Month: April 2026

အာဖရိကရှိ နောက်ဆုံးသံတမန် မဟာမိတ် အစ်ဆွာတီးနီနိုင်ငံသို့ ထိုင်ဝမ်သမ္မတ သွားရောက်မည်

PSM(NEWS) ဧပြီ ၁၄၊ ၂၀၂၆ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် သည် အာဖရိကတိုက်ရှိ ထိုင်ဝမ်၏ နောက်ဆုံးသံတမန် မဟာမိတ်ဖြစ်သော အစ်ဆွာတီးနီ နိုင်ငံသို့ လာမည့်အပတ်တွင် သွားရောက်မည်ဖြစ်ကြောင်း သမ္မတရုံးက တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံက ၎င်း၏ နယ်မြေအဖြစ် အခိုင်အမာ ပြောဆိုထားပြီး နိုင်ငံအချင်းချင်း ဆက်ဆံရေးထူထောင်ခွင့်မရှိဟု ဆိုထားသည့် ထိုင်ဝမ်သည် ယခုအခါတွင် ဘလိဇ်နှင့် တူဗားလူ…

သမ္မတ ထရမ့်၏ ဝေဖန်မှုများအပေါ် တစ်စုံတစ်ရာ တုံ့ပြန်မည်မဟုတ်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုမိန့်ကြား

PSM(NEWS) ဧပြီ ၁၄၊ ၂၀၂၆ အမေရိကန်-အီရန် စစ်ပွဲနှင့် ပတ်သက်၍ ၎င်း၏ မှတ်ချက်များအပေါ် သမ္မတ ဒေါ်နယ်ထရမ့်၏ ဝေဖန်ပြောဆိုမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်ရန် မရှိကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက မိန့်ကြားလိုက်သည်။ ကက်သလစ်အသင်းတော်၏ အကြီးအကဲအဖြစ် အာဖရိကတိုက်သို့ ပထမဆုံးအကြိမ် ခရီးစဉ်အဖြစ် အယ်လ်ဂျီးရီးယားနိုင်ငံသို့ သွားရောက်စဉ် လေယာဉ်ပေါ်၌ လိုက်ပါလာသည့် သတင်းထောက်များ၏ မေးမြန်းမှုကို…

ဂျက်ဖရီ အက်ပ်စတိန်းနှင့် ပတ်သက်မှုအပေါ် WSJ အား တရားစွဲဆိုထားသည့် ဒေါ်လာ ၁၀ ဘီလီယံတန် အသရေဖျက်မှုအမှု သမ္မတ ထရမ့် ရှုံးနိမ့်

PSM(NEWS) ဧပြီ ၁၄၊ ၂၀၂၆ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဂျက်ဖရီ အက်ပ်စတိန်းတို့၏ ဆက်နွှယ်မှုနှင့် ပတ်သက်၍ ရေးသားဖော်ပြခဲ့သော Wall Street Journa(WSJ) နှင့် ရူးပတ် မာဒေါ့ခ် တို့အပေါ် သမ္မတ ထရမ့်က တရားစွဲဆိုထားသည့် ဒေါ်လာ ၁၀ ဘီလီယံတန် အသရေဖျက်မှုအမှုကို ဖက်ဒရယ်တရားသူကြီးတစ်ဦးက တနင်္လာနေ့တွင် ပယ်ချလိုက်သည်။ ဖလော်ရီဒါပြည်နယ်ရှိ အမေရိကန်…

အမေရိကန်က အိုမန်ပင်လယ်ကွေ့နှင့် အာရေဗျပင်လယ်အတွင်း သင်္ဘောများဖြတ်သန်းမှုကို စတင်ပိတ်ဆို့

PSM(NEWS) ဧပြီ ၁၄၊ ၂၀၂၆ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်သည် အရေးပါသော ဟော်မုဇ်ရေလက်ကြား အရှေ့ဘက်ခြမ်းရှိ အိုမန်ပင်လယ်ကွေ့နှင့်အာရေဗျပင်လယ်အတွင်း ရေယာဉ်များ ဖြတ်သန်းသွားလာမှုကို တနင်္လာနေ့ (ဝါရှင်တန်စံတော်ချိန်) နံနက်ပိုင်းမှစတင်၍ ပိတ်ဆို့သွားမည်ဖြစ်ကြောင်း ရေကြောင်းသွားလာသူများထံ အကြောင်းကြားစာပေးပို့ကာ ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က အစ္စလာမ်မာဘတ်မြို့တွင် ပြုလုပ်ခဲ့သော အမေရိကန်နှင့် အီရန်တို့၏ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် သဘောတူညီမှုမရရှိဘဲ ပျက်ပြားသွားပြီးနောက် သမ္မတ ဒေါ်နယ်ထရမ့်က ယင်းပိတ်ဆို့မှု…

ဟော်မုဇ်ရေလက်ကြားသို့ ချဉ်းကပ်လာသည့် စစ်သင်္ဘောများကို အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုအဖြစ် ရှုမြင်မည်ဟု အီရန်တော်လှန်ရေး အစောင့်တပ် သတိပေး

PSM(NEWS) ဧပြီ ၁၃၊ ၂၀၂၆ ဟော်မုဇ်ရေလက်ကြားသို့ ချဉ်းကပ်ရန် ကြိုးပမ်းသည့် မည်သည့်စစ်သင်္ဘောမဆို အမေရိကန်နှင့် နှစ်ပတ်ကြာ သဘောတူညီထားသော အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။ ဟော်မုဇ်ရေလက်ကြားသည် အီရန်ရေတပ်၏ ထိန်းချုပ်မှုနှင့် ကျွမ်းကျင်လိမ္မာစွာ စီမံခန့်ခွဲမှုအောက်တွင် ရှိနေကြောင်း အီရန်အစိုးရပိုင်မီဒီယာက ထုတ်ပြန်သည့် တော်လှန်ရေးအစောင့်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။…

စစ်တောင်းမြစ်ဝှမ်းနှင့် ဘီးလင်းရှိ စစ်ကော်မရှင်တပ်စခန်း ၂ ခုကို အထူးတိုင်းစစ်ဌာနနှင့် ပူးပေါင်း တပ်များ တိုက်ခိုက်သိမ်းပိုက်၊ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် အရှင်ဖမ်းမိ

PSM(News) ဧပြီ ၁၃၊ ၂၀၂၆ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တို့ရှိ စစ်ကော်မရှင်၏ အထိုင်စခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနနှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက အပြီး သတ် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ယမန်နေ့ ဧပြီ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။ #ရွှေကျင်မြို့နယ်၊ လက်ယက်စခန်းသိမ်းတိုက်ပွဲ စစ်တောင်းမြစ်ဝှမ်းရှိ စစ်ကော်မရှင်၏ လက်ယက်စခန်း (ပွိုင့် ၁၂၈ စခန်း) ကို…

မြန်မာပြည်သူတို့၏ ရဲစွမ်းသတ္တိကို အမေရိကန် ချီးကျူး၊ ပဋိပက္ခချုပ်ငြိမ်းရေး ဆက်လက်ကူညီမည်ဟု ကတိပြု

PSM(News) ဧပြီ ၁၃၊ ၂၀၂၆ ‎ မြန်မာနိုင်ငံတွင် ဆက်တိုက်ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခများကြား၌ ပြည်သူများ၏ မယိုင်လဲသော ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ရဲစွမ်းသတ္တိမှာ လေးစားဖွယ်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ယနေ့ ဧပြီ ၁၃ ရက်တွင် ကျရောက်သည့် မြန်မာ့နှစ်သစ်ကူးသင်္ကြန်အကြိုနေ့တွင် ထုတ်ပြန်ထားသည်။ လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခနှင့် အကျပ်အတည်းများ အဆုံးသတ်စေရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်ကူညီသွားမည်ဖြစ်ပြီး သင်္ကြန်၏…

မင်းအောင်လှိုင်အား သမ္မတအဖြစ် အသိအမှတ်ပြုမှုကို ပယ်ချရန်နှင့် စစ်အုပ်စုအားတရားဝင်မှုမပေးရန် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်ကို APHR တိုက်တွန်း

PSM(NEWS) ဧပြီ ၁၃၊၂၀၂၆ မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အား သမ္မတအဖြစ် ခန့်အပ်မှုကိုအသိအမှတ်ပြုခြင်းနှင့် စစ်အုပ်စုအား တရားဝင်မှုပေးရန် ကြိုးပမ်းမှုမှန်သမျှကိုပြတ်ပြတ်သားသား ပယ်ချရန် အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအား ဧပြီလ ၁၂ ရက် ယမန်နေ့က တိုက်တွန်းနှိုးဆော်လိုက်သည်။ စစ်တပ်က စိတ်ကြိုက်ခြယ်လှယ်ထားသည့် လုပ်ငန်းစဉ်များမှတစ်ဆင့် မင်းအောင်လှိုင် သမ္မတဖြစ်လာခြင်းသည် ဒီမိုကရေစီသို့ ဦးတည်ခြင်းမဟုတ်ဘဲ…

အမေရိကန်-အီရန် ဆွေးနွေးပွဲ ပျက်ပြား၊ ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့မည်ဟု ထရမ့် ကြေညာ

PSM (NEWS) ဧပြီ ၁၃၊ ၂၀၂၆ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့တွင် ၂၁ နာရီကြာ အရှိန်အဟုန်မြှင့် ဆွေးနွေးခဲ့ကြသော်လည်း အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ရေလမ်းကြောင်း ထိန်းချုပ်မှုဆိုင်ရာ ကိစ္စရပ်များတွင် သဘောထား ကွဲလွဲခဲ့ကြသဖြင့် ဆွေးနွေးပွဲမှာ အောင်မြင်မှုမရဘဲ ပြီးဆုံးခဲ့သည်။ ထိုသို့ သံတမန်ရေးအရ အဖြေမထွက်ခဲ့ပြီးနောက် သမ္မတ ထရမ့်က အမေရိကန် ရေတပ်အနေဖြင့် ဟော်မုဇ်…