Author: Htet Ko

နာတာဇ် နျူကလီးယားစခန်းအား အမေရိကန်နှင့် အစ္စရေးတို့ တိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

PSM(NEWS) ​မတ်လ ၃၊ ၂၀၂၆ ​အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးလှုပ်ရှားမှုများအတွင်း အီရန်နိုင်ငံ၏ ကျယ်ပြန့်သော နာတာဇ် နျူကလီးယားစခန်း တိုက်ခိုက်ခံခဲ့ရကြောင်း ကုလသမဂ္ဂနျူကလီးယားကြီးကြပ်ရေးအဖွဲ့ဆိုင်ရာ အီရန်သံအမတ်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ​”သူတို့က မနေ့က အီရန်ရဲ့ ငြိမ်းချမ်းတဲ့၊ လုံခြုံရေးအာမခံချက်ရှိတဲ့ နျူကလီးယားစခန်းတွေကို ထပ်ပြီး တိုက်ခိုက်ခဲ့ကြတယ်” ဟု ရီဇာ နာဂျာဖီ က အပြည်ပြည်ဆိုင်ရာ…

ပင်လည်ဘူးတွင် စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၉ ဦး သေဆုံး၊ လော်ဘီများ၏ သတင်းမှားဖြန့်ဝေမှုအပြီး တိုက်ခိုက်ခံရခြင်းဖြစ်ဟုဆို

PSM(News) မတ် ၂ ရက် စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်ရှိ လိပ္ပုတ်ကျေးရွာကို ယမန်နေ့ မတ် ၁ ရက် ညပိုင်းတွင် စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သား ကိုး ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။ တံတားဦးလေတပ်စခန်းမှ တက်လာသည့် စစ်ကော်မရှင်၏ ဂျက်ဖိုက်တာ နှစ်စင်း…

ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ထူးဆောင်ဒေါက်တာ မင်းအောင်လှိုင်က အင်တာနက်ဖြတ်၊ VPN ပိတ်ပြီး တောင်သူများကို AI သုံးခိုင်း

PSM(New) မတ် ၂ ၊ ၂၀၂၆ ရန်ကုန်တက္ကသိုလ်၏ “ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့” ကို အပ်နှင်းခံထားရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့တောင်သူဦးကြီးများအနေဖြင့် လယ်ယာစိုက်ပျိုးရေးတွင် Artificial Intelligence (AI) နည်းပညာများကို အသုံးပြုရန် ယနေ့ မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ သဝဏ်လွှာတွင် တိုက်တွန်းပြောကြားခဲ့သည်။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု…

စစ်ကော်မရှင်က အကျဉ်းသားသောင်းချီလွှတ်ပေးဟု အရေအတွက်ပြသော်လည်း အရေးကြီးပုဒ်မဖြင့် ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိ

PSM(News) မတ် ၂ ၊ ၂၀၂၆ စစ်ကော်မရှင်က ယနေ့ (မတ်လ ၂ ရက်) တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၉,၃၀၀ ကျော် ကို လွတ်ငြိမ်းခွင့်ပေးပြီး အခြားအမှုရင်ဆိုင်နေရသူ ၁၂,၀၀၀ ကျော် ကိုလည်း အမှုပိတ်သိမ်းပေးကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း အရေးကြီးပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား အများစုမှာမူ ယင်းလွတ်ငြိမ်းခွင့်တွင်…

အမေရိကန်နှင့် အစ္စရေး၏ အီရန်အပေါ်တိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ဟု ရုရှားပြစ်တင်

PSM(NEWS) မတ်၂၊၂၀၂၆ အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များသည် ဖေဖော်ဝါရီလ၂၈ရက် နံနက်ပိုင်းတွင် အီရန်နိုင်ငံအတွင်းသို့လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာကို စိန်ခေါ်သည့် အကြောင်းမဲ့ ကျူးကျော်မှုဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ယခုတိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေ၏ အခြေခံမူများကိုတိုက်ရိုက် ချိုးဖောက်ခြင်းဖြစ်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ အီရန်နိုင်ငံနှင့်…

ပုလဲတွင် အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေ၊ ရွာ ၁၀ ရွာခန့် စစ်ဘေးရှောင်နေရ

‎ PSM(News) မတ် ၂ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။ ‎ ပုလဲမြို့နယ်အတွင်း၌ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစကာ ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေခြင်းဖြစ်ကြောင်း…

မင်းတုန်းတွင် ကုန်ကားရပ်နားသည့် ဈေးတန်းဗုံးကြဲခံရ၍ အရပ်သား ၂၅ဦး သေဆုံးပြီး သေဆုံးသူ ထပ်တိုးနိုင်

‎ PSM(News) မတ် ၂ ၊ ၂၀၂၆ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်းရှိ ကုန်ကားရပ်နားစခန်းနှင့် ဈေးတန်းနေရာကို စစ်ကောင်စီက ယနေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂၅ ဦး သေဆုံးသွားကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က PSM News သို့ အတည်ပြုပြောကြားသည်။ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာအနီးရှိ…

အရှေ့အလယ်ပိုင်းအခြေအနေ ဆိုးရွားတင်းမာမှုကြောင့် စစ်ရေးရပ်တန့်ရေး ချက်ချင်းလိုအပ်ဟု ကုလအထွေထွေအတွင်းရေးမှူးချုပ် တောင်းဆို

PSM (NEWS) မတ် ၂၊ ၂၀၂၆ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က မနေ့က ကျင်းပခဲ့သည့် လုံခြုံရေးကောင်စီ ၁၀၁၁၂ ကြိမ်မြောက် အစည်းအဝေးတွင် အရှေ့အလယ်ပိုင်းဒေသအခြေအနေ ဆိုးရွားတင်းမာနေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ပြင်းထန်သည့် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပေါ်နေကြောင်း သတိပေးပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုများကို ရှုတ်ချကြောင်း ထုတ်ဖော်ပြောကြားခဲ့သလို၊ ထို့နောက်…

ရုရှား၏ လျှို့ဝှက်ရေနံမှောင်ခို သယ်ယူနေသည့် သင်္ဘောကို ဘယ်လ်ဂျီယံ ဖမ်းဆီး

PSM(NEWS) မတ် ၁၊ ၂၀၂၆ ယူကရိန်းစစ်ပွဲကြောင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်လွှဲရန် ရုရှားက အသုံးပြုနေသည့် လျှို့ဝှက်ရေနံမှောင်ခို သယ်ယူနေသည့် သင်္ဘောအုပ်စုမှ ရေနံတင်သင်္ဘောတစ်စင်းကို ဘယ်လ်ဂျီယံအထူးတပ်ဖွဲ့များက ညတွင်းချင်း စစ်ဆင်ရေးတစ်ခုဖြင့် ဝင်ရောက်စီးနင်းကာ ဖမ်းဆီးရမိခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ ဘယ်လ်ဂျီယံအစိုးရက လျှို့ဝှက်ရေနံမှောင်ခို သယ်ယူနေသော သင်္ဘောတစ်စင်းကို မြောက်ပင်လယ်ပြင်တွင် ပြင်သစ်စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်များ၏ လေကြောင်းပံ့ပိုးမှုဖြင့်…

အမေရိကန်စစ်တပ်က အီရန်စစ်သင်္ဘောကို နစ်မြုပ်ခဲ့ကြောင်း ပြောကြား

PSM(NEWS) မတ်၂၊ ၂၀၂၆ အမေရိကန်စစ်တပ်သည် တနင်္ဂနွေနေ့က အီရန်စစ်သင်္ဘောတစ်စီးကို နစ်မြုပ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) အပါအဝင် အီရန်တပ်ဖွဲ့ဝင်များကို လက်နက်ချကာ ၎င်းတို့၏ စခန်းများကို စွန့်ခွာသွားရန် တိုက်တွန်းခဲ့သည်။ အီရန်အပေါ် လက်ရှိပြုလုပ်နေသော အမေရိကန်၏ တိုက်ခိုက်မှုများကို ကြီးကြပ်နေသည့် အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ်က ချာဘာဟာ (Chah Bahar) ကမ်းစပ်ရှိ…

You missed