Month: March 2026

နှစ်ပေါင်း ၃၀ ကျော် အခြေချထားသည့် စစ်ကော်မရှင်၏ ဝင်းဝတပ်စခန်းကို KNU ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိ

PSM(News) မတ် ၁၂၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်(သရက်ချောင်းနယ်မြေ)အတွင်းရှိ စစ်ကော်မရှင်၏ ဝင်းဝတပ်စခန်းကို KNU ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ KNU ဗျူဟာ (၂) ဦးဆောင်သည့် တပ်ဖွဲ့များသည် တနင်္သာရီတိုင်းရှိ ထားဝယ်-မြိတ် အမှတ် (၈) လမ်းမကြီး၊ မင်းဒပ်ကျေးရွာတွင် နှစ်ပေါင်း (၃၀) ကျော်ကြာ အခြေချတပ်စွဲထားသော အဆိုပါစခန်းကို…

ကျောက်မဲတွင် စစ်ကော်မရှင်တပ်က အရပ်သားများကို ဘုန်းကြီးကျောင်း၌ ပိတ်လှောင်ကာ ကျောကုန်း အား ဓားဖြင့်လှီး၍ ရက်စက်စွာ နှိပ်စက်

PSM(News) မတ် ၁၂ ၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်က ဒေသခံရွာသားများကို ဘုန်းကြီးကျောင်းတွင် စုပြုံ ဖမ်းဆီးကာ ကျောကုန်းကို ဓားဖြင့်လှီး၍ နှိပ်စက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က ပုံဝိုးကျေးရွာအုပ်စုအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် စစ်ကော်မရှင်၏ ခမရ-၅၀၆…

ကုလသမဂ္ဂလုံခြုံရေးကောင်စီက အီရန်၏ ဂေါ့ဖ်နိုင်ငံများအပေါ် တိုက်ခိုက်မှုများ ရပ်တန့်ရန် တောင်းဆိုသည့် ဆုံးဖြတ်ချက် အတည်ပြု

PSM (NEWS) မတ် ၁၂ ၊ ၂၀၂၆ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သည် ဗုဒ္ဓဟူးနေ့တွင် အီရန် အနေဖြင့် ဂေါ့ဖ်ဒေသရှိ နိုင်ငံများအပေါ် ပြုလုပ်နေသော တိုက်ခိုက်မှုများကို ချက်ချင်း ရပ်တန့်ရန် ဘာရိန်း ဦးဆောင်တင်သွင်းသော တောင်းဆိုသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။ ယင်းဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ရာတွင် အဖွဲ့ဝင်နိုင်ငံများအနက် ၁၃ နိုင်ငံက…

သစ္စာဖောက်များဟု စွပ်စွဲခံရသည့် အီရန်အမျိုးသမီးဘောလုံးသမားများ သြစတြေးလျရှိ လုံခြုံရေးစခန်းမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရ

PSM(NEWS) မတ် ၁၂ ၊ ၂၀၂၆ သြစတြေးလျနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံထားသည့် အီရန်အမျိုးသမီးဘောလုံးအဖွဲ့မှ ကစားသမားတစ်ဦးသည် ၎င်း၏ဆုံးဖြတ်ချက်ကို ပြောင်းလဲကာ အဖွဲ့၏နေရာကို အီရန်သံရုံးထံ ပေါက်ကြားစေခဲ့သည့်အတွက် ကျန်ရှိနေသည့် အသင်းဝင်များကို ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် ဗုဒ္ဓဟူးနေ့တွင်လုံခြုံသည့် စခန်းမှ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သြစတြေးလျအစိုးရက ပြောကြားလိုက်သည်။ အီရန် အမျိုးသမီးဘောလုံးအဖွဲ့ဝင် ခုနစ်ဦးသည် နိုင်ငံတော်သီချင်း သီဆိုရန် ငြင်းဆန်ခဲ့ခြင်းကြောင့်…

အီရန်အသင်း အမေရိကန်သို့ လာရောက်ယှဉ်ပြိုင်နိုင်ရန် အာမခံချက်ရရှိထား

PSM(NEWS) မတ် ၁၂၊ ၂၀၂၆ နှစ်နိုင်ငံကြား စစ်မီးတောက်လောင်နေသော်လည်း လာမည့်သုံးလခန့်တွင် စတင်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အီရန်လက်ရွေးစင်အသင်း အမေရိကန်ပြည်ထောင်စုသို့ လာရောက်ခွင့်ရရှိမည်ဟု မျှော်လင့်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က အင်္ဂါနေ့ညတွင် ပြောကြားလိုက်သည်။ အီရန်အသင်းသည် ဇွန်လ ၁၅ ရက်နေ့တွင် နယူးဇီလန်အသင်းနှင့် ကာလီဖိုးနီးယားပြည်နယ်၊ အင်ဂယ်ဝုဒ် မြို့၌လည်းကောင်း၊ ဇွန်လ၂၁ရက်နေ့တွင် ဘယ်လ်ဂျီယံအသင်းနှင့် လည်းကောင်း ယှဉ်ပြိုင်ကစားရန် အစီအစဉ်ရှိပြီး…

ခြောက်နှစ်ကြာတင်းမာမှုများအပြီး အိန္ဒိယက တရုတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်အချို့ ဖြေလျှော့

PSM (News) မတ် ၁၂ ၊ ၂၀၂၆ အိန္ဒိယအစိုးရသည် အင်္ဂါနေ့တွင် ကဏ္ဍအချို့အတွက် တရုတ် မှ ရင်းနှီးမြှုပ်နှံမှုများအပေါ် သတ်မှတ်ထားသည့် ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် အတည်ပြုခဲ့သည်။ ယင်းသည် ဝန်ကြီးချုပ် နရိန္ဒာ မိုဒီ အတွက် တရုတ်နှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန်နှင့် ခြောက်နှစ်ကြာ ဆက်တိုက်ဖြစ်ပွားခဲ့သော နှစ်နိုင်ငံကြား တင်းမာမှုများကို လျှော့ချရန် ရည်ရွယ်သည့်…

ဟော်မုဇ်ရေလက်ကြားအနီး ထိုင်းကုန်တင်သင်္ဘော တိုက်ခိုက်ခံရ၊ သင်္ဘောသား ၂၃ ဦးအား ကယ်ဆယ်ရေး ဆောင်ရွက်နေ

PSM(NEWS) မတ် ၁၁ ၊ ၂၀၂၆ ဟော်မုဇ်ရေလက်ကြားအနီး ပင်လယ်ပြင်တွင် ထိုင်းနိုင်ငံပိုင် ကုန်တင်သင်္ဘောတစ်စီး တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီး ထိုင်းသင်္ဘောသား ၂၃ ဦးအား ကယ်ဆယ်နိုင်ရန် အရေးပေါ် ဆောင်ရွက်နေကြောင်း ထိုင်းတော်ဝင်ရေတပ် (Royal Thai Navy) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထိုင်းရေတပ်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်အဆင့် ပရာရတ် ရတ်တနချိုင်ဖန်က ယနေ့တွင် ထုတ်ပြန်ရာ၌ ယနေ့…

ယင်းမာပင် တပ်ရင်း -၂၀ ရဲမေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုအတွက် တပ်ရင်းမှူးအပါအဝင် သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေဟု NUG ထုတ်ပြန်

PSM(News) မတ် ၁၁ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် (၂၀) တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲမေတစ်ဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းကို ယနေ့ မတ် ၁၁ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍…