PSM(NEWS) မတ်၂၇၊ ၂၀၂၆ အမေရိကန်-အစ္စရေးနှင့် အီရန် တို့အကြား ဖြစ်ပွားနေသောစစ်ပွဲအပြီးတွင်ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် မိတ်ဖက်နိုင်ငံများနှင့် အဆိုပြုချက်များရရှိရန် ပြင်သစ်စစ်ဘက်ဆိုင်ရာ အကြီးအကဲသည် ကြာသပတေးနေ့တွင် နိုင်ငံပေါင်း ၃၅နိုင်ငံခန့်နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းပြင်သစ်အစိုးရက ပြောကြားခဲ့သည်။ အမေရိကန်၏အနောက်အုပ်စုမဟာမိတ်များက လက်ရှိဖြစ်ပွားနေသောပဋိပက္ခတွင်ပါဝင်မည်မဟုတ်ကြောင်းပြောကြားထားသော်လည်း၊တိုက်ပွဲများပြီးဆုံးသွားသည့်တိုင်ကမ္ဘာ့ရေနံထောက်ပံ့မှုငါးပုံတစ်ပုံခန့်ဖြတ်သန်းရာ၎င်းရေလမ်းကြောင်းကိုအီရန်ကဆက်လက်ခြိမ်းခြောက်နေမည်ကို စိုးရိမ်သောကြောင့်ယခုကဲ့သို့ကန့်လန့်ကာနောက်ကွယ်မှပြင်ဆင်မှုများပြုလုပ်လာခြင်းဖြစ်သည်။ အီရန်ကအမေရိကန်နှင့်အစ္စရေးတို့၏ပဋိပက္ခအတွင်းကုန်တင်သင်္ဘောများကိုတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းထိုဒေသအတွင်းရေကြောင်းသွားလာမှုမှာ ရပ်တန့်လုနီးပါး ဖြစ်နေခဲ့သည်။ ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်လက်နက်ကိုင်တပ်ဖွဲ့များဦးစီးချုပ်ဖေဘီယန်မန်ဒွန်နှင့်ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့်ဆွေးနွေးခဲ့သည့်နိုင်ငံအမည်များကိုထည့်သွင်းဖော်ပြခြင်းမရှိသော်လည်းတိုက်ကြီးအားလုံးမှနိုင်ငံများပါဝင်ကြောင်း ဖော်ပြထားသည်။ ရင်းမြစ်များ၏အဆိုအရဤဆွေးနွေးမှုများသည် အကျပ်အတည်းအပေါ် နိုင်ငံအသီးသီး၏ အမြင်များကိုသိရှိရန်နှင့်နောင်တွင်ဆောင်ရွက်မည့်မစ်ရှင်ပုံစံအတွက်အကြံဉာဏ်များရယူရန်ဖြစ်ကြောင်း သိရသည်။ “ဒီအစီအစဉ်ဟာအခုလက်ရှိဒေသတွင်းမှာဖြစ်နေတဲ့စစ်ရေးဆင်နွှဲမှုတွေနဲ့သီးခြားစီဖြစ်ပြီးစစ်မှန်တဲ့ ခုခံကာကွယ်ရေးသဘာဝပဲရှိပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ယခုရက်စက်ကြမ်းကြုတ်မှုတွေရပ်တန့်သွားတာနဲ့ဟော်မုဇ်ရေလက်ကြားကနေရေကြောင်းကုန်သွယ်မှုတွေပြန်လည်စတင်နိုင်ဖို့စီစဉ်ရတာဖြစ်ပါတယ်။” သီးခြားအနေဖြင့်ပြင်သစ်ရေတပ်ဦးစီးချုပ်အက်ဒမီရယ် နီကိုလက်စ် ဗိုဂျူးကလည်း ဗြိတိန်၊ ဂျာမနီ၊အီတလီ၊အိန္ဒိယနှင့်ဂျပန်နိုင်ငံတို့အပါအဝင်ရေတပ်အကြီးအကဲ၁၂ဦးနှင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် က ဟော်မုဇ်ရေလက်ကြားတွင်လုပ်ဆောင်မည့်မည်သည့်လုပ်ငန်းစဉ်မဆိုကုလသမဂ္ဂ၏မူဘောင်အောက်တွင်ရှိရန်အကြံပြုထားသည်။အဆိုပါနိုင်ငံတကာကြိုးပမ်းမှုများသည်တိုက်ပွဲများငြိမ်သက်သွားပြီးနောက်အာမခံကုမ္ပဏီများ၊သင်္ဘောလိုင်းများနှင့်ဆွေးနွေးကာအီရန်၏သဘောတူညီချက်ဖြင့်သာဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပြင်သစ်သည် အနာဂတ်မစ်ရှင်များအတွက် အသင့်ဖြစ်စေရန် မြေထဲပင်လယ်အရှေ့ပိုင်းသို့ လေယာဉ်တင်သင်္ဘောအုပ်စုနှင့်အရှေ့အလယ်ပိုင်းသို့ရဟတ်ယာဉ်တင်သင်္ဘောနှစ်စင်း၊စစ်သင်္ဘောရှစ်စင်းတို့ကိုစေလွှတ်ထားပြီးဖြစ်သည်။ ဗြိတိန်အစိုးရကလည်း ရေလက်ကြားပြန်ဖွင့်ရန် ခိုင်မာသောစီမံကိန်းတစ်ခုအတွက်မဟာမိတ်များနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်းပြောကြားခဲ့သည်။ သို့သော်ဒေသတွင်းတင်းမာမှုများ မလျှော့ချနိုင်ပါကဤလုပ်ငန်းမှာခက်ခဲလိမ့်မည်ဟုဝန်ကြီးချုပ်ကီယာစတာမာကသတိပေးထားသည်။ ပြင်သစ်သည် အနာဂတ်မစ်ရှင်များအတွက် အသင့်ဖြစ်စေရန် မြေထဲပင်လယ်အရှေ့ပိုင်းသို့ လေယာဉ်တင်သင်္ဘောအုပ်စုနှင့် အရှေ့အလယ်ပိုင်းသို့ ရဟတ်ယာဉ်တင်သင်္ဘော နှစ်စင်း၊ စစ်သင်္ဘော ရှစ်စင်းတို့ကို စေလွှတ်ထားပြီးဖြစ်သည်။ ဗြိတိန်အစိုးရကလည်း ရေလက်ကြားပြန်ဖွင့်ရန် ခိုင်မာသောစီမံကိန်းတစ်ခုအတွက် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ သို့သော် ဒေသတွင်းတင်းမာမှုများ မလျှော့ချနိုင်ပါက ဤလုပ်ငန်းမှာ ခက်ခဲလိမ့်မည်ဟု ဝန်ကြီးချုပ် ကီယာ စတာမာက သတိပေးထားသည်။ ပထမအဆင့်အနေဖြင့် ရေမိုင်းများ ရှင်းလင်းခြင်းကို အဓိကထားလုပ်ဆောင်ရန် မျှော်မှန်းထားပြီး၊ ဒုတိယအဆင့်တွင် ရေနံတင်သင်္ဘောများကို စောင့်ရှောက်လိုက်ပါပို့ဆောင်ပေးမည်ဖြစ်ကြောင်း ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ကိုးကား Reuters Post navigation အီရန်နှင့် ပဋိပက္ခအတွင်း မောင်းသူမဲ့ ဒရုန်းစပိဘုတ်များကို အမေရိကန် စတင်အသုံးပြု အီရန်နှင့်စစ်ပွဲအတွင်း အမေရိကန်ကတိုမာဟော့ခ်ဒုံးကျည် ရာနှင့်ချီ အသုံးပြုနေမှုအပေါ် ပင်တဂွန်စိုးရိမ်နေ