international news ခရိုင်းမီးယားတွင် ရုရှားဘက်သို့ ကူးပြောင်းခဲ့သည့် ရေတပ်အရာရှိ ဗုံးခွဲတိုက်ခိုက်ခံရပြီး သေဆုံး August 15, 2026 Htet Ko PSM (News) ဩဂုတ် ၁၅၊ ၂၀၂၆ ရုရှားနိုင်ငံ၏ တရားမဝင် သိမ်းပိုက်ခြင်းခံထားရသော ခရိုင်းမီးယား ဒေသ၊ ဆီဗက်စတိုပိုမြို့တွင် ယူကရိန်းနိုင်ငံမှ ရုရှားဘက်သို့ ကူးပြောင်းခဲ့သော ရုရှားရေတပ်အရာရှိ ရိုဘတ် ရှာဂီယက်သည် သြဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက အမှိုက်ပုံးအတွင်း ဖွက်ထားသော ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ဆီဗက်စတိုပိုမြို့တော်ဝန် မိခေးလ် ရာဇိုဗာယက်ဖ်၏…
daily-news မော်ဒယ် လုလုအောင်က “ချစ်တဲ့ သွေးချင်းမောင်နှမများအတွက် ခေးကြီးရဲ့ မေတ္တာရေကြည် တစ်ပေါက်” ဟုဆိုကာ ကရင်စစ်ဘေးရှောင်များအတွက် ကျပ်သိန်း ၄၀ လှူဒါန်း August 14, 2026 Htet Ko မောင်မောင်ကဲ/PSM (News) ဩဂုတ် ၁၄၊ ၂၀၂၆ မော်ဒယ်၊ သရုပ်ဆောင် လုလုအောင်သည် ယနေ့ ဩဂုတ် ၁၄ ရက် က ကရင် ပြည်နယ်၊ မြဝတီခရိုင်အတွင်းရှိ လေးကေကော်မြို့နှင့် အနီးဝန်းကျင်ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများ အတွက် ငွေကျပ် သိန်း ၄၀ တန်ဖိုးရှိ အစား အသောက်နှင့် အဝတ်အထည်များကို ထောက်ပံ့လှူဒါန်း ခဲ့သည်။ အဆိုပါ…
daily-news ရွှေဘိုထောင်တွင် အသက် ၈၂ နှစ်ရွယ် နိုင်ငံရေးအကျဉ်းသူတစ်ဦး ဆေးဝါးကုသခွင့် ငြင်းပယ်ခံရ၍ အစာအိမ်ကင်ဆာဖြင့် ကွယ်လွန်၊ ထောင်တွင်း ကင်ဆာဝေဒနာရှင် ၈ ဦးထက်မနည်းရှိ August 14, 2026 Htet Ko PSM (News) ဩဂုတ် ၁၄၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်အတွင်း မတရား ဖမ်းဆီးခံထားရသည့် အသက် (၈၂) နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူတစ်ဦးသည် အကျဉ်းထောင်အာဏာပိုင်များ၏ ဆေးဝါးကုသခွင့် ငြင်းပယ်ခံရမှု ကြောင့် ရောဂါကျွမ်းလွန်ကာ အစာအိမ်ကင်ဆာဖြင့် ကွယ်လွန်သွားခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသူများ အဖွဲ့ (WOPP) က ယနေ့ ဩဂုတ် ၁၄ ရက် တွင် ထုတ်ပြန်ထားသည်။…
daily-news သရက် – မင်းတုန်းလမ်းပိုင်းတွင် စစ်အုပ်စု၏ ထောက်ပံ့ရေးလမ်းကြောင်းကို PDF ဖြတ်တောက်၊ တစ်ပတ်အတွင်း တပ်ဖွဲ့ဝင် တစ်ဒါဇင် သေဆုံး August 14, 2026 Htet Ko PSM(News) ဩဂုတ် ၁၄၊ ၂၀၂၆ မကွေးတိုင်း၊ သရက်မြို့နှင့် မင်းတုန်းမြို့ကို ဆက်သွယ်ထားသည့် စစ်အုပ်စု၏ အဓိက ထောက်ပံ့ရေး လမ်းကြောင်းဖြစ်သော သရက် – မင်းတုန်းလမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် တစ်ပတ်အတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင် ၁၂ ဦး(တစ်ဒါဇင်) သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် (၄)…
daily-news စစ်ကိုင်း၊ ကချင်၊ ရှမ်းနှင့် ရခိုင်တို့တွင် ရေကြီးနိုင်သည့် အနီရောင်အဆင့် သတိပေးထား၊ မြို့နယ် ၁၂ ခု၌ မြစ်ရေစိုးရိမ်ရေမှတ် ကျော်လွန်နေ၍ ရွှေ့ပြောင်းကြရန် အရေးပေါ် နှိုးဆော် August 14, 2026 Htet Ko PSM (News) ဩဂုတ် ၁၄၊ ၂၀၂၆ ကမ္ဘာ့ရေကြီးမှု အသိပေးစနစ် (GloFAS) ၏ မြေပုံအချက်အလက်များအရ စစ်ကိုင်းအထက်ပိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတို့တွင် စိုးရိမ်ရေမှတ်ထက် ကျော်လွန်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည့် “အနီရောင်အဆင့်” အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားသည်။ ဒေသအလိုက် သတိပေးချက်များအရ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်…
daily-news ရခိုင်ပြည်နယ်အစပ် ဧရာဝတီတိုင်းအတွင်း ထိုးစစ်ဆင်လာသည့် စစ်အုပ်စု၏ တပ်မ-၆၆ နှင့် AA တပ်ဖွဲ့ဝင်များ အပြင်းအထန်တိုက်ပွဲဖြစ်ပွားပြီး လက်နက်နှင့် အလောင်းများ သိမ်းဆည်းရမိ August 14, 2026 Htet Ko PSM (News) ဩဂုတ် ၁၄၊ ၂၀၂၆ အာဏာလု စစ်အုပ်စုသည် ရခိုင်ပြည်နယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် ရခိုင်-ဧရာဝတီ နယ်စပ်အစပ်တွင် လေကြောင်း၊ ဒရုန်းနှင့် မြေပြင် လက်နက်ကြီး အများအပြားသုံးကာ အင်အား အလုံးအရင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။ ထိုသို့ထိုးစစ်ဆင်လာသည့် စစ်တပ်ကို အာရက္ခတပ်တော် (AA) က တန်ပြန်ထိုးစစ်ဖြင့် တိုက်ထုတ် ခဲ့ရာအထိ အခိုက်များစွာဖြင့် တပ်လန်ဆုတ်ခွာသွားပြီး…
international news အမေရိကန်၏ ဝေဖန်မှုများကြောင့် လက်ဘနွန်မှ ဆုတ်ခွာမည့် အစီအစဉ်ကို ဟစ်ဇ်ဘိုလာ လက်နက်စွန့်လွှတ်မှုနှင့် အစ္စရေး ချိတ်ဆက် August 14, 2026 Htet Ko PSM (News) ဩဂုတ် ၁၄၊၂၀၂၆ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ်၏ ယခင်က ပြောကြားခဲ့သော မှတ်ချက်စကားများနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုဘက်မှ ဝေဖန်မှုများ ထွက်ပေါ်လာသည်။ထို့နောက်၊ လက်ဘနွန်နိုင်ငံ တောင်ပိုင်းဒေသမှ အစ္စရေး တပ်ဖွဲ့များ ဆုတ်ခွာရေးကိစ္စကို ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်စွန့်လွှတ်မှုအပေါ်တွင် မူတည်ကြောင်း ကြေညာလိုက်သည်။ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ်က ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်မစွန့်လွှတ်သမျှ…
international news သတင်းစာရှင်းလင်းပွဲတွင် နောက်ထပ် လူသတ်မှုဖြစ်ပွားကြောင်း ကြားသိရသဖြင့် ဝန်ကြီးချုပ် အာနုတင် အံ့အားသင့် August 14, 2026 Htet Ko PSM(News) သြဂုတ် ၁၄၊ ၂၀၂၆ ကြာသပတေးနေ့က နာခွန် ရာချာစီမာမြို့တွင် ပြုလုပ်သည့်ပွဲတစ်ခု၌ လူ ခြောက်ဦး ဒဏ်ရာရရှိခဲ့သည့် သေနတ်ပစ်ခတ်မှု ဖြစ်ပွားကြောင်း ကြားသိရပြီးနောက် ဝန်ကြီးချုပ် အာနုတင် ချန်ဗီရာကူလ်သည် အံ့အားသင့်သွားကာ “နောက်တစ်ကြိမ် ပြန်ဖြစ်တာလား!” ဟု အံ့သြတုန်လှုပ်စွာဖြင့် ညည်းတွားပြောဆိုခဲ့သည်။ ယခုဖြစ်ပွားခဲ့သော ပစ်ခတ်မှုနှင့်ပတ်သက်၍ မေးမြန်းမှုကို ဝန်ကြီးချုပ်က ဖြေကြားရာတွင် အစိုးရအနေဖြင့် သေနတ်ဝယ်ယူခွင့်…
international news ထိုင်းနိုင်ငံက တရုတ်စီးပွားရေးလုပ်ငန်းရှင် ချန်ကျီ၏ ပိုင်ဆိုင်မှုများကို ထပ်မံသိမ်းဆည်း August 14, 2026 Htet Ko PSM (News) သြဂုတ်လ ၁၄၊ ၂၀၂၆ တရုတ်-ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းရှင် ချန်ကျီ နှင့် ဆက်စပ်နေသည့် ပိုင်ဆိုင်မှု ဘတ်သန်း ၁၁၅ ကျော်ကို ထိုင်းနိုင်ငံက ဆက်လက် သိမ်းဆည်းရန် ဆောင်ရွက်လျက်ရှိသည်။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး (AMLO) က ကြာသပတေးနေ့တွင် ပြောကြားရာ၌ ၎င်း၏ ငွေကြေးဆိုင်ရာ အကျပ်အတည်း စုံစမ်းစစ်ဆေးရေး ကော်မတီက ငွေသား၊…
international news တိုင်ပေမြို့တွင် ထိုင်ဝမ် စစ်ရေးလေ့ကျင့်မှုများကြောင့် လမ်းများရှင်းလင်းသွားပြီး အင်တာနက်အသုံးပြုမှု နှေးကွေး August 14, 2026 Htet Ko PSM(News) သြဂုတ် ၁၄၊ ၂၀၂၆ တိုင်ပေမြို့တွင် တရုတ်နိုင်ငံ၏ တိုက်ခိုက်မှုများကို စမ်းသပ်သည့်အနေဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သော လေကြောင်းရန် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ရာ လမ်းမများ ခြောက်သွေ့သွားပြီး မိုဘိုင်းလ်အင်တာနက် အသုံးပြုမှုများလည်း နှေးကွေးသွားခဲ့သည်။ တရုတ်နိုင်ငံက ၎င်း၏ ပိုင်နက်အဖြစ် သတ်မှတ်ထားသည့် ထိုင်ဝမ်သည် ၁၀ ရက်ကြာ ကျင်းပသည့် ဟန်ကွမ်း စစ်ရေးလေ့ကျင့်မှုများ၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး…