PSM (News)

ဇူလိုင် ၂၂၊၂၀၂၆

မလေးရှားနိုင်ငံ၊ဆာရာဝက်ပြည်နယ်၊ ဆီဘူးမြို့၊ ဂျာလန် ခူးပင်လောင် လမ်းမပေါ်ရှိ ထောင့်စွန်း ဈေးဆိုင်တန်း အဆောက်အအုံတစ်လုံးတွင် ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှု ဖြစ်ပွားချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် မီးညွန့် ထိန်းချုပ်ရာတွင် အတန်ငယ် အထောက်အကူ ပြုခဲ့သည်။

အဆိုပါ မီးလောင်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း တာဝန်ရှိသူများက အတည်ပြု ပြောကြားခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီအချိန်အထိ မီးငြှိမ်းသတ်ရေးနှင့် စစ်ဆေးရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ပြီး၊ မီးလောင်မှု ရာနှုန်းပြည့် ငြှိမ်းသတ်နိုင်ရေးနှင့် ကျန်ရှိနိုင်သည့် မီးကြွင်းမီးကျန်များ မရှိစေရေးအတွက် ဆက်လက် ကြိုးပမ်းလျက်ရှိသည်။

မီးလောင်ရသည့် အကြောင်းအရင်းကိုမူ လတ်တလောတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။

ကိုးကား-CNA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *