မောင်မောင်ကဲ/PSM (News)

ဩဂုတ် ၁၄၊ ၂၀၂၆

မော်ဒယ်၊ သရုပ်ဆောင် လုလုအောင်သည် ယနေ့ ဩဂုတ် ၁၄ ရက် က ကရင် ပြည်နယ်၊ မြဝတီခရိုင်အတွင်းရှိ လေးကေကော်မြို့နှင့် အနီးဝန်းကျင်ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများ အတွက် ငွေကျပ် သိန်း ၄၀ တန်ဖိုးရှိ အစား အသောက်နှင့် အဝတ်အထည်များကို ထောက်ပံ့လှူဒါန်း ခဲ့သည်။

အဆိုပါ လှူဒါန်းမှုကို လေးကေကော်ဒေသ စစ်ဘေးရှောင်အကူအညီပေးရေးကော်မတီထံ ပေးအပ် ခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်စခန်းများတွင် အဓိက လိုအပ်နေသည့် အစားအသောက်နှင့် အဝတ် အထည်များ ဝယ်ယူနိုင်ရန် ရည်ရွယ်လှူဒါန်းခဲ့ခြင်းဖြစ်ကာ လေးကေကော်ဒေသ စစ်ဘေးရှောင်အကူ အညီပေးရေးကော်မတီကလည်း ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ခေးကြီးလုဟု ချစ်စနိုးခေါ်ကြသည့် မော်ဒယ် လုလုအောင်က ယနေ့ လှူဒါန်းမှုနှင့် ပတ်သက်၍ “ချစ်တဲ့ သွေးချင်းမောင်နှမများအတွက် ခေးကြီးရဲ့ မေတ္တာရေကြည်တစ်ပေါက်” ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားမျှဝေထားသည်။

မော်ဒယ် လုလုအောင်သည် ယခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ ၆ လအောက် နို့စို့အရွယ် ကလေးငယ်များအတွက် Arakanese Ladies အဖွဲ့မှတစ်ဆင့် ငွေကျပ် သိန်း ၃၀ တန်ဖိုးရှိ နို့မှုန့်နှင့် အာဟာရမုန့်များ လှူဒါန်းခဲ့သည့်အပြင် ယခင် ကလည်း ကချင်စစ်ဘေးရှောင်များအပါအဝင် အခြားသော ပရဟိတလှူဒါန်းမှုများကိုပါ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သူဖြစ်သည်။

သရုပ်ဆောင် လုလုအောင်သည် ပရိသတ်များ၏ အားပေးချစ်ခင်မှုကို ရရှိထားသည့် အနုပညာရှင် တစ်ဦးဖြစ်ပြီး အခက်အခဲကြုံတွေ့နေရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် ကိုယ်တိုင်နှင့် ယုံကြည်ရသည့် ပရဟိတအဖွဲ့အစည်းများမှတစ်ဆင့် စဉ်ဆက်မပြတ် ကူညီထောက်ပံ့ပေးနေသူ တစ်ဦးလည်းဖြစ်သည်။

ဓာတ်ပုံ-လုလုအောင် လူမှုကွန်ရက်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *