က ယနေ့နံနက်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၁၃ နှစ်အရွယ် ကျောင်းသူတစ်ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ဦး နှစ် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) ထံမှ သိရသည်။ အာဏာလုစစ်တပ်သည် ယနေ့ ဩဂုတ်…
daily-news အမှန်တရားဘက် ရပ်တည်ကြရန်နှင့် တရားမျှတမှုအတွက် ပြန်ပေးဆပ်ရမည့်အချိန် ရောက်လာမည်ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လ က စစ်အုပ်စု ဒေါက်တိုင်များကို သတိပေး August 11, 2026 Htet Ko PSM (News) ဩဂုတ် ၁၁၊ ၂၀၂၆ စစ်အာဏာရှင်စနစ် ခိုင်မြဲစေရန် ဒေါက်တိုင်အဖြစ် ပူးပေါင်းကူညီနေသူများအနေဖြင့် ယနေ့မှစ၍ ရပ်တန့်ကာ အမှန်တရားဘက်တွင် ရပ်တည်ကြရန်နှင့် တရားမျှတမှုအတွက် ပြန်လည်ပေးဆပ်ရမည့် ကာလရောက်ရှိလာမည်ဖြစ်ကြောင်း KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သတိပေးပြော ကြားခဲ့သည်။ ယမန်နေ့ ဩဂုတ် ၁၀ ရက်နေ့က ကျရောက်သည့် (၅၁) နှစ်မြောက် ကချင်အာဇာနည်နေ့…