PSM(NEWS)

မတ်လ ၂၈၊၂၀၂၆

အမေရိကန်စစ်တပ်သည် အီရန်နှင့် လေးပတ်ကြာ ဖြစ်ပွားနေသော စစ်ပွဲအတွင်းတိုမာဟော့ခ်ခရုစ်ဒုံးကျည် ပေါင်း ၈၅၀ ကျော် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ တိကျသေချာသည့် လက်နက်များကို အရှိန်အဟုန်ဖြင့် အသုံးပြုနေမှုအပေါ် ပင်တဂွန် စစ်ဌာနချုပ် အရာရှိအချို့က စိုးရိမ်မကင်းဖြစ်နေပြီး လက်နက်အင်အား ထပ်မံဖြည့်တင်းနိုင်ရေးအတွက် ပြည်တွင်း၌ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက သောကြာနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ ဝါရှင်တန်ပို့စ်က ရေးသားထားခြင်းဖြစ်သော်လည်း ရိုက်တာသတင်းဌာနအနေဖြင့် ယင်းသတင်းကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် အိမ်ဖြူတော်တို့ကလည်း ရိုက်တာ၏ မှတ်ချက်ပေးရန် တောင်းဆိုမှုအပေါ် ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးကြောင်းသိရသည်။

ကိုးကား Reuters

By Htet Ko