PSM(NEWS)

မတ် ၂၇ ၊ ၂၀၂၆

အမေရိကန် ပြည်ထောင်စုသည် အီရန်ကိုဆန့်ကျင်တိုက်ခိုက်နေသည့်စစ်ဆင်ရေးများတွင်ကင်းလှည့်ရန်အတွက်မောင်းသူမဲ့ဒရုန်းစပိဘုတ်များ (Uncrewed Drone Speedboats)ကိုစတင်အသုံးပြုနေပြီဖြစ်ကြောင်း ပန်တဂွန် စစ်ဌာနချုပ်ကအတည်ပြုလိုက်သည်။ ၎င်းသည် ဖြစ်ပွားနေသော ပဋိပက္ခတစ်ခုအတွင်းဝါရှင်တန်အနေဖြင့်ယခုကဲ့သို့သောရေယာဉ်များကိုအသုံးပြုကြောင်းပထမဆုံးအကြိမ်ဝန်ခံလိုက်ခြင်းလည်းဖြစ်သည်။

အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ တင်မ် ဟော့ကင်း က “Operation Epic Fury” ဟု အမည်ပေးထားသည့် စစ်ဆင်ရေးတွင် Global Autonomous Reconnaissance Craft(GARC)ဟုခေါ်သည့်မောင်းသူမဲ့ရေယာဉ်များကိုအသုံးပြုနေကြောင်း ပြောကြားခဲ့သည်။ ၎င်းယာဉ်များသည်ပင်လယ်ပြင်ကင်းလှည့်မှုတွင် နာရီပေါင်း ၄၅၀ ကျော်နှင့်ရေမိုင်ပေါင်း၂,၂၀၀ကျော်ကို အောင်မြင်စွာ ခရီးနှင်နိုင်ခဲ့ပြီ ဖြစ်သည်။

အမေရိကန်သည် တရုတ်၏ ရေတပ်အင်အားကို တန်ပြန်ရန် လူစီးစစ်သင်္ဘောများထက် ကုန်ကျစရိတ်သက်သာသည့် မောင်းသူမဲ့ ရေပြင်ယာဉ်များနှင့် ရေငုပ်ယာဉ်များကိုတည်ဆောက်ရန်ကြိုးပမ်းနေသော်လည်းနည်းပညာပိုင်းဆိုင်ရာချို့ယွင်းချက်များနှင့်စမ်းသပ်မှုအတွင်းကျရှုံးမှုများကြောင့်အစီအစဉ်အချို့နောက်ကျနေခဲ့သည်။GARCစပိဘုတ်များသည်လည်းယခင်စမ်းသပ်မှုများအတွင်းအခြားလှေများနှင့်တိုက်မိခြင်းကဲ့သို့သောလုံခြုံရေးပြဿနာအချို့ ကြုံတွေ့ခဲ့ရဖူးကြောင်း သိရသည်။

ကိုးကား Reuters

By Htet Ko