PSM(NEWS)

မတ် ၂၇၊ ၂၀၂၆

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း နှင့်ဘီလာရုစ်သမ္မတအလက်ဇန်းဒါးလူကာရှန်ကိုတို့သည်ကြာသပတေးနေ့တွင်နှစ်နိုင်ငံ“ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး”စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ လူကာရှန်ကို၏ပထမဆုံးသောမြောက်ကိုရီးယား ခရီးစဉ်အတွင်း ခေါင်းဆောင်နှစ်ဦးသည် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံခဲ့ကြကြောင်းသိရသည်။

ယူကရိန်းကို ရုရှားကကျူးကျော်သည့်စစ်ပွဲတွင် ထောက်ခံအားပေးနေကြသည့်အဆိုပါနှစ်နိုင်ငံစလုံးသည်လက်ရှိတွင်အနောက်အုပ်စု၏ပိတ်ဆို့အရေးယူမှုများကိုရင်ဆိုင်နေရပြီးလူ့အခွင့်အရေးချိုးဖောက်မှုများရှိနေကြောင်းစွပ်စွဲခံထားရသည့် နိုင်ငံများဖြစ်သည်။ ၎င်းတို့ခေါင်းဆောင်နှစ်ဦးသည်ပြီးခဲ့သည့်နှစ်အတွင်းက တရုတ်နိုင်ငံတွင် တွေ့ဆုံခဲ့ဖူးသည်။

“ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကနိုင်ငံတကာဥပဒေတွေကိုဗြောင်ကျကျလျစ်လျူရှုပြီးချိုးဖောက်နေတဲ့ အခုလိုကမ္ဘာ့အပြောင်းအလဲကာလမှာ လွတ်လပ်တဲ့နိုင်ငံတွေအနေနဲ့မိမိတို့ရဲ့အချုပ်အခြာအာဏာကို ကာကွယ်ဖို့နဲ့ နိုင်ငံသားတွေရဲ့ လူနေမှုဘဝမြှင့်တင်ဖို့ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရပါမယ်” ဟု လူကာရှန်ကိုက ပြောကြားခဲ့ကြောင်း ဘီလာရုစ်နိုင်ငံပိုင် သတင်းဌာန Belta က ဖော်ပြသည်။

ကင်ဂျုံအန်းကလည်းဘီလာရုစ်နိုင်ငံအပေါ်အနောက်အုပ်စု၏တရားမဝင်သောဖိအားပေးမှုများကိုဆန့်ကျင်ကြောင်းနှင့်ဘီလာရုစ်ခေါင်းဆောင်ပိုင်း၏ လူမှုရေး၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကြိုးပမ်းချက်များကိုအပြည့်အဝထောက်ခံကြောင်းတုံ့ပြန်ပြောကြားခဲ့သည်။

ဂုဏ်ပြုအခမ်းအနား:ဗုဒ္ဓဟူးနေ့ကကင်အီဆွန်းရင်ပြင်တွင်ပြုလုပ်သည့်ကြိုဆိုပွဲတွင်ခေါင်းဆောင်နှစ်ဦးဖက်လှဲတကင်းနှုတ်ဆက်ခဲ့ကြပြီးမြောက်တပ်ဖွဲ့များ၊စစ်သားများ၏စစ်ရေးပြကွက်များနှင့် လူထု၏ ကြိုဆိုမှုကို ခံယူခဲ့ကြသည်။

ပူတင်၏ကိုယ်စားလှယ်:လူကာရှန်ကိုသည်ကင်ဂျုံအန်း၏ဖခင်နှင့်အဖိုးဖြစ်သူတို့၏ရုပ်ကလာပ်များထားရှိရာကွန်ဆူဆန်နေနန်းတော်)သို့သွားရောက် ဂါရဝပြုခဲ့ပြီး ရုရှားသမ္မတဗလာဒီမီယာ ပူတင်ကိုယ်စား ပန်းခြင်း ချထားပေးခဲ့သည်။

ဘီလာရုစ်နှင့် မြောက်ကိုရီးယားတို့သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ပူတင်တို့ ဦးဆောင်သည့် အနောက်အုပ်စု၏ လွှမ်းမိုးမှုကိုစိန်ခေါ်ရန်“ဝန်ရိုးစုံကမ္ဘာ”တည်ဆောက်ရေး အစီအစဉ်တွင် ပါဝင်နေကြသည်။

ယူကရိန်းစစ်ပွဲတွင်မြောက်ကိုရီးယားကရုရှားသို့ စစ်သည်များ၊အမြောက်ကျည်များနှင့်ဒုံးကျည်များ ပေးပို့နေသကဲ့သို့ ဘီလာရုစ်သည်လည်း ရုရှားကျူးကျော်စစ်အတွက်နယ်မြေအသုံးချခွင့် ပေးထားသည်။မြောက်ကိုရီးယားသည်ရုရှားထံမှ ဘဏ္ဍာရေး အထောက်အပံ့၊ စစ်ဘက်ဆိုင်ရာ နည်းပညာနှင့်စားနပ်ရိက္ခာများရရှိနေသဖြင့်၎င်း၏ရေရှည်မဟာမိတ်တရုတ်အပေါ်မှီခိုမှုကိုလျှော့ချလာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

နှစ်နိုင်ငံအကြား ကုန်သွယ်မှုမှာ လက်ရှိတွင် နည်းပါးနေသေးသော်လည်းဘီလာရုစ်မှဆေးဝါးနှင့်စားသောက်ကုန်များကိုမြောက်ကိုရီးယားသို့တင်ပို့ရန်နှင့်မြောက်ကိုရီးယားမှအရည်အသွေးကောင်းမွန်ပြီးဈေးနှုန်းသက်သာသည့်အလှကုန်ပစ္စည်းများကို ဘီလာရုစ်သို့တင်သွင်းရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ကိုရီးယား ကာကွယ်ရေး လလေ့လာဆန်းစစ်မှအဖွဲ့(KIDA) မှလီဟိုရောင်က“ဒီခရီးစဉ်ဟာအနောက်အုပ်စုရဲ့ အစီအမံကိုဆန့်ကျင်တဲ့နိုင်ငံတွေကြားမှာစည်းလုံးညီညွတ်မှုကိုပြသဖို့ရည်ရွယ်တာဖြစ်သလို၊ကင်ဂျုံအန်းအနေနဲ့သူတို့ရဲ့သံတမန်ရေးရာအဆင့်အတန်းကိုမြှင့်တင်ဖို့ကြိုးစားတာလည်းဖြစ်ပါတယ်”ဟုပြောကြားခဲ့သည်။

ကိုးကား AFP

By Htet Ko