international news ဇွန်လနှောင်းပိုင်း အပူလှိုင်းဖြတ်သန်းမှုကြောင့် ဥရောပတွင် လူပေါင်း ၁၀,၀၀၀ ကျော် သေဆုံးခဲ့ July 14, 2026 Htet Ko PSM (News) ဇူလိုင် ၁၄၊၂၀၂၆ ဇွန်လနှောင်းပိုင်းတွင် ဥရောပတိုက် အနောက်ပိုင်းကို ရိုက်ခတ်ခဲ့သော စံချိန်တင် အပူလှိုင်းကြောင့် လူပေါင်း ၁၀,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။ EuroMOMO ကွန်ရက်၏ အချက်အလက်များအရ သေဆုံးသူ အများစုမှာ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် အပူဒဏ်ကြောင့်ဖြစ်သော…
daily-news အာဆီယံနှင့် အာဏာလုစစ်အုပ်စုတို့၏ အလွတ်သဘောတွေ့ဆုံမှုသည် အာဆီယံတစ်ဖွဲ့လုံး၏ သဘော ထားပြောင်းလဲမှုမဟုတ်ဟု NUG ပြော July 13, 2026 Htet Ko PSM(News) ဇူလိုင် ၁၃၊ ၂၀၂၆ ဘန်ကောက်မြို့တွင် ဇူလိုင် ၁၂ ရက်နေ့က ထိုင်းအစိုးရနှင့် အာဏာလုစစ်အုပ်စု ကိုယ်စားလှယ်များ အလွတ် သဘော တွေ့ဆုံခဲ့ပြီး အဆိုပါတွေဆုံမှုနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယင်းနေ့တွင်ပင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေး၊ လူသားချင်းစာနာမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အတွက် နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ…
daily-news ချောက်မြို့နယ်၌ အာဏာလုစစ်တပ်၏ ပုံမှားရိုက်စီးနင်းမှုကြောင့် PDF ရဲဘော် ၂၀ ဦး ကျဆုံးခဲ့ရမှုအပေါ် NUG နှင့် မကွေးတိုင်းဆေးတပ်ဖွဲ့ ဝမ်းနည်းကြောင်း ထုတ်ပြန် July 13, 2026 Htet Ko PSM(News) ဇူလိုင် ၁၃၊ ၂၀၂၆ မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း အာဏာလုစစ်တပ်၏ အရပ်ဝတ်ဖြင့် ပုံမှားရိုက် စီးနင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၀ ဦး ကျဆုံးခဲ့ရသည့် ဖြစ်စဉ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနှင့် မကွေးတိုင်းဆေးတပ်ဖွဲ့တို့က ဝမ်းနည်းကြေကွဲကြောင်း အသီးသီး ထုတ်ပြန်ထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်နေ့တွင် မကွေးခရိုင်မှ…
daily-news အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှု တိုးတက်မှုနည်းပါးသည့်အပေါ် စင်္ကာပူ စိတ်ပျက် July 13, 2026 Htet Ko PSM (News) ဇူလိုင် ၁၃၊၂၀၂၆ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောအစည်းအဝေးနှင့် အလွတ်သဘော တိုင်ပင်ဆွေးနွေးပွဲကို ဇူလိုင် ၁၂ ရက်နေ့တွင် ကျင်းပခဲ့ရာ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှု အားနည်းနေခြင်းနှင့် ပတ်သက်၍ စင်္ကာပူနိုင်ငံက စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါအစည်းအဝေးသို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန်…
international news တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ရေကြောင်းပိုင်နက် တောင်းဆိုမှုများမှာ တရားဝင်အခြေအမြစ်မရှိဟု နိုင်ငံပေါင်း (၁၄) နိုင်ငံပါဝင်သည့် ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြ July 13, 2026 Htet Ko PSM(News) ဇူလိုင် ၁၃၊ ၂၀၂၆ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ကျယ်ပြန့်သော ရေကြောင်းပိုင်နက် တောင်းဆိုမှုများသည် တရားဥပဒေအရ အခြေအမြစ်မရှိကြောင်း ဂျပန်၊ ဖိလစ်ပိုင်၊ အမေရိကန်နှင့် အခြားနိုင်ငံ (၁၁) နိုင်ငံတို့က တနင်္ဂနွေနေ့တွင် ပူးတွဲထုတ်ပြန်လိုက်သည်။ ဤထုတ်ပြန်ချက်သည် နိုင်ငံတကာခုံရုံး၏ အရေးပါသော ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့် (၁၀) နှစ်မြောက် နှစ်ပတ်လည်နေ့ကို အထိမ်းအမှတ်ပြုသည့်အနေဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၆…
international news ဟော်မုဇ်ရေလက်ကြားအတွင်း လွတ်လပ်စွာသွားလာနိုင်ရေး အမေရိကန်တပ်ဖွဲ့များ အသင့်ရှိနေဟု အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် ထုတ်ပြန် July 13, 2026 Htet Ko PSM (News) ဇူလိုင် ၁၃၊၂၀၂၆ ဟော်မုဇ်ရေလက်ကြားသည် သင်္ဘောများအားလုံးအတွက် ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို အာမခံနိုင်ရန် အမေရိကန်စစ်တပ်က “နေရာချထားပြီး အသင့်အနေအထား” ရှိနေကြောင်း အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းစစ်ဌာနချုပ် က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းထုတ်ပြန်ချက်သည် အမေရိကန်နှင့် အီရန်တပ်ဖွဲ့များအကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ပြီးနောက် အီရန်နိုင်ငံဘက်က အရေးပါသော ရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို…
international news ကနေဒါနိုင်ငံ၊တိုရွန်တိုမြို့ရှိ ပွဲတော်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ July 13, 2026 Htet Ko PSM (News) ဇူလိုင် ၁၃၊၂၀၂၆ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့တွင် စနေနေ့က ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပစ်ခတ်မှုတစ်ခုကြောင့် လူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ရဲတပ်ဖွဲ့၏ အဆိုအရ အခင်းဖြစ်ပွားရာနေရာတွင် သေနတ်ဒဏ်ရာရရှိထားသူ ၅ ဦးကို တွေ့ရှိခဲ့ရပြီး ၎င်းတို့အနက် ၂ ဦးမှာ…
international news ကိုနာမဂ္ဂရီဂါ ၏ ၅ နှစ်အကြာ ကြိုးဝိုင်းအပြန်လမ်း ခြေထောက်ဒဏ်ရာဟောင်းကြောင့် ပထမ အချီ မှာတင် မက်စ် ဟော်လိုဝေးကို ရှုံးနိမ့် July 12, 2026 Htet Ko PSM (News) ဇူလိုင် ၁၂၊ ၂၀၂၆ ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာကျော် UFC 329 ပြိုင်ပွဲ၌ ဖိုက်တာကြီး ကိုနာ မဂ္ဂရီဂါ (Conor McGregor) သည် ခြေထောက်ဒဏ်ရာဟောင်းကြောင့် မက်စ် ဟော်လိုဝေး (Max Holloway) ကို ပထမအချီမှာပင် အချိန်တိုအတွင်း အရှုံးပေးခဲ့ရပြီး ကြိုးဝိုင်းအပြန်လမ်း…
international news အာဂျင်တီးနားအသင်း ဆွစ်ဇာလန်ကို အနိုင်ယူပြီး ၂၀၂၆ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွင် အင်္ဂလန်နှင့် တွေ့ဆုံမည် July 12, 2026 Htet Ko PSM (News) ဇူလိုင် ၁၂၊ ၂၀၂၆ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းသည် ၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။ ၎င်းတို့သည် ဆွစ်ဇာလန်အသင်းကို ပွဲချိန်ပို အထိ ကစားပြီးနောက် ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ဂျူလီယန် အယ်လ်ဗာရက်ဇ်၏ အဝေးကန်ချက်မှာ အနိုင်ဂိုးအဖြစ် အဆုံးအဖြတ်ပေးခဲ့သည်။ ပွဲချိန် ၁၀ မိနစ်တွင် လီယွန်နယ် မက်ဆီ၏ အကောင်းဆုံး…
international news ဗီယက်နမ်နိုင်ငံ ဖူးကွက်ကျွန်းအနီး ခရီးသည်တင်လှေတစ်စင်း တိမ်းမှောက်မှုကြောင့် အိန္ဒိယနိုင်ငံသား ၁၅ ဦး သေဆုံး July 12, 2026 Htet Ko PSM (News) ဇူလိုင် ၁၂ ၊ ၂၀၂၆ ဗီယက်နမ်နိုင်ငံ တောင်ပိုင်းရှိ ဖူးကွက် ကျွန်းအနီးတွင် စနေနေ့က ခရီးသည်တင်လှေတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အိန္ဒိယနိုင်ငံသား ခရီးသွား ၁၅ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များကို ကိုးကား၍ VnExpress သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါ လှေပေါ်တွင် အိန္ဒိယနိုင်ငံသား ခရီးသွား ၃၂ ဦး၊…