international news အိန္ဒိယ၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် လူ ၈၂ ဦး သေဆုံး July 24, 2026 Htet Ko PSM (News) ဇူလိုင် ၂၄၊၂၀၂၆ ယခုသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများကြောင့် အနည်းဆုံး လူ ၈၂ ဦး သေဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးရေးမြေများ၊ အခြေခံအဆောက်အအုံများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်ပျက်စီးခဲ့ရသည်။ အိန္ဒိယနိုင်ငံ…
daily-news တောင်ငူအကျဉ်းထောင်မှ နိုင်ကျဉ်း ၁၀၀ အပါအဝင် အကျဉ်းသား ၅၀၀ ခန့်ကို အာဏာလုစစ်အုပ်စုက ခြေချင်းခတ်၍ သာယာဝတီထောင်သို့ ရုတ်တရက် ပြောင်းရွှေ့ July 23, 2026 Htet Ko PSM (News) ဇူလိုင် ၂၃၊ ၂၀၂၆ ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်မှ အမျိုးသား နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦး အပါအဝင် အကျဉ်းသား စုစုပေါင်း ၅၀၀ ခန့်ကို အာဏာလုစစ်အုပ်စု၏ အကျဉ်းထောင်အာဏာပိုင်များက ယနေ့ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် သာယာဝတီအကျဉ်းထောင်သို့ ရုတ်တရက် ပြောင်းရွှေ့လိုက်ကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)…
daily-news တီးတိန်-ကနေဒီတောင်ကြားတွင် အာဏာလုစစ်အုပ်စုနှင့်ပူးပေါင်းစစ်ကြောင်း ကြားဖြတ်တိုက်ခိုက် ခံရပြီး ၆ ဦး သေဆုံး July 23, 2026 Htet Ko PSM(News) ဇူလိုင် ၂၃၊ ၂၀၂၆ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အာဏာလုစစ်အုပ်စုတပ်များကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင်နှင့် ၎င်းတို့နှင့် ပူးပေါင်းနေသည့် ZRA (EC) တပ်ဖွဲ့ဝင် ခြောက် ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – ဇိုလဲန်း (PDF-Zoland/ZFU) က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်တွင် ကနေဒီတောင်နှင့်…
daily-news မြိုင်တွင် အာဏာလုစစ်အုပ်စုက သင်းမရွာကို မီးရှို့၍ ရေနံမှော်များဆီ ဦးတည်နေ၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇနီးမောင်နှံ ၂ ဦး သေဆုံး July 23, 2026 Htet Ko PSM(News) ဇူလိုင် ၂၃၊ ၂၀၂၆ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စီးနင်းနေသည့် အာဏာလုစစ်အုပ်စု စစ်ကြောင်း သည် သင်းမကျေးရွာကို မီးရှို့ဖျက်ဆီးကာ ရေနံမှော်များဆီသို့ ဦးတည်စစ်ကြောင်းထိုး နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ အာဏာလုစစ်အုပ်စုတပ်သည် ယမန်နေ့ ဇူလိုင်လ ၂၂ ရက်က သင်းမကျေးရွာအတွင်းသို့ စီးနင်း ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။…
international news ပြင်သစ်တွင် အသက် ၁၅ နှစ်အောက် ကလေးငယ်များ လူမှုကွန်ရက်သုံးစွဲခွင့် တားမြစ် July 23, 2026 Htet Ko PSM(News) ဇူလိုင် ၂၃၊ ၂၀၂၆ Tik Tok ကဲ့သို့သော လူမှုကွန်ရက် အပလီကေးရှင်းများကို ကလေးငယ်များ အသုံးပြုခြင်းမှ တားမြစ်သည့် ဥပဒေကြမ်းကို ပြင်သစ်နိုင်ငံ လွှတ်တော်က ဇူလိုင်လ ၂၁ ရက် အင်္ဂါနေ့တွင် တရားဝင်အတည်ပြုလိုက်ပြီဖြစ်သည်။ ၎င်းမှာ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများထဲတွင် ပထမဆုံးအကြိမ် တားမြစ်သည့်နိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရသည်။ သမ္မတ အီမန်နျူရယ်…
international news ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စည်းရိုးတည်ဆောက်မှုကို ထိုင်း ဆက်လက်လုပ်ဆောင် July 23, 2026 Htet Ko PSM(News) ဇူလိုင် ၂၃၊၂၀၂၆ ပြီးခဲ့သည့်နှစ်က တိုက်ပွဲများ နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် အမြဲတမ်းနယ်စပ်စည်းရိုး၏ ပထမဆုံးအပိုင်းကို တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း ထိုင်းစစ်တပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ အရှေ့ပိုင်း ပွန်နမ်ရွန်ခရိုင်အတွင်းရှိ ၁.၃ ကီလိုမီတာ ရှည်လျားသည့် အဆိုပါကွန်ကရစ်စည်းရိုးသည် လက်နက်ငယ်များ၏ ပစ်ခတ်မှုကို ကာကွယ်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ပြီး၊ စုစုပေါင်း ၈၁၇ ကီလိုမီတာ ရှည်လျားသော နယ်စပ်တစ်လျှောက်တွင် နောက်ထပ်…
international news ဗင်နီဇွဲလား သမ္မတဟောင်း မာဒူရို၏ မူးယစ်မှောင်ခိုမှုအမှု ရုံးချိန်းအတွက် အမေရိကန်တရားရုံးသို့ ရောက်ရှိမည် July 23, 2026 Htet Ko PSM(News) ဇူလိုင် ၂၃၊၂၀၂၆ ဖမ်းဆီးထိန်းသိမ်းခံထားရသော ဗင်နီဇွဲလား သမ္မတဟောင်း နီကိုလက်စ် မာဒူရိုနှင့် ဇနီးဖြစ်သူ ဆီလီယာ ဖလိုရက်စ်တို့သည် မူးယစ်ဆေးဝါးမှောင်ခိုမှု အမှုတွဲနှင့်ပတ်သက်သည့် ရုံးချိန်းစာရင်းဇယားများကို ဆွေးနွေးရန် ဗုဒ္ဓဟူးနေ့တွင် မန်ဟက်တန် ဖယ်ဒရယ်တရားရုံးသို့ ထပ်မံရောက်ရှိမည်ဖြစ်သည်။ အမေရိကန်ခရိုင်တရားသူကြီး အယ်လ်ဗင် ဟယ်လာစတိုင်း ရှေ့မှောက်၌ ပြုလုပ်မည့် ယခုရုံးချိန်းတွင် ၂၀၂၇ ခုနှစ် ဇွန်လ၌ အမှုစတင်စစ်ဆေးရန် နှစ်ဖက်ရှေ့နေများက…
international news အိန္ဒိယနိုင်ငံတွင် ကျောင်းသားဆန္ဒပြပွဲများကြောင့် ဝန်ကြီးချုပ် မိုဒီအတွက် အတိုက်အခံများကို နေရာပေးမိသကဲ့သို့ ဖြစ်လာ July 23, 2026 Htet Ko PSM(News) ဇူလိုင် ၂၃၊၂၀၂၆ အိန္ဒိယနိုင်ငံ၌ အစိုးရ၏ စာမေးပွဲမေးခွန်း ပေါက်ကြားမှုနှင့် အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်သည့် ကျောင်းသားများနှင့် လူငယ်များ၏ ဆန္ဒပြပွဲများ ကျယ်ပြန့်လာခြင်းသည် ဝန်ကြီးချုပ် နရန်ဒြာ မိုဒီ၏ အစိုးရအပေါ် ဖိအားဖြစ်စေပြီး အတိုက်အခံပါတီများအတွက် လူငယ်မဲဆန္ဒရှင်များကို ဆွဲဆောင်ရန် ရှားပါးသည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာစေခဲ့သည်။ မြို့တော် နယူးဒေလီမြို့တွင် ဆန္ဒပြကျောင်းသားများကို ရဲတပ်ဖွဲ့က ရာဘာတုတ်များ၊ ရေပက်ပိုက်များနှင့်…
international news မနီလာမြို့တွင် အာဆီယံ အစည်းအဝေးကျင်းပနေစဉ် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်ရင်ဆိုင် ပဋိပက္ခဖြစ်ပွား July 23, 2026 Htet Ko PSM(News) ဇူလိုင် ၂၃၊ ၂၀၂၆ ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော်ဖြစ်သော မနီလာမြို့တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများ၏ အစည်းအဝေး ကျင်းပနေသည့် ကာလအတွင်း ဆန္ဒပြပွဲများ ဇူလိုင်လ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ဖြစ်ပွားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၏ ခရီးစဉ်ကို လုံးဝ လက်မခံကြောင်း ပြသသည့်အနေဖြင့် ဒေသခံဖိလစ်ပိုင်တက်ကြွလှုပ်ရှားသူများက လမ်းမများပေါ်ထွက်ကာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။…
daily-news မြိုင်မြို့နယ်တွင် အာဏာလုစစ်အုပ်စု စစ်ကြောင်းထိုး သတ်ဖြတ်မှုကြောင့် ပြည်သူ ၂၆ ဦးအထိ သေဆုံး၊ ဘေးလွတ်ရာ ကြိုတင်ရှောင်ရှားရန် မြိုင် ပကဖ သတိပေး July 22, 2026 Htet Ko PSM(News) ဇူလိုင် ၂၂၊ ၂၀၂၆ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ဝင်ရောက် စစ်ကြောင်းထိုးနေသည့် အာဏာလုစစ်အုပ်စုတပ်၏ ရက်စက်စွာ သတ်ဖြတ်မှုများနှင့် လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုများကြောင့် ယနေ့အချိန်အထိ အပြစ်မဲ့ ပြည်သူ ဦးရေ ၂၆ ဦးအထိ သေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) နှင့် အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) တို့၏…