Month: April 2026

အင်းတော်ကို ပြန်လည်ထိန်းချုပ်ရန် အာဏာလုစစ်အုပ်စု ကြံစည်နေ၍ တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်ကြောင်း ပကဖ သတိပေး

PSM(News) ဧပြီ ၂၁၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အပြည့်အဝ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို အာဏာလုစစ်အုပ်စု က ပြန်လည်သိမ်းပိုက်ရန် ကြံစည်နေသဖြင့် မြို့နယ်အတွင်း တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ ဧပြီ ၂၁ ရက်တွင် သတိပေးချက် ထုတ်ပြန်သည်။ အင်းတော်မြို့နယ်ကို…

အာရက္ခတပ်တော် နှင့် ချင်းပြည်သူ့တပ်မတော် ခေါင်းဆောင်များတွေ့ဆုံ၊ အာဏာလုစစ်အစိုးရကို တိုက်ထုတ်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး

PSM(News) ဧပြီ ၂၁၊ ၂၀၂၆ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ခေါင်းဆောင်များနှင့် ချင်းပြည်သူ့အစည်း အရုံး/ချင်းပြည်သူ့တပ်မတော် (CPO/CPA) ခေါင်းဆောင်များ တွေ့ဆုံကာ နွေဦးတော်လှန်ရေး တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်ပူးတွဲလုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ဖိတ်ကြားမှုဖြင့် ချင်းပြည်သူ့အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အာရက္ခဒေသသို့ သွားရောက် ခဲ့ခြင်း ဖြစ်သည်။ အဆိုပါခရီးစဉ်အတွင်း…

အိန္ဒိယ-မြန်မာနယ်စပ်နှင့် ကနီမြို့အနီးတွင် ငလျင်များ ဆက်တိုက်လှုပ်ခတ် ၊ သတိပြုနေထိုင်ကြရန် NUG အသိပေး

PSM(News) ဧပြီ ၂၁၊ ၂၀၂၆ အိန္ဒိယ-မြန်မာနယ်စပ်နှင့် စစ်ကိုင်းတိုင်းအတွင်း ယနေ့ ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် အင်အား အသင့်အတင့်ရှိသော မြေငလျင်များ နှစ်ကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့သဖြင့် ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကို သတိပြုနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့အနီးတွင် ယနေ့ နံနက်…

ဒေသတွင်းစစ်ပွဲများကြား တိုက်ခိုက်မှုခြိမ်းခြောက်မှုများရှိနေသော်လည်း အီရတ်သင်္ဘောကပ္ပတိန်တစ်ဦး ဆက်လက်ခုတ်မောင်းနေ

PSM(NEWS) ဧပြီ ၂၁၊၂၀၂၆ အိုမန်ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြားကြားရှိ တင်းမာမှုများမြင့်တက်နေသော ရေပြင်ထက်တွင် အီရတ်သင်္ဘောကပ္ပတိန် ရာမန် အယ်လ်-ဂျူဘူရီ သည် ကမ္ဘာ့အန္တရာယ်အရှိဆုံး ရေကြောင်းစင်္ကြံတစ်ခု၌ လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေသည်။ အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေပြီး သင်္ဘောသားအချို့မှာလည်း ပိတ်မိနေကာ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည်။ ၁၉၈၄ ခုနှစ်ကတည်းက ပင်လယ်ပြင်၌ အလုပ်လုပ်ကိုင်ခဲ့သည့် ဝါရင့်သင်္ဘောသား…

ဟော်မုဇ်ရေလက်ကြားမှထွက်ခွာလာသည့် ရေနံတင်သင်္ဘော တောင်ကိုရီးယားရှိ HD Hyundai Oilbank သို့ ဦးတည်ခုတ်မောင်းနေ

PSM(NEWS) ဧပြီ ၂၁၊၂၀၂၆ ဟော်မုဇ်ရေလက်ကြား ကို ဖြတ်သန်းလာသည့် ရေနံတင်သင်္ဘောတစ်စီးသည် တောင်ကိုရီးယား ရေနံချက်လုပ်ငန်းတစ်ခုဖြစ်သည့် HD Hyundai Oilbank တွင် ကုန်ချရန် ဦးတည်ခုတ်မောင်းနေကြောင်း သင်္ဘောသွားလာမှုဆိုင်ရာ အချက်အလက်များအရ သိရသည်။ မော်လ်တာနိုင်ငံအလံလွှင့်ထူထားသောOdessaအမည်ရှိ သင်္ဘောသည် ဧပြီလ ၁၃ ရက်နေ့တွင် ရေလက်ကြားကို ဖြတ်သန်းခဲ့ကြောင်း Kpler အချက်အလက်များတွင် ဖော်ပြထားသော်လည်း အဆိုပါသင်္ဘောသည် မည်သည့်နေရာမှ…

လက်ဘနွန်တောင်ပိုင်းရှိ ခရစ်ယာန်လက်ဝါးကပ်တိုင်အား အစ္စရေးစစ်သားတစ်ဦး ဖျက်ဆီးမှုကို နေတန်ယာဟုနှင့် အစ္စရေးအစိုးရ ရှုတ်ချ

PSM(NEWS) ဧပြီ ၂၁၊ ၂၀၂၆ လက်ဘနွန်တောင်ပိုင်းရှိ ခရစ်ယာန်ဘာသာဝင်များ နေထိုင်ရာ ကျေးရွာတစ်ရွာတွင် အစ္စရေးစစ်သားတစ်ဦးက ခရစ်ယာန်လက်ဝါးကပ်တိုင်အား ပုဆိန်ဖြင့် ထုရိုက်ဖျက်ဆီးခဲ့မှုကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနိုင်ငံခြားရေးဝန်ကြီးနှင့် စစ်တပ်တို့က တနင်္လာနေ့တွင် ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည့် ဓာတ်ပုံတစ်ပုံ၌ အစ္စရေးစစ်သားတစ်ဦးသည် မြေပြင်ပေါ်သို့ လဲကျနေသည့် ယေရှုခရစ်တော်၏ ရုပ်တုပါဝင်သော လက်ဝါးကပ်တိုင်ကို…

ယူကရိန်းအတွက် ‘ပြယုဂ်သဘောဆောင်သော’ အီးယူအဖွဲ့ဝင်ဖြစ်မှု အကျိုးခံစားခွင့်များပေးရန် ပြင်သစ်နှင့် ဂျာမနီ စီစဉ်နေ

PSM(NEWS) ဧပြီ ၂၁၊၂၀၂၆ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့သည် ယူကရိန်းအား ဥရောပသမဂ္ဂ (EU) သို့ အဖွဲ့ဝင်အဖြစ် အပြည့်အဝမဝင်ရောက်မီ ကြားကာလ၌“ပြယုဂ်သဘောဆောင်သော’”အကျိုးခံစားခွင့်များပေးရန် တိုက်တွန်းခဲ့ကြသည်။ သို့သော် အဆိုပါအစီအစဉ်တွင် အီးယူ၏ စိုက်ပျိုးရေးထောက်ပံ့ကြေးများနှင့် မဲပေးပိုင်ခွင့်များ ပါဝင်ခြင်းမရှိပေ။ ၎င်းသည် ရုရှားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိပြီးနောက် အဖွဲ့ဝင်အဖြစ် အမြန်လမ်းမှ တက်လှမ်းလိုသည့် ယူကရိန်း၏ မျှော်လင့်ချက်ကို လျော့ပါးစေခဲ့သည်။ သမ္မတ…

မကွေးရှိ အာဏာလုစစ်အုပ်စု၏ ဗုံးသီးထုတ်လုပ်ရာ ကပစ-၂၁ ကို ရှော့တိုက်ဒုံး အလုံး ၄၀ ကျော်ဖြင့် မကွေးတိုင်း ပကဖ တိုက်ခိုက်

PSM(News) ဧပြီ ၂၀၊ ၂၀၂၆ အာဏာလုစစ်အုပ်စု၏ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုများတွင် အဓိက ဗုံးသီးထောက်ပံ့ပေးနေသည့် မကွေးတိုင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁) ကို မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ရှော့တိုက်ဒုံးနှင့် ရော့ကက်များဖြင့် အလုံး ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကပစ-၂၁ သည် အာဏာလုစစ်အစိုးရက ပြည်သူလူထုအပေါ် ဗုံးကြဲသတ်ဖြတ်ရာတွင်…